Ad Code

Assalamualikum

*↶❖ ﷽ ❖↷* ❝ ကာရူးန် မြေမြိုပျက်စီးခဲ့ရတဲ့ အကြောင်းရင်း ❞ ➤ ➤➤ ➤ ➤➤ ➤ ➤➤ ➤ ➤➤ ➤ ➤➤

ကာရူးန်ဟာ တမန်တော်မူစာ(အလိုင်း)ရဲ့ ဖခင်
ဘက်မှ တော်စပ်တဲ့ ဦးလေး၏သား ဖြစ်ပြီး
ကာရူးန်ဗင်န် ယာစ်ွဟာရ်ဗင်န် ကာဟီးစ်ဖြစ်ပေသည်။
ကာရူးန်ဟာ အသံပါရမီကောင်းသူ တစ်ဦးဖြစ်ပြီး
ရုပ်ရည်အားဖြင့်လည်း အဆင်းလှသောကြောင့် ဗနီအစ္စရာအီးလ်တို့က သူ့ကို မိုနောင်ဝ်ဝါရ် “လင်းဝင်းတောက်ပသူ” ဟု၍ပင် တင်စားခေါ်ဝေါ်ကြ၏။
သောင်ဝ်ရားသ်ကျမ်းအား တမန်တော်မူစာ(အလိုင်း)
နှင့် တမန်တော်ဟာရူးန်(အလိုင်း)ကလွှဲပြီး ကျန်ရှိလူ
အားလုံးတို့တွင် နားလည်တတ်ကျွမ်းဆုံးသော ပညာရှင်တဦးလည်းဖြစ်တယ်။
အေဗာဒသ် တရားကျင့်ကြံတို့၌ မွေ့လျှော်သူတစ်ဦးလည်း ဖြစ်တယ်။
တစ်ကြိမ်သော် ကာရူးန်သည် ရက်ပေါင်း ၄၀ တိတိ
တောင်တစ်လုံးရဲ့ လှိုင်ဂူတစ်ခုတွင် တရားအားထုပ်
၍နေတယ်။
အီဗ်လီးစ်က ကာရူးန်အား လမ်းမှားရောက်စေရန်
အတွက် ရှိုင်သွာန် တစ်ဦးပြီးတစ်ဦး စေလွှတ်ခဲ့တယ်
ရှိုင်သွာန်တို့၏ နှောက်ယှက်ဖျက်မှုများ မအောင်မြင်ခဲ့။
နောက်ဆုံး အီဗ်လီးစ် ကိုယ်တိုင်လာရောက်ကာ ဖျက်စီးတော့တယ်။ ကာရူးန်နှင့် မလှမ်းမကမ်း ထောင့်တနေရာတွင် အေဗာဒသ်လုပ်နေပြတယ်။
အိဗာဒသ် ကောင်းမှု့ကျင့်ကြံရာတွင် ကာရူးန်သည်
ရှိုင်သွာန်အား ယှဉ်ပြိုင်နိုင်ခြင်းမရှိ။ရှိုင်သွာန်က နေ့စဉ်ရက်ဆက် မစားမသောက်ပဲ
ရိုဇဟ်ထားကာ တရားအားထုပ်၍နေတယ်။
နောက်ဆုံး ကာရူးန်ဟာ ရှိုင်သွာန်ရဲ့အရှေ့ ဒူးထောက်ရောက်ရှိလာတော့တယ်။ ရှိုင်သွာန်က ကျွန်ုပ်သည်မည်သူတစ်ဦးတစ်ယောက်ကိုမှ
နှောက်ယှက်ဖျက်စီးလိုစိတ် မရှိတော့ပါ။
အလ္လာဟ်နဲ့ ဗန္ဒာဟ်ကြား ဆက်သွယ်မှုများကိုလည်း မဖြတ်တောက်လိုသောကြောင့် ခုလိုအေဗာဒသ် ပြုလုပ်နေရခြင်းဖြစ်ကြောင်း လှည့်ဖျားပြောဆိုတယ်။
ကာရူးန်ဟာ အီဗ်လီးစ် အပေါ်ယုံကြည့်ခဲ့တယ်။ဒီနောက်မှာတော့ အီးဗ်လီးစ်က ကာရူးန်ကို တစတစ ဖျက်စီးတော့တယ်။ တပတ်မှာ တစ်ရက်အလုပ်လုပ်ပြီး
ခြောက်ရက်ကို အေဗာဒသ်လုပ်ဖို့ နားချရာကနေစတင်
ဖျက်စီးမှုစတင်ခဲ့တယ်။
ကာရူးန်ဟာ အီဗ်လီးစ်ရဲ့စကားကို နာခံပြီး တစ်ပတ်မှာတစ်ရက် တောင်အောက်ဆင်းပြီး အလုပ်လုပ်တယ်။ ၆ ရက်ကို အီဗ်လီးစ်နဲ့အတူ အေဗာဒသ်လုပ်တယ်။
ဒီနောက်မှာတော့ အီဗ်လီးစ်က ခန္ဒာကိုယ်အားဖြင့်
အေဗာဒသ်လုပ်သလို ဥစ္စာပစ္စည်းဖြင့်လည်း အလ္လာဟ်အတွက် စွန့်လှုခြင်းဖြင့် ကောင်းမှုပြုနိုင်ဖို့ ရောင်းဝယ် ဖောက်ကားမှုဘက်ကို တိုက်တွန်းတယ်။တစ်ပတ်လျှင် တစ်ရက် အရှင့်အေဗာဒသ်ပြုလုပ်ပြီး ကျန် ၆ ရက်ကို အရောင်းအဝယ် လုပ်ငန်းများလုပ်
ဆောင်ဖို့ပြောတော့ ကာရူးန်ဟာ လက်ခံလိုက်တယ်။
ကာရူးန်ဟာ ကုန်ရောင်းကုန်ဝယ်လုပ်ရင်း လောကီစည်းစိမ်များဟာ သူ့အရှေ့ရောက်လာ ချိန်မှာတော့ အီဗ်လီးစ်ဟာ ကာရူးန်ထံကနေ
ထွက်ခွာသွားလိုက်တယ်။
ကာရွန်ဟာ အလွန် ကြွယ်ဝချမ်းသာသူ တစ်ဦး
ဖြစ်လာခဲ့တယ်။ သူလောက်ချမ်းသာကြွယ်ဝမည့်သူ
ကေယာမသ်တိုင် ပေါ်ထွန်းလိမ့်မည်မဟုတ်။
၎င်း၏ ဘဏ္ဍာတိုက်တိုက်ရဲ့ သော့များကို မယူသယ်ဆောင်ဖို့အတွက် အားကောင်းမောင်းသန်အမျိုးသား အုပ်စုတစ်စုကိုပင် တာဝန်ပေး
သတ်မှတ်ထးရတယ်။ ရွှေ၊ငွေ၊ကျောက်သံပတ္တားမြားနှင့်
အစရှိသည့် ဘဏ္ဍာတိုက်များစွာပိုင်ဆိုင်သူဖြစ်တယ်။
ကာရူးန်ဟာ ကြွယ်ဝချမ်းသာခြင်းကြောင့် မာန်မာနတက်ပြီး တမန်တော်မူစာ(အလိုင်း)ကိုပါ ယှဉ်ပြိုင်'ရန်လို မှုများဖြစ်လာတယ်။
ဇကားသ် ရဲ့ အမိန့် ကျရောက်လာခဲ့တဲ့ တမန်တော်
မူစာ(အလိုင်း) က အလ္လာဟ်အရှင်မြတ်ဘက်တော်မှ
မိမိပိုင်ဆိုင်တဲ့ ဥစ္စပစ္စည်းများမှ ဇကားသ် ကျသင့်ငွေကြေးများကို ပေးဆောင်ကြရန်တင်ပြခဲ့တယ်။
ကာရူးန်ဟာ သူ့ပိုင်ပစ္စည်းများ ရည်တွက်တဲ့အခါ
ဇကားသ်ထုပ်ရန် ငွေအမောက်များပြားနေခြင်းကြောင့်
လောဘရမ္မက်မီးများ တောက်လောင်ပြီး စေးနဲတွန့်တိုမှုတွေဖြစ်ပေါ်လာကာ ဇကားသ်ပေးဆောင်ရန် ငြင်းဆန်တဲ့အပြင်
တမန်တော်မူစာ(အလိုင်း)အား ဂုဏ်သိက္ခာကျဆင်းပြီး ဗနီအစ္စရာအီးလ်တို့ ကြည်ညို လေးစားမှု မရှိ
တော့အောင် မဟုတ်မမှန် စွပ်စွဲရန်စတင်မှုပြုတော့သည်။
တနေ့တွင် တမန်တော်မူစာ(အလိုင်း) တရားဟော
နေစဉ် မည်သည့်အမျိုးသမီးနှင့် မကောင်းတဲ့
ဇေနာကာမဂုဏ်ကျူးလွန်ခဲ့ပါသည်ဟု စွပ်စွဲသမုတ်တော့
တမန်တော့မူစာ(အလိုင်း)က ယင်းအမျိုးသမီးအား
မိမိရှေ့ဆောင်လာဖို့ အမိန့်ရှိတယ်။
ထိုအမျိုးသမီးက တမန်တော်မူစာ(အလိုင်း)ရဲ့ရှေ့တော်မှောက်သို့ ရောက်တဲ့အခါ တမန်တော်မူစာ(အလိုင်း)က ထိုအမျိုးသမီးအား အမိန့်ရှိသည်မှာ... ..
အလ္လာဟ်အရှင်၏ကစမ်! အကြင်အရှင်မြတ်ဟာ
ဗနီအစ္စရာအီးလ်တို့အတွက် မြစ်ကိုနှစ်ခြမ်းခွဲပြီး
လမ်းပြုလုပ်ပေးခဲ့တယ်။ ဗနီအစ္စရာအီးလ်တို့ ငြိမ်းချမ်းမှုရရှိခဲ့တယ်။ အသင်မ အမှန်တရားကိုပြောပါဟု မိန့်တော့ ၎င်းအမျိုးသမီးက လူပုံအလယ်၌ လျှောက်ထားတင်ပြတယ်။
အိုးအလ္လာဟ်ရဲ့နဗီ! ကျွန်တော်မျိုးမကို ကာရူးန်ဟာ
အလွန်များပြားတဲ့ ဥစ္စာပစ္စည်းများပေး၍ ခိုင်းစေခဲ့ကြောင်း တင်ပြလိုက်တယ်။ တမန်တော်မူစာ (အလိုင်း) ဟာအလ္လဟ်အရှင်မြတ်ကို ကျေးဇူးတင်ရှိသောအားဖြင့် ထိုနေရာ၌ပင် စဂျဒဟ် ဦးချရင်း
အိုးအရှင်! အရှင်မြတ်၏ အမျက်တော် ကာရူးန်အပေါ်သို့ ကျရောက်တော်မူပါဟု ဒုအာပြုတော်မူလိုက်တယ်။ ပြီးနောက် တမန်တော်မူစာ(အလိုင်း)က မိန့်တော်မူတယ်။ ကာရူးန်နဲ့ မိတ်ဆွေဖြစ်သူတွေ ကျွန်ုပ်ရဲ့ထံပါးတွင်ရှိနေပါက ကျွန်ုပ်နဲ့ လမ်းခွဲလိုက်ပါ။
ထိုအချိန်တွင် ကာရွန်ဟာ အလွန်တန်ဘိုးရှိတဲ့
ဝတ်ရုံကိုဝတ်ဆင်၍ တန်ဘိုးရှိပစ္စည်းများဖြင့်
ချယ်သထားတဲ့ အစီးအနှင်းနှင့်အတူ အခြွေအရံများဖြင့် အိမ်မှမာန်မာနအပြည့်ဖြင့်
မော်ကြွားကာ ထွက်လာခဲ့တယ်။ လူတိုင်းက ငေးမော
မှင်သက်စွာ ကြည့်ရှုလို့နေကြတယ်
ထိုစဉ် တစ်နေရာတွင် တမန်တော်မူစာ(အလိုင်း)က
ဗနီအစ္စရာအီးလ်တို့အား တရားရေးအေး တိုက်ကျွေး၍နေတယ်။ ကာရွန်က ထိုနေရာအနီးသို့ ရောက်ရှိတဲ့အခါ ဗနီအစ္စရာအီးလ်တို့ရဲ့ အကြည့်တွေ အားလုံးဟာ ကာရူးန်ဘက်ကို ရောက်ကုန်ကြတယ်။
တမန်တော်မူစာ(အလိုင်း)က အသင်ယ္ခုကဲ့သို့
အဘယ့်ကြောင့် ထွက်လာခဲ့ရပါသလဲဟုမေးတော့
ကာရူးန်က မာနထောင်လွှာစွာနဲ့ဖြေတယ်။
ဒါတွေဟာ အလ္လာဟ်ရဲ့ဖဇွာလ် ကျေးဇူးတော်တွေပဲ
ဖြစ်တယ်။ အသင့်ကို အလ္လာဟ်အရှင်က နဗီဖြစ်ခြင်းရဲ့ ဘွဲ့ကို ချီးမြှင့်ထားတယ်။ ကျွန်ုပ်ကို ဥစ္စာပစ္စည်းနဲ့ ဂုဏ်သိက္ခာကို ချီးမြှင့်ထားတယ်။
အကယ်၍ အသင့်အနေနဲ့ ကျွန်ုပ်နဲ့ပတ်သက်ပြီး
တစ်စုံတစ်ရာ သံသရဖြစ်မယ်ဆိုရင် အသင်နှင့်
ကျွန်ုပ်အလ္လာဟ်ထံတော်ပါးမှာ ဒုအာဆုမွန်ပြုကြရအောင် ဘယ်သူ့ရဲ့ ဒိုအာကို အရှင်မြတ်က ကဗူလ်ပြုလက်ခံမည်ကို လက်တွေ့ပြုလုပ်ကြရအောင် ဟုပြောတော့တမန်တော်မူစာ(အလိုင်း)က လက်ခံလိုက်တယ်။
တမန်တော်မူစာ(အလိုင်း)က အသင်အရင် ဒုအာ
ပြုမလား ကျွန်ုပ်အရင် ဒိုအာပြုရလားမေးတော့
ကာရူးန်က ကျွန်ုပ်အရင် ဒုအာပြုလုပ်မည်ဟု
ပြောတယ်။ ကာရူးန်ဟာ ဒုအာတောင်းခံခဲ့ပေမယ့်
သူ့ရဲ့ဒုအာကို အလ္လာဟ်အရှင်မြတ်က
လက်ခံတော်မမူခဲ့ပေ။ ပြီးနောက် တမန်တော်မူစာ
(အလိုင်း)က ဒုအာပြူတော်မူတယ်။
ဒုအာတွင်
အိုး.... အလ္လာဟ် ကျွန်တော်မျိုး မြေကြီးကို
အမိန့်ပေးသောအခါ ကျွန်တော်မျိုးရဲ့အမိန့်နာခံမှုများ
ချီးမြှင့်ပေးတော်မူပါဟု တောင်းဆိုတော့ အလ္လာဟ်
အရှင်မြတ်ဘက်တော်မှ လက်ခံကဗူလ်ပြုကာ
ဝဟီကျရောက်လာခဲ့တယ်။ မြေကြီးဟာ အသင့်ရဲ့
အမိန့်ကို နာခံပါလိမ့်မည်။
တမန်တော်မူစာ(အလိုင်း)က ဝဟီတော်ကိုကြားနာ
ပြီးသည်နှင့် မြေကြီးကို အမိန့်ပေးလေသည်။
အိုး... မြေကြီး ကာရူးန်နဲ့အတူ သူရဲ့အပေါင်းအပါများကို
ဖမ်းဆီးထားလိုက်ပါ။ ထိုအခါ မြေကြီးက ၎င်းတို့ရဲ့
ခြေမျက်စေ့အထိ မြိုချလိုက်လေသည်။
ပြီးနောက် ဒူးမှရင်ဘတ်အထိ ပြီးနောက် ကာရူးန်နှင့်
အပေါင်းအပါအားလုံးကို မြေမြိုလိုက်ပေသည်။
ထို့နောက် တမန်တော်မူစာ(အလိုင်း)က ကာရူးန်ရဲ့
ဥစ္စာပစ္စည်းအားလုံးကို ဤနေရာသို့ ယူဆောင်လာဖို့
မြေကြီးကို အမိန်ပေးတော့ မြေကြီးက ရွေးလျား
ယူဆောင်လာခဲ့တယ်။
ကာရူးန် ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းအားလုံးကိုလည်း
မြေကြီးအား မြေမြိုလိုက်ဖို့ အမိန့်ပေးတော့
မြေကြီးက မြိုချလိုက်လေသည်။
📚သာ့ဖ်စီရိစွာဝီ+ခိုင်ရုလ်မုဝါနီးစ်📘
📚သာရီးခ်အိဗ်နိခါလ်ကားန် 📘
📚ကစွစုလ်အမ်ဗိယားအ်📘
အိုးအရှင်မြတ်... အီမာန်ရှင်မောင်နှမအားလုံးကို
ကာရူးန်ကဲ့သို့ အဖြစ်ဆိုးမှ ထိန်းသိမ်းတော်မူပါ။
_____________
အစဉ်လေးစားလျှက်
အာလေမဟ် သာ့စ်နီးမ် ကောင်ဝ်စရ်ဘီ
✍..ခင် ဖြူဝင်း

Post a Comment

0 Comments

Close Menu