တမန်တော်မြတ်(ဆွ) ရဲ့ ဓလေ့တော်
ဖြစ်ပါတယ်။ အိမ်အဝင်အထွက်တွင်
စလာမ်ဆိုသောဓလေ့ ပြုလုပ်ပါ။
တမန်တော်မြတ်(ဆွ) က အိမ်သို့
ဝင်တဲ့အခါ စလာမ်ဆိုပါ၊ ငါကိုယ်တော်ကို
ဒရူးဒ်စလာမ် ပို့ပါ၊ စူရာဟ်(အိခ်လာစ်)
ဖတ်ပါ ထိုသူထံ သို ရိုဇီ ရိက္ခာများဟာ
အိမ်တံခါးကို ချူ ိးဖျက် ဝင်ရောက်
လာမည်ဟု မိန့်တော်မူထားပါတယ်။
မိမိ စလာမ်ဆိုသော ဓလေ့ကြောင့်
မိမိရင်သွေးများသည်လည်း စလာမ်ဆို၍
ဝင်ထွက်သော အကျင့် ဖြစ်သွားမှာပဲ
ဖြစ်ပါတယ်။
2- နမာဇ် ဖတ်ပါ။
အမျူ ိးသားများက ဗလီသို့ သွားရောက်၍
ဝတ်ပြုရမှာဖြစ်ပြီး အိမ်ရှင်မ များက မိမိ၏
အိမ်မှာ ဝတ်ပြုရမှာဖြစ်ပါတယ်။ နမာဇ်
ဝတ်ပြုရန် အိမ်မှာ သီးသန့်သော နေရာ
တစ်ခုကို သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။
မိမိနမာဇ် ဝတ်ပြုသောအခါ မိမိ၏ရင်သွေး
များကိုလည်း ပါဝင် ဝတ်ပြုစေပါလေ။
နမာဇ် ဝတ်ပြုတတ်သွားမှာ ဖြစ်သလို
နမာဇ် ရဲ့ အရေးကြီးပုံလဲ နားလည်
သဘောပေါက်သွားမှာ ဖြစ်ပါတယ်။
3- ကျမ်းမြတ်ကုရ်အာန် ဖတ်ပါ။
တစ်နေ့တာ မှ အချိန် အနည်းငယ်ယူပြီး
အိမ်မှာကျမ်းမြတ်ကုရ်အာန် ဖတ်သော
အလေ့အထပြုလုပ်ပါ။ မိမိနှင့်အတူ
ရင်သွေးငယ်များကိုလည်း ပါဝင်၍
ရွတ်ဖတ်စေပါလေ။ ထို သို့သော
အလေ့အထ ကြောင့် မိမိရင်သွေးများ
နေ့စဉ် ကျမ်းမြတ်ကုရ်အာန် ကို ဖတ်ရွတ်
လာကြမှာပဲ ဖြစ်ပါတယ်။
4- အိမ်သာလင်မ် ပြုလုပ်ပါ။
မိသားစုရဲ့ စုစည်းရာ ဖြစ်စေသလို
သာလင်မ် ထဲမှ အလ္လာအရှင်ရဲ့ အမိန့်များ
တမန်တော်(ဆွ) လမ်းညွှန်ချက်များ
ဆွဟာဗာဟ်များရဲ့ သာသနာအပေါ်
ကြိူးပမ်းမှု့များကို မိမိရင်သွေးများလည်း
သိရှိ နားလည် သဘောပေါက်လာမှာ
ဖြစ်ပါတယ်။
5- မိသားစု လက်ဆုံ စားသောက်ပါ။
မိသားစု ထဲမှာ ချစ်ခင်မှု့တိုးပွားစေပြီး
အစားအသောက်စည်းကမ်းများ နဲ့
ဒိုအာများကို မိမိရင်သွေးများကို သင်ပေးပါ
ထိုသို့ စားသောက်ခြင်းဖြင့် အရှင်မြတ်၏
ထံတော်မှ ဘရ်ကသ် မင်္ဂလာများလည်း
ရရှိစေပါတယ်။
6- သန့်ရှင်မှု့နဲ့ပတ်သက်ပြီးဂရုစိုက်ပါ။
သန့်ရှင်မှု့သည် အီမာန်ရဲ့ တဝက် ဖြစ်လို့
အရာရာတိုင်းမှာ သန့်ရှင်းမှု့အား
အထူးဂရုစိုက်ပါလေ။ မိမိကိုယ်မသန့်သော
အနေဖြင့် ရှိနေရင် ရေချူ ိးပြီးမှ ချက်ပြုတ်ပါ
ရေချူ ိးရန် အစဉ်မပြေပါက ဝူဇူ လုပ်ပြီးမှ
ချက်ပြုတ်ပါ။ မိမိ ရဲ့ သန့်ရှင်းမှု့နဲ့
ချက်ပြုတ်သော အစားအသောက်ကို
စားသော အိမ်သားများ နဲ့ ရင်သွေးများရဲ့
အတွင်းစိတ်မှ အမလ် ကောင်းမှု့များ
ပြုလုပ်လိုစိတ်များ ဖြစ်ပေါ်လာမှာ ပဲ
ဖြစ်ပါတယ်။
7- စည်းကမ်းသတ်မှတ်ပါ။
နမာဇ်ဖတ်ချိန် ၊ ကုရ်အာန်ဖတ်ချိန် ၊
အိပ်ယာဝင်ချိန် ၊ အိပ်ယာထချိန် မှ အစ
အရာရာကို စည်းကမ်းတကျ သတ်မှတ်ပါ။
ထိုစည်းကမ်းကို မိမိ ကိုယ်တိုင်လည်း
လိုက်နာပြီး မိမိရင်သွေးများကိုလည်း
လိုက်နာစေပါ။သို့မှသာ မိမိရင်သွေးများ
လမ်းမှား ရောက်ခြင်းမှ ကာကွယ်ပြီးသာ
ဖြစ်ပါလိမ့်မယ်။
8- အဝတ်အစား အပြင်အဆင် ဂရုစိုက်ပါ။
တရားတော်နှင့်ဆန့်ကျင်သော အဝတ်
အစားများ ပြင်ဆင်ခြင်းများကို တတ်နိုင်
သမျှ ရှောင်ကြဉ်ပါ။ သမီးမိန်းကလေးများကို အထူးသဖြင့် သာပို၍ ဂရုစိုက်ပါ။
ခေတ်ရေစီးကြောင်းက မကောင်းရာ
ဘက်သို့ အမြဲ စွဲဆောင်နေမှာ ဖြစ်သလို
မိမိတို့ မိသားစု အတွင်း အရှက်ရစေမည့်
အဖြစ်များ ရှိလာနိုင်သောကြောင့်
အထူး ဂရုစိုက်ပြီး ရှရီအသ် ရဲ့ ဆိုဆုံးမမှု့
များကို သွန်သင်ပါ။
9- သောင်ဗာ နှင့် ကြောက်စိတ် ဖန်တီးပါ။
လူသားတိုင်းအပြစ်နဲ့ မကင်းကြ၍
အလ္လာအရှင်မြတ်ဟာ မေ့မှားပြီး
လုပ်မိသော ဂိုဟ်နာများအတွက်
သောင်ဗာ လုပ်ဖို့ လူတိုင်းအား
အခွင့်အရေးပေးထားတာမို့ မိမိကိုယ်တိုင်
သောင်ဗာ နဲ့ အမြဲနေပြီး မိမိရဲ့ ရင်သွေး
များကိုလည်း မကောင်းမှု့ပြူလုပ်ပါက
ရလာမည့် အပြစ်ဒဏ် အကြောင်း
ပြောကြားစေပြီး သောင်ဗာ ကို လုပ်စေပါ
အရှင်မြတ်အား ကြောက်ရွံစိတ်ရှိလာရန်
အမြဲဂရုတစိုက်နဲ့ လမ်းပြ သွန်သင်ပေးပါ။
10- ည အိပ်ရာဝင်ချိန် ဖတ်ရွတ်သော
အလေ့အထ ပြုလုပ်ပေးပါ။
မိမိကိုယ်တိုင် လည်း ဖတ်ရွတ်ပြီး မိမိ၏
ရင်သွေးများကိုလည်း ဖတ်ရွတ်ပြီမှ
အိပ်စေသော အကျင့်ကို ပြုလုပ်ပေးပါ။
ထို အလေ့အကျင့်ကြောင့် အရှင်မြတ်၏
ကာကွယ်စောင့်ရှောက်မှု့များ ရရှိမှာဖြစ်ပြီး
ရှိုင်သွာန်ရဲ့ နှောက်ယှက် ခြင်းမှလည်း
အလ္လာအရှင် ထိန်းသိမ်းတော် မူမှာပဲ
ဖြစ်ပါတယ်။
11- အိမ်သားများကို ပြုံးရွှင်စွာဖြင့်
ဆက်ဆံပါ။
ဖေါ်ရွေ ပြုံးရွင်မှု့နဲ့ပြောဆိုပါ။
ထိုသို့ ပြောဆိုခြင်းအပေါ် မိသားစု၏
ချစ်ခင်မှု့များတိုးပွားလာစေပြီး
အရှင်မြတ်ဘက်တော်မှ လည်း
ငြိမ်ချမ်းသာယာခြင်းအပေါင်း ကျရောက်
လာမှာပဲ ဖြစ်ပါတယ်။ မိမိရင်သွေးများရဲ့
ချစ်ခင် ယုံကြည် အားကိုးသော စိတ်များ
ဖြစ်ပေါ်လာစေပြီး နွေးထွေးပြီး ပျော်စရာ
မိသားစု ဘဝကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။
နောက်ထပ်သော အလေ့အကျင့်
ကောင်းများ ကျန်ပါသေးတယ်။
မိမိ နိုင်တဲ့ ဘက်မှ မိမိ ကိုယ်တိုင် နှင့်
မိမိရဲ့ မိသားစုဝင် များကို အလ္လာအရှင်ရဲ့
နှစ်သက်သော အလုပ်များ ပြုလုပ်
စေခြင်းဖြင့် အိမ်၏ ဘရ်ကသ်ကို
တိုးပွာလာစေမှာပဲ ဖြစ်ပါတယ်။
လက်တွေ့ လိုက်နာ ကျင့်သုံးနိုင်စွမ်း
အီမာန်ရှင်တိုင်းအား အလ္လာအရှင်
ချီးမြှင့် ပေးသနာတော် မူပါစေသား။
*** Aameen ***
#crd
0 Comments