သူဌေးကြီးတစ်ယောက်သည် ဟဂ်ျပြုရန် မက္ကာဟ်မြို့ သို့ရောက်လာခဲ့တယ်
သူဌေးကြီးတစ်ယောက်သည် ဟဂ်ျပြုရန် မက္ကာဟ်မြို့ သို့ရောက်လာခဲ့တယ် သူသည်မိမိပစ္စည်းများကို မက္ကာဟ်မြို့မှ ယုံကြည်ရသူတစ်ယောက်ထံ အပ်နှံပြီး ဟဂ်ျပြုလုပ်လေသည် ဟဂ်ျကျင့်စဉ်တွေပြုလုပ်ပြီးနောက် မိမိပစ္စည်းများကိုပြန်ယူရန် လာသော် ထိုသူသည်ကွယ်လွန်သွားခဲ့ပြီဟု သိလိုက်ရသည် သူဌေးကြီးလည်း ထိုသူ၏ ဆွေမျိုးများကို မိမိအပ်နှံထားသောပစ္စည်းများ ဘယ်မှာထားခဲ့လဲ သိပါသလား ဟုမေးကြည့်သော် မည်သူမှမသိကြောင်း ပြောကြလေသည် နောက်ဆုံး မိမိအဖြစ်ပျက်ကို အာလင်မ်ပညာရှင်များကို ပြောပြလေသည် ပညာရှင်များက အချင်ချင်းတိုင်ပင်ကြပြီး အကြံတစ်ခုပေးကြသည် အသင်သည် ညတစ်ဝက်နောက်ပိုင်းမှာ ဇမ်ဇမ်ရေတွင်းမှာ သူ၏အမည်ကို အော်ခေါ်ကြည့်ပါ အကယ်၍သူသည် ဂျန္နသ်သီဖြစ်မယ်ဆိုရင် အသင်ကိုအဖြေပြန်ပေးလိမ့်မယ် သူဌေးကြီးလည်း ညတစ်ဝက်နောက်ပိုင်းရောက်တော့ ဇမ်ဇမ်ရေတွင်းမှာ ထိုသူ၏အမည်ကိုအော်ခေါ်ခဲ့သည် သို့သော် ထိုသူသည် ပြန်၍မထူးခဲ့ပါ နောက်နေ့ ပညာရှင်များက တဖန်အကြံပြုကြသည် ယမန်နိုင်ငံက ဗိုရ်ဟ်ဝသ်ရေတ...