Ad Code

Assalamualikum

💚 💟﷽ 💟💚 ❤️တမန်တော်(صلی اللہ علیہ وسلم) ကိုအလွန်ချစ်သော အချစ်တော်💕အိုဝိုက်စ်ကရ်နီ💕အကြောင်း ====================================================


တမန်တော်(صلی اللہ علیہ وسلم)ကို 
အလွန်ချစ်တဲ့သူတစ်ယောက်ပါ ။
သက်သေပြ ချစ်သူ။

တမန်တော်မြတ်ကြီး(صلی اللہ علیہ وسلم)ဟာ အုဟုဒ် စစ်ပွဲမှာ သွားတော်ရှဟီးဒ် ဖြစ်တယ်ဆိုတဲ့သတင်းကို
ဟဇ်ရသ် အိုဝိုက်စ် ကရ်နီသခင်ကကြားသိရတော့ 
မိမိသွားကို ချိူးပစ်ခဲ့တယ် ။

တစ်ချောင်ချိူးပြီးစဉ်းစားတယ်။
ငါ့ချစ်သူ တမန်တော်မြတ်(صلی اللہ علیہ وسلم)
 ရှဟီးဒ်ဖြစ်တဲ့သွားဟာ
 ဒီတစ်ချောင်းမဟုတ်

 နောက်တစ်ချောင်း ဖြစ်နိုင်တယ်ဆိုပြီး 
ချိူးရင်းချိူးရင်း သွားတစ်ချောင်းမှ မကျန်ခဲ့ပါဘူး။ 

ဒါပေမဲ့ အိုဝိုက်စ် ကရ်နီ သခင်ဟာ 
တမန်တော်မြတ်(صلی اللہ علیہ وسلم)ကို
အလွန်မှ မြင်ချင်တယ်။
 တွေ့ချင်တယ်။

 တစ်ဖက်မှာ အလွန်အသက်အရွယ် အိုမင်းတဲ့ မိခင်လဲရှိနေပါတယ်။

 မိခင်ကို ခိဒ်မသ် လုပ်နေရခြင်းကြောင့် တမန်တော်(صلی اللہ علیہ وسلم)ကို
 မမြင်လိုက်ရခဲ့ဘူး ။

ဒါကြောင့်ဘဲ ဆွာဟာဗဟ်မဖြစ်ခဲ့ရဘူး ။

ဆွာဟာဗဟ်ရဲ့ အဆင့်အတန်းဟာ ဆိုရင် ပြောစရာမလိုလောက်အောင်ကို
အလွန် မြင့်မားပါတယ် ။

တနေ့ တမန်တော်(صلی اللہ علیہ وسلم) ကို
အရမ်းတွေ့ချင်လွန်းလို့ 
အမေအိုဆီ ခွင့်တောင်းခါ 
ယမန်နိုင်ငံက 
မဒီနာကို ခရီးထွက်ခဲ့ပါတယ် ။

အမေအိုက အသက်ကြီးတော့
 သားကိုပြောတယ်။

 အို အိုဝိုက်စ် သားလေး
 သားဟာ သားချစ်တဲ့
တမန်တော်မြတ်(صلی اللہ علیہ وسلم)ကိုတွေ့ပြီး အမြန်ပြန်လာခဲ့ပါ ။

အမေ့မှာသားတစ်ယောက်ထဲရှိတယ်။
ခိဒ်မသ်လုပ်ဖို့ ။

သားဖြစ်သူက
 အမေအိုကိုပြောတယ်။
 အိုအမားကြီး။

သားတမန်တော်မြတ်(صلی اللہ علیہ وسلم)ကို
 တွေ့ပြီးတာနဲ့ အမေ့ဆီပြန်လာခဲ့မယ်။

 ဒီလိုနဲ့
ဟဇ်ရသ် အိုဝိုက်စ် ကရ်နီသခင်ဟာ မဒီနာကို ရောက်တယ်။
 ဒါပေမဲ့

သူရောက်လာတဲ့ အချိန် 
တမန်တော်မြတ်ကြီး(صلی اللہ علیہ وسلم)
 မရှိရှာပါဘူး ။

ခရီးစစ်ပွဲတစ်ခုကို သွားနေတာပဲဖြစ်ပါတယ် ။

တမန်တော်မြတ်(صلی اللہ علیہ وسلم)
မရှိတော့ 

အိုဝိုက်စ်သခင်ကလဲ အကြာကြီးနေလို့မရဘူး ။
အမေအိုကြီးကလဲ ရှိနေတယ်။

ဒါနဲ့ ဟဇ်ရသ် အိုဝိုက်စ် သခင်က
 တမန်တော်မြတ်(صلی اللہ علیہ وسلم)ကို
 မတွေ့တော့ စိတ်မကောင်းဖြစ်ပြီး 
ဆွဟာဗဟ်တွေကို
 ပြောခဲ့တယ်။

 တမန်တော်မြတ်ကြီး(صلی اللہ علیہ وسلم)
လာရင် 
ကျွန်တော် အိုဝိုက်စ် လာသွားတယ်ပြောလိုက်ပါ ။တမန်တော်ကို အလွန်တွေ့ချင်ပါလျက်နဲ့ 

မိခင်အိုကို ခိဒ်မသ်လုပ်ဖို့ ဘယ်သူမှ

မရှိလို့ ပြန်သွားတဲ့အကြောင်းလဲ ပြောပေးပါ။

 နောက်
တမန်တော်မြတ်(صلی اللہ علیہ وسلم)ကို
စလာမ် ဆိုသွားတယ်ဆိုပြီးလည်းပြောပေးပါလို့
 ပြောပြီး ထွက်ခွာသွားခဲ့တယ်။

 အမေကို ခိဒ်မသ်လုပ်ရန်။

 ဆွဟာဗဟ်တွေ
 တမန်တော်မြတ်(صلی اللہ علیہ وسلم)
ပြန်လာတဲ့အချိန် 
အိုဝိုက်စ်ဆို တဲ့လူငယ် တမန်တော်ကိုတွေ့ချင်လို့လာသွားတယ်။

မိခင်အိုကို ခိဒ်မသ်လုပ်ဖို့ လူမရှိလိုပြန်သွားတယ် ။စလာမ်လဲတမန်တော်ကို ဆိုသွားပါတယ်။

 အဲတော့ တမန်တော်က ဟဇ်ရသ်
အုမ္မရ်(رضی اللہ عنہ)ကို
 ခေါ်ပြီးပြောတယ်။

 အို အုမ္မရ်
 အသင့်ခေတ် မှာလူငယ်တစ်ယောက်
လာလိမ့်မယ်။

 သူ့နာမည်က 
အိုဝိုက်စ် ဘင်န် အာမိရ်ဖြစ်တယ် ။

သူက ယမန်နိုင်ငံသားဖြစ်လိမ့်မယ်။

 သူ့မျိူ းနွယ်က မိုရာသ်
ဖြစ်လိမ့်မယ်။

 အဲ့မျိူးနွယ်ရဲ့ အကိုင်းအလက် တစ်ခုဖြစ်တဲ့ 
ကရ်န် မျိူးနွယ်ဝင် ဖြစ်လိမ့်မယ်။

 သူ့ရဲ့ကျောမှာ
 အဖြူရောင် အစက်တစ်ခု ရှိလိမ့်မယ်။

အရပ်က အနေတော်ရှိလိမ့်မယ်။
အသားက အမဲရောင်ဖြစ်လိမ့်မယ် ။

အဲ့လူငယ်လာမယ်ဆိုရင် 
အိုအွမ္မရ် အသင်ရော 
အိုအလီ အသင်ရော
ဒိုအာလုပ်ခိုင်း ။

တမန်တော်
ဒီလိုပြောတော့ 
ဆွဟာဗဟ်နှစ်ပါးလုံးအံသြသွားကြတယ်။

သူက သာဗေအီးန် ။
ငါတို့ကဆွဟာဗဟ်
 တကယ်လဲ အံသြစရာဘဲ။

တမန်တော်ပြောတဲ့ ဆွဟာဗဟ်နှစ်ပါးက 
တကယ့်ကို ဒိတ်ဒိတ် ကျဲ။

အလွန်ကျော်ကြားတဲ့ဆွဟာဗဟ် တွေ။

ဂျန္နသ်ရဲ့ သတင်းကောင်းကို
 လောကမှာတင် ရထားတဲ့ဆွဟာဗဟ်တွေ
ဖြစ်တယ်။

 တမန်တော် အမိန့် ရှိတယ် ။

အကယ်၍ ငါတမန်တော် နောက်မှာ နဗီပွင်ခဲ့မယ်ဆိုရင် အိုမ္မရ်ဖြစ်လိမ့်မယ် ။

တမန်တော် အမိန့်ရှိတယ် ။
အွမ္မရ်ကို လူသားပဲမဟုတ်ဘူး။

ရှိုင်သွာန်ပါ ကြောက်ပြီးပြေးတယ် ။
အွမ္မရ် လာတဲ့လမ်းက ရှိုင်သွာန်မလာဘူး ။

 နောက်
 ဟဇ်ရသ် အလီ(رضی اللہ عنہ)ကိုလည်း ကြည့် ။

တမန်တော် အချစ်ဆုံးသမီးဖြစ်တဲ့ 
ဂျန္နသ်ရဲ့ အမျိူးသမီးတွေရဲ့ ခေါင်းဆောင် ဟဇ်ရသ်ဖွာသွေမဟ် 
သခင်မကို နေကဟ်မှာပေးထားတယ် ။

တမန်တော်အမိန့်ရှိတယ်။

အိုအလီ
 ဂျန္နသ်မှာ ငါတမန်တော့်အိမ်ရဲ့အရှေ့မှာ 
အသင့်ရဲ့အိမ်ဖြစ်လိမ့်မယ်။

အဲလို ကြီးကျယ်တဲ့ ဆွဟာဗဟ်တွေ ကို တမန်တော်မြတ် (صلی الله علیه وسلم)က 
ဟဇ်ရသ် အိုဝိုက်စ် သခင် ဆီသွားပြီး မဂ်ဖေရသ် အတွက်ဒိုအာတောင်းခိုင်းနေတယ်။

အံသြစရာဘဲ။
 တမန်တော်မြတ်(صلی الله علیه وسلم)က
 ကျွန်တော်တို့ ကိုအမှန်တကယ်ဆို
ဒီသင်ခန်းစာပေးချင်တယ်။

 မိခင်ကို ခိဒ်မသ်လုပ်ရင် 
ဘယ်လိုအဆင့်တန်းကို ရလဲဆိုတဲ့ 
သင်ခန်းစာပေးချင်တယ်။

 ဟဇ်ရသ်အုမ္မရ် (رضی اللہ عنہ)သခင် အံသြတော့ 
တမန်တော် အမိန့်ရှိတယ် ။

အိုအုမ္မရ် 
အိုဝိုက်စ် ဟာ မိခင်ကိုခိဒ်မသ်
ဒီလောက်လုပ်လိုက်တယ်။

 အိုဝိုက်စ် လက်မြောက်ပြီး ကြိုက်တဲ့ဒိုအာလုပ် ။

အလ္လာဟ်အရှင်မြတ် မပေးဘူးဆိုတာမရှိဘူး ။

ဒါကြောင့် အိုဝိုက်စ်ကိုတွေ့ရင်
 ငါတမန်တော်ဘက်က စလာမ် ဆိုတယ်လဲပြောလိုက်ပါ။

ငါတမန်တော့် ခြုံထည်ကို လဲ
အိုဝိုက်စ်ကို လက်ဆောင် ပေးလိုက်ပါ။

ပြီးရင် အသင်တို့ နှစ်ယောက်လုံး
 မဂ်ဖေရသ် အတွက်ဒိုအာလုပ်ခိုင်းပါ။

အခု တမန်တော်လဲ ဝဖါးသ် ဖြစ်သွားပြီ။
 
ဟဇ်ရသ်အဗူဘကရ်(رضی اللہ عنہ)
ခေတ်လဲကုန်ပြီး 
အခု ဟဇ်ရသ် အွမ္မရ်(رضی اللہ عنہ)
ခေတ်ရောက်တော့
 ဟဇ်ရသ် အုမ္မရ်(رضی اللہ عنہ)က

နှစ်တိုင်း ဟဂ်ျလုပ်ရင်း လိုက်ရှာတယ်
 လိုက်မေးတယ် ။
ယမန်ကကုန်သယ်တွေလာရင်လည်းမေးတယ် ။

အသင်တို့ထဲမှာ အိုဝိုက်စ် ဆိုတဲ့
လူငယ်လေး ပါပါသလား။
 နှစ်တိုင်းလိုက်ရှာတယ်။

 နှစ်တစ်နှစ်မှာ
ဟဂ်ျလာတဲ့ ဟာဂျီအားလုံးကို စုလိုက်တယ်။

 ဟဇ်ရသ် အုမ္မရ် (رضی اللہ عنہ)အမိန့်ရှိတယ်။

 ဒီဟာဂျီတွေထဲ ယမန်ကလူ ပါရင် အားလုံးထိုင်။ 

ယမန်သားတွေဘဲ မတ်တပ်ရပ်။
 ယမန်သားတွေကို ထပ်ပြောတယ်။
 ယမန်သားတွေထဲ မိုရာသ် မျိူးနွယ်သားပါရင် မတ်တပ်ရပ် ။

ကျန်တဲ့သူအားလုံးထိုင်။

ပြီးတော့ ထပ်အမိန့်ရှိတယ် ။

မိုရာသ် မျိူးနွယ်ရဲ့အကိုင်းအလက်ဖြစ်တဲ့ 
ကရ်န် မျိူးးနွယ်ပါရင် မတ်တပ်ရပ် ။ကျန်တဲ့သူထိုင်ဆိုတော့ နောက်ဆုံး

တယောက်ဘဲ ကျန်တယ်။
  အဲ့တစ်ယောက်ကို မေးတယ်။
 ဟဇ်ရသ်အုမ္မရ်(رضی اللہ عنہ)သခင်က
 အသင်အိုဝိုက်စ်ကိုသိပါ သလား။

 အဲ့လူကပြောတယ် ဝ
သိပါတယ် ။
 ကျွန်တော့်ညီကိုဝမ်းကွဲပါ။
ထပ်မေးတယ်
 အခုပါလာ လာ း။

အဲ့သူကပြောတယ်။
 ပါလာပါတယ်။
 ထပ်မေးတယ် ။
အခုအိုဝိုက်စ်က
ဘယ်မှာလဲဆိုတော့။

 အဲ့သူကပြောတယ် ။

အရဖာသ် ဘက်ကို ထွက်သွားတယ်။
 ပါလာတဲ့ ကုလားအုပ်တွေ ကျောင်းဖို့ရန်။

 ချက်ချင်း 
ဟဇ်ရသ်အုမ္မရ်(رضی اللہ عنہ)ဟာ

 ဟဇ်ရသ်အလီ(رضی اللہ عنہ)ကို
 ခေါ်ပြီး အရဖာသ် ဘက်ကို
 အမြန်သွားတယ် ။

ဟိုရောက်တော့ လူငယ်တစ်ယောက်တွေ့တယ် ။အပင်တစ်ပင်အောက်မှာ နမာဇ်ဖတ်နေတယ် ။

ကုလားအုပ်တွေ ဟာ အစားစားနေတယ်။
 ဟဇ်ရသ် အုမ္မရ်(رضی اللہ عنہ)
နဲ့ ဟဇ်ရသ် အလီ(رضی اللہ عنہ)
 သခင်နှစ်ယောက်လုံးထိုင်လိုက်တယ် ။

ဟဇ်ရသ် အိုဝိုက်စ်က
 ဧည့်သည် ရောက်နေတာ သိတော့
နမာဇ်ကို အမြန်ဖတ်ပြီး စလာမ်လှည့်လိုက်တယ် ။

ဟဇ်ရသ် အုမ္မရ်(رضی اللہ عنہ)မေးတယ် ။

အသင့်နာမည် ဘယ်ခေါ်သလဲ။
 ဟဇ်ရသ် အိုဝိုက်စ် ကရ်နီသခင်က ပြောတယ် ။

အလ္လာဟ့် ကျေးကျွန်တစ်ယောက်ပါ။

ဟဇ်ရသ် အုမ္မရ်(رضی اللہ عنہ)က 

ထပ်မေးတယ်။
 အသင့်အမေက အသင့်ကို 
ဘယ်နာမည် ထားထားလဲ ။

အဲ့နာမည် ဘာလဲမေးတော့ 
ဟဇ်ရသ် အိုဝိုက်စ်က ပြောတယ်။

အသင်တို့က ဒီလောက်မေးနေ အသင်တို့ကကောဘယ်သူတွေလဲ။

အဲတော့ ဟဇ်ရသ် အလီ(رضی اللہ عنہ)က 
အမိန့်ရှိတယ် ။

ဒါက အမီးရ်ရွလ်မိုအ်မီးနီးန်

အုမ္မရ် ဘင်န် ခသ်သွာဗ်(رضی اللہ عنہ)ဖြစ်တယ်။

 ကျွန်တော်တော့ အလီ ဘင်န် အဗီသွာလိဗ်ဖြစ်တယ် ။

အဲ့လိုပြောပြောချင်း လန့်သွားတယ်။

 ချက်ချင်တောင်းပန်တယ်။
 ပြီးတော့ မေးတယ် ။
ဘာက်ိစ္စ ရှိပါသလဲ။

ဟဇ်ရသ် အုမ္မရ်(رضی اللہ عنہ)က
အမိန့်ရှိတယ်။

 အသင့်ကို 
တမန်တော်မြတ်(صلی اللہ علیہ وسلم)က
 အသင်လာရင်စလာမ်
ဆိုတယ်ပြောခိုင်းတယ်။

 ပြီးတော့
 ဒြီံခုံထည် ဝတ်ရုံကို လက်ဆောင်ပေးခိုင်းတယ်။

 နောက်ပြီး ကျွန်တော်တို့ အတွက်
 မဂ်ဖေရသ်ရဲ့ ဒိုအာကို
တောင်းခိုင်ဖို့ပြောခဲ့တယ် ။

အို အိုဝိုက်စ် ဒိုအာလုပ်ပေးပါ ။

ဟဇ်ရသ် အိုဝိုက်စ်ကပြောတယ်။

 ကျွန်တော့်လိုဘာမှမဟုတ်တဲ့ သူက
 အသင်တို့လို
သူကို ဒိုအာလုပ်ပေးရမယ် ။

အဲလိုပြောတော့ 
ဟဇ်ရသ်အုမ္မရ်(رضی اللہ عنہ)ကပြောတယ်။

အေး ဒါက ငါတို့ ကို
တမန်တော်မြတ်(صلی اللہ علیہ وسلم)
ပြောခဲ့တယ်

 အိုဝိုက်စ် လာရင်ဒိုအာလုပ်ခိုင်း။

 အိုဝိုက်စ်က မိခင် ခိဒ်မသ်ကြောင့်
 သူဒိုအာလုပ်တာနဲ့ ချက်ချင်း
အလ္လာဟ်လက်ခံတော်မူတယ်။
 ကြည့်ပါ။
 မိခင်ရဲ့ ခိဒ်မသ်ရဲ့ ဗရ်ကသ်ဟာ ဘယ်လောက်ရှိလဲဆိုတာ။

ကျွန်တော်တို့ နောက်လာမဲ့သူတွေ သိအောင်ပြချင်တယ် ။

ဒီခေတ်မှာ မိခင် ကို ဘယ်လိုစွန့်ပစ်ထားလဲ အများကြီးလူတွေ တွေ့ရမယ်။
 
အသင့်မှာ မိခင်ရှိရင်ခိဒ်မသ်လုပ်။
 အသင့့် အတွက် ဂျန္နသ်ပဲ ။
တမန်တော်မြတ်(صلی اللہ علیہ وسلم)
အမိန့် ရှိတယ်။

 မိခင်ရဲ့ ခြေဖဝါးအောက်မှာ ဂျန္နသ်ရှိတယ်။

တမန်တော်မြတ်(صلی اللہ علیہ وسلم)
 အမိန့်ရှိတယ်။
 ကေယာမသ်နေ့မှာ စာရင်း စစ်ဆေးပြီး

ဂျန္နသ်သွားရမဲ့သူထဲမှာ
 အိုဝိုက်စ်လဲပါလိမ့်မယ်။
 အလ္လာဟ်အရှင်မြတ်က အမိန့်ရှိမယ်။

 ဂျန္နသီတွေ အားလုံး ဂျန္နသ်ထဲသွား 
အိုဝိုက်စ်တစ်ယောက်နေခဲ့ ။

ဟဇ်ရသ် အိုဝိုက်စ်သခင် လန့်သွားမယ်။
 အားလုံးဂျန္နသ်ထဲဝင်ပြီး ဘာလိ့ု 
ငါ့တစ်ယောက်ထဲကို ရပ်ခိုင်းထားလဲဆိုပြီး။

အဲ့ချိန် အလ္လာဟ် အသျှင်မြတ် အမိန့်ရှိမယ်။
 အို အိုဝိုက်စ် အသင့်အရှေ့မှာ
 ဂျဟန္နမီတွေ မတ်တပ်ရပ်နေတယ် ။

အသင်ကြိုက်တဲ့သူလက်ညိုးထိုး။
အသင့်လက်ညှိးဘယ်သူအပေါ်ရောက် လဲ။

 အဲဒီဂ္ဟႏၷမီ အားလုံး
အသင့်အကြောင်းခံပြီး
 ငါအလ္လာဟ် လွတ်ငြ်ိမ်းချမ်းသာခွင့်ပေးမယ်။

ကြည့်ပါ။
 ဒီလိုအဆင်တန်း ဘာလိ့ုရလဲ။
 မိခင်ကို ခိဒ်မသ် လုပ်လို့ရခဲ့တယ်။
 ကျွန်တော်တို့လဲ မိမိရဲ့ မိခင်ကို
 ခိဒ်မသ်လုပ်မယ်ဆို
အလ္လာဟ် ဘယ်အဆင့်တန်းကိုပေးမလဲ ။

အဲ့အတွက်ကြောင့် ကျွန်တော်တို့အားလုံး
 မိခင်ကို ခိသ်မသ်လုပ်တဲ့ 

သားသမီးဖြစ်ပြီး မိခင်ခြေဖဝါးအောက်က 
ဂျန္နသ်ကို ရယူနိုင်တဲ့
 သားသမီး အဖြစ် အလ္လာဟ်ရှင်လက်ခံတော်မူပါ  
     အာမီးန်

                  
အစ္စလာမ့်စာအုပ်သမိုင်းပြတိုက် မှ ကူးယူတင်ပြသည်။ 

       💟မူရင်းရေးသားသူကိုအလ္လာဟ်အရှင်💟
       ❤️ကောင်းသော အစားပေးပါစေ❤️
                    💟အာမီးန်💟

Post a Comment

0 Comments

Close Menu