ဒိုအာ ကဗူလ် ဖြစ်တဲ့ အချိန်
တစ်နှစ်မှာ ဒိုအာလက်ခံတဲ့ ရက် ၁၀ ရက်ရှိတယ်လို့ကြားဖူးပါတယ် အဲ့ဒီ ဆယ်ရက်ကို သိချင်လို့ပါ ဖြေကြားပေးစေချင်ပါတယ် မေးမြန်းတင်ပြချက်အရ ဒုအာသည် အချိန်တိုင်းမှာ တောင်းလို့ရပါသည်။ လက်ခံခြင်းလည်းခံရမည်။ အချိန်တိုင်းမှာ အလ္လာဟ်အသျှင် လက်ခံမယ်ဆိုပြီး မျှော်လင့်ချက်ထားရမည်။ တစ်ချို့သောနေရာများတွင် ပိုပြီးဒုအာလက်ခံလေ့ရှိသည်။ ဤအတိုင်းပဲ တစ်ချို့သောအချိန်ကာလတွင် ပိုပြီးဒုအာလက်ခံလေ့ရှိသည်။ ထို့အပြင် ဒုအာတောင်းသည့်အခါ ဒုအာ၏ရိုသေသမှု့များရှိပါသည်။ ထိုရိုသေသမှု့များ ပြုလုပ်ပြီး ဒုအာ တောင်းမည်ဆိုပါက ဒုအာပိုလက်ခံနိုင်သည်။ {1} ဒုအာတောင်းသည့်အခါ ထားရှိရမည့်ရိုသေ သမှု့များ (၁) ဟရာမ်အစားအသောက်စားခြင်း၊ ဝတ်ဆင်ခြင်း၊ ရှာဖွေခြင်းမှ ရှောင်ရှားခြင်း။ (၂) အိခ်လာဆ်ွဖြင့် ဒုအာတောင်းခံခြင်း (ဆိုလိုသည်မှာ နှလုံးသားထဲတွင် မိမိလိုအပ်ချက်များကို အလ္လာဟ်အသျှင်မြတ်မှလွဲ၍ မည်သူမျှ မဖြည့်ဆည်းပေးနိုင်ဘူးဟု မှတ်ယူခြင်း။) (၃) ဒုအာမတောင်းခင်အလျင်မှာ ကောင်းမှု့ တစ်ခုခုလုပ်ဆောင်ခြင်း၊ ပြီးနောက် ဒုအာတောင်းသည့်အခါ " "အိုး....