အရ်ရကီဗု
မိမိ၏အိမ်သူအိမ်သားအပေါ် အရ်ရကီဗို့ اَلْرَّقِيْبُ ဂုဏ်တော်ကို (၇)ကြိမ်ဖတ်ကာ မန်းမှုတ်ပါက အလ္လာဟ်အရှင်မြတ်သခင် အလိုတော်ဖြင့် ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးလွတ်မြောက်မှုရရှိသွားပါလိမ့်မည်။ ကိုယ်ဝန်ပျက်မည်ကို စိုးရိမ်ရလျှင် အရ်ရကီဗို့ اَلْرَّقِيْبُ ဂုဏ်တော်ကို (၇)ကြိမ်ဖတ်လျှင် အလ္လာဟ်အရှင်မြတ်သခင်အသနားတော်ဖြင့် ကိုယ်ဝန်မပျက်ပါ။ ခရီးထွက်မည့်အချိန် ကလေးများနှင့် ပတ်သက်၍ ပူပင်သောကဖြစ်ပါက ထိုကလေး၏ လည်ဂုတ်တွင် လက်တင်၍ ဤနာမတော်ကို (၇)ကြိမ်ဖတ်ပါက ဘေးကင်းကျန်းမာချမ်းသာစွာရှိနေပေမည်။ ဤနာမတော်ကို မတ်တပ်ရပ်ပြီး မန်းမှုတ်၍ ခရီးသွားပါက မိမိကိုယ်နှင့်တကွ ဇနီး၊ သားသမီး၊ ကလေးများ၊ ဥစ္စာပစ္စည်းနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်သခင်က စောင့်ရှောက်တော်မူပါလိမ့်မည်။ ဤဂုဏ်တော်ကို ဥစ္စာပစ္စည်းများနှင့် သားသမီးတို့၏ ပတ်ဝန်းကျင်အနီးတွင် ဖတ်ပေးလျှင် ဆုံးရှုံးခြင်းနှင့် ဘေးဥပါဒ်အန္တရာယ်များမှ ကင်းဝေးပါမည်။ ဥစ္စာပစ္စည်းများနှင့် အိမ်သူအိမ်သားများ ဘေးရန်ကင်းဝေးမည်။ ပစ္စည်းတစ်စုံတစ်ရာ ပျောက်ဆုံးခဲ့သော ထိုပစ္စည်းများ ပြန်လည်ရအောင် ဤနာမတော်ကို များစွာရွတ်ဖတ်ပါက အင်န်ရှာအလ္လာဟ် ပြန်လည်ရရှိသွားပါမည်။ والله اعلم بالصوا...