ဟောင်းနွမ်းနေသော ရောဂါတိုင်း ပျောက်ကင်းစေရန်
ဟောင်းနွမ်းနေသော ရောဂါတိုင်း ပျောက်ကင်းစေရန် ဤ အမလ်ကို အလ္လာဟ်မဟ်ဒိုင်ရဘီ သခင်က မိမိ၏ ကျမ်းတွင် ရေးသားထားလေသည်။ တမန်တော်မြတ် ( )က အမိန့်ရှိသည်မှာ မိုးရေကို ယူ၍ (စူရာဟ် ဖာသိဟဟ်) အကြိမ် ( 70 ) အာယသုလ်ကုရ်စီ အကြိမ် ( 70 ) စူရာဟ် ( အိခ်လ္လားစ် ) အကြိမ် ( 70 ) စူရာဟ် ( ဖွာလက်) အကြိမ် ( 70 ) စူရာဟ် ( နားစ် ) အကြိမ် ( 70 ) ဖတ်၍ မန်းမှုပါ ငါ့အသက်ကို စိုးပိုင်သော အရှင် ဇာသ်၏ ကစမ် ဂျိဗ်ဗရာအီးလ် (အလိုင်း ) သည် ငါတမန်တော် ထံအမြဲ လာလေသည်။ ငါတမန်တော် အား ပြောသည်မှာ အကျင်ရောဂါသည် သည် ဤ စူရာဟ် များ မန်းမှုတ် ထားသော ရေကို ( 7 )ရက်ထိ နံနက် မျက်နှာသစ်ချိန် သောက်မည်ဆိုလျင် အလ္လာအရှင်မြတ် သည် ထိုရောဂါသည် ၏ ကိုယ်ခန္ဓာ ၌ရှိသမျှ ရောဂါ ကင်းဝေးစေ၍ ကျန်းမာရေး ချီးမြင့် တော် မူမည်။ ရောဂါ ဟူသရွေ့ ကို ၎င်း ၏ အကြောများ အသားများ အရိုးများ မှ အစိတ်အပိုင်း အားလုံးမှ ကင်းဝေး စေမည်။ ဤသည် ထူးခြားသော သီးသန့် အမလ်ဖြစ်ပေသည်။ တမန်တော်မြတ် (ဆွ) အမိန့်ရှိသည်မှာ ဖျားနာသူသည် သန့်ပြန့် ကြည်လင်သော ရေပေါ် စူရာဟ် (ဖာသိဟဟ်) အာယသုလ်ကုရ်စီ အား...