စူရာဟ်ကဟဖ်နှင့်စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများ
စူရာဟ်ကဟဖ်နှင့်စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများ (ဂျိူမိုအာ နေ့နှင့် စူရာ ကဟဖ် သည် အလွန် စပ်ဆက်လျှက်ရှိသည်။ စူရာ ကဟဖ်အကြောင်း ပြည့်ပြည့်စုံစုံ ဖော်ပြချက်တခု ပြန်လည် မျှဝေပေးလိုက်ပါတယ်။) စူရာကဟဖ် (ဥမင်လိုဏ်ခေါင်းအကြောင်း)သည် မက္ကာဟ်မြို့တွင် ကျရောက်ခဲ့ပြီး အာယသ်တော် (၁၁၀) နှင့် ရုကူ (၁၂)ခုပါဝင်သည်။ စူရာကဟဖ်၏ ထူးခြားမှုများနှင့် အကျိုးကျေးဇူးများ မွတ်စ်လင်မ်၊ အဗူဒါဝူးဒ်၊ သိရ်မီဇီ၊ နစာအီ၊ မွစ်နဒေအဟ်မဒ် ကျမ်းများတွင် ဟဇရသ်အဗွဒ်ဒရ်ဒါအ်(ရသွေ့)သခင်ထံမှ ဆင့်ပြန်ချက်လာရှိသည်။ အကြင်သူသည် စူရာကဟဖ်၏ ပထမ ၁၀ အာယသ်ကို အလွတ်ကျက်မှတ်ထားပါက ဒဂ်ျဂျာလ်၏ ပြဿနာဆိုးမှ ထိန်းသိမ်းမှုရရှိမည်။ အချို့ဆင့်ပြန်ချက်တွင် စူရာကဟဖ်၏ နောက်ဆုံး ၁၀ အာယသ်ဟု ပါရှိပေသည်။ စူရာကဟဖ်၏ ပထမအာယသ်များနှင့် နောက်ဆုံးပိုင်းအာယသ်များကို ဖတ်ရွတ်ပါက ထိုသူ့အတွက် ၎င်း၏ခြေထောက်မှစ၍ ဦးခေါင်းထိ နူရ်တစ်ခုဖြစ်သွားသည်။ စူရာဟ်တစ်ပုဒ်လုံးကို ရွတ်ဖတ်လျှင် ထိုသူ့အတွက် မြေပထဝီမှ မိုးကောင်းကင်အထိ နူရ်ရရှိမည်ဖြစ်သည်။ ဂျုမုအဟ်သောကြာနေ့မြတ်တွင် စူရာကဟဖ်ကို သိလာဝသ်ပြုလျှင် ထိုသူ၏ ခြေထောက်မှစ၍ မိုးကောင်းကင်၏အမြင်...