ဆင်းရဲသားမိုအ်မင်များကိုမိတ်ဆွေဖွဲ့ထားကြပါ
ဟဒီးဆ်တော်တွင်လာရှိထားပေသည်။အသင် တို့ဆင်းရဲသားမိုအ်မင်များကိုမိတ်ဆွေဖွဲ့ထားကြ ကုန်။၎င်းတို့ကိုလည်းကောင်းကျိူ းပြု ထားကြ ကုန်။အဘယ်ကြောင့်ဆိုသော်၎င်းတို့ထံတွင် ကောင်းမြတ်သောစည်းစိမ်တော်များရှိလေ သည်။ တစ်ဦးသူကယာရစူလ်လွလ္လာဟ်ယင်းစည်းစိမ် တော်များကအဘယ်အရာပါနည်းဟုမေးလျှောက် လေ၏။ထိုအခါတမန်တော်မြတ်(ဆွ)ကမိန့် တော်မူသည်မှာကေယါမတ်နေ့တွင်အလ္လာဟ် ဟို့အရှင်မြတ်ကအိုဆင်းရဲသားမိုအ်မင်တို့့အကြင်သူသည်အသင်တို့အားမုန့်တစ်ဖဲ့ကျွေး မည်ရေတစ်ခွက်တိုက်မည် အဝတ်တစ်ထည် လှုမည် ရှိခဲ့ဘူးတော်ထိုသူ၏လက်ကိုဆွဲ၍ဂျန္နသ် သုခဘုံသို့ပို့ပေးကြကုန်လော့ဟူ၍မိန့်တော် မူမည်။ သို့ပါ၍ဆင်းရဲသားမုအ်မင်တို့အားပေးလှူခဲ့ကြ သောအကျိူ းဆဝါဗ်မှာကျွနုပ်တို့အတွက်ကောင်း မြတ်သောစည်းစိမ်များပင်ဖြစ်ပေသည်။