အဆုတ် ကိုအားကောင်းစေပြီး မိမိကိုယ်တိုင်လည်း လုပ်လို့ရတဲ့ သဘာဝနည်းလမ်း(၅)မျိုး
၁။ ရေနွေးငွေ့ ရှုခြင်း ============ ရေနွေးငွေ့ ရှုခြင်းသည် အဆုတ်လမ်းကြောင်းပွင့်စေပြီ အချွဲများ ပျော်စေပါတယ် အဆုတ်မကောင်းသောသူများသည် အေးသောအချိန် သို့မဟုတ် ပူသောအချိန်တွင် မိမိအဆုတ်လက္ခဏာ ပိုဆိုးတတ်ကြောင်း သတိပြုမိတတ်ပါတယ် ရာသီဥတုအပြောင်းအလဲကြောင့် အဆုတ်တွင် ချွဲဆို့တတ်ပါတယ် ရေနွေးငွေ့ကြောင့် လေကို စိုစွတ်နွေးစေပြီး ပျော်ဝင်လွယ်ပါတယ် ရေနွေးငွေ့ရှုခြင်းသည် ချွဲပိတ်ခြင်း ချက်ချင်းသက်သာကာ အသက်ရှုလို့ ပိုကောင်းပါတယ် လေပြွန်ကျဉ်းလူနာများကို လေ့လာချက်အရ ရေနွေးငွေ့ရှုနေသောသူများသည် သိသာစွာအသက်ရှုနူန်းနှင့် နှလုံးခုန်ထိန်းနိုင်ကြောင်း တွေ့ရှိရပါတယ် ၂။ အသက်ရှူ လေ့ကျင့်ခန်း ================ ပုံမှန် အသက်ရှူတာမျိုး မဟုတ်ဘဲ အသက်ကိုဝမ်းဗိုက်ထဲထိရောက်အောင် ရွူရတာပါ ရင်ဝမ်းခြားမြှေး ကြွက်သားကို ကျုံ့ဆန့်ပေးပြီး သန်မာလာစေဖို့လည်း ထောက်ကူပေးပါတယ် ဒီလေ့ကျင့်ခန်း လုပ်ဖို့ဆိုရင် အရင်ဆုံး သက်တောင့်သက်သာ ဖြစ်အောင် ပက်လက်လှဲလိုက်ပါ ပြီးရင် လက်တဖက်ကို ဝမ်းဗိုက်ပေါ်မှာ ထားပြီး တဖက်ကရင်ဘတ်ပေါ်မှာ ထားပေးပါ ဒူးခေါင်း အောက်မှာ စောင် မထူမပါးလေး ထည့်ထားပေးပါ ပြီးရင်တော့ နှာခေ...