သူဌေးကြီးတစ်ယောက်သည် ဟဂ်ျပြုရန်
မက္ကာဟ်မြို့ သို့ရောက်လာခဲ့တယ်
သူသည်မိမိပစ္စည်းများကို
မက္ကာဟ်မြို့မှ ယုံကြည်ရသူတစ်ယောက်ထံ အပ်နှံပြီး ဟဂ်ျပြုလုပ်လေသည်
ဟဂ်ျကျင့်စဉ်တွေပြုလုပ်ပြီးနောက်
မိမိပစ္စည်းများကိုပြန်ယူရန် လာသော်
ထိုသူသည်ကွယ်လွန်သွားခဲ့ပြီဟု
သိလိုက်ရသည်
သူဌေးကြီးလည်း
ထိုသူ၏ ဆွေမျိုးများကို
မိမိအပ်နှံထားသောပစ္စည်းများ
ဘယ်မှာထားခဲ့လဲ သိပါသလား
ဟုမေးကြည့်သော် မည်သူမှမသိကြောင်း
ပြောကြလေသည်
နောက်ဆုံး
မိမိအဖြစ်ပျက်ကို
အာလင်မ်ပညာရှင်များကို ပြောပြလေသည်
ပညာရှင်များက
အချင်ချင်းတိုင်ပင်ကြပြီး
အကြံတစ်ခုပေးကြသည်
အသင်သည်
ညတစ်ဝက်နောက်ပိုင်းမှာ
ဇမ်ဇမ်ရေတွင်းမှာ သူ၏အမည်ကို
အော်ခေါ်ကြည့်ပါ
အကယ်၍သူသည်
ဂျန္နသ်သီဖြစ်မယ်ဆိုရင်
အသင်ကိုအဖြေပြန်ပေးလိမ့်မယ်
သူဌေးကြီးလည်း
ညတစ်ဝက်နောက်ပိုင်းရောက်တော့
ဇမ်ဇမ်ရေတွင်းမှာ
ထိုသူ၏အမည်ကိုအော်ခေါ်ခဲ့သည်
သို့သော် ထိုသူသည် ပြန်၍မထူးခဲ့ပါ
နောက်နေ့
ပညာရှင်များက တဖန်အကြံပြုကြသည်
ယမန်နိုင်ငံက ဗိုရ်ဟ်ဝသ်ရေတွင်း မှာ
ပြန်ခေါ်ကြည့်ပါ
အကယ်၍သူသည် ဂျဟန္နမ်မီ ဆိုရင်
အဖြေပေးလိမ့်မယ်
သူဌေးကြီးလည်း
ယမန်နိုင်ငံမှရေတွင်း သို့သွားပြီး
ထိုရေတွင်းမှာ ပြန်ခေါ်သောအခါ
ထိုသူကပြန်ထူးပြီး
အသင်ပစ္စည်းများကို
မည်သည့်နေရာမှာထားရှိထားပါသည်ဟု
အဖြေပေးလေသည်
သူဌေးကြီးလည်း ထပ်၍မေးလေသည်
ကျွန်ုပ်သည်အသင့်ကို
သူတော်ကောင်းလို့ထင်ထားတာ
အဘယ်ကြောင့်အပြစ်ဒဏ်တွေ ခံနေတာလဲ
ထိုသူကအဖြေပေးလေသည်
ဟုတ်ပါတယ်
ကျွန်ုပ်သည် ငရဲတစ်ခုကြောင့်
ဒီအပြစ်ဒဏ်ကိုခံနေရတာပါ
ထိုအပြစ်ငရဲမှာ
ကျွန်တော့်ညီမနဲ့အဆက်ဖြတ်ထားတဲ့
အပြစ်ကြောင့်ပါ (ဆွေမျိုးဖြတ်တဲ့အပြစ်)
#အဗ်ဒွရ်ရဟီးမ်အဆ်အဒီ
ဒီ post ကို
ဘာကြောင့် ပြန်တင်ပေးရသလဲ ဆိုတော့
လောကမှာ
မောင်နှမချင်း ညီအမချင်း
ညီအကိုချင်း တူဝရီးချင်း မြေးအဖိုးချင်း
စသဖြင့် ဆွေမျိုးအရင်းအချာတွေဖြစ်ပြီး
မခေါ်မပြောပဲ နှစ်ပေါင်းများစွာ
အဆက်ဖြတ်ထားကြတဲ့သူတွေ
အများကြီး ရှိတတ်ကြပါတယ်
ဒါပေမယ့်
သက်သက်မဲ့အဆက်ဖြတ်ကြတာမဟုတ်ပါ
ခံပြင်းချက်တွေများပြီး စိတ်နာလွန်းလို့
လုံးဝ အဆက်အသွယ် မလုပ်တော့ပဲ
အဆက်ဖြတ်ထားကြတာမျိုးက များပါတယ်
ဥပမာ
ဆွေမျိုးတွေ ဒုက္ခပေးလွန်းလို့
အဆက်ဖြတ်လိုက်ကြတာမျိုး ရှိကြသလို
တချို့ကျတော့လည်း
ကိုယ်က ဆင်းရဲနွမ်းပါးတာကို အကြောင်းပြုပြီး
မတရား နှိမ်လွန်းလို့
ခံပြင်းပြီးတော့
အဆက်ဖြတ်လိုက်ကြတာမျိုးလည်း ရှိပါတယ်
ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်
မိမိကမှန်နေပြီး ဆွေမျိုးတွေကမှားနေသည်
ဖြစ်ပါစေ
ဘယ်တော့မှ အဆက်တော့
မဖြတ်လိုက်ကြပါနဲ့
ဘာလို့လဲဆိုတော့
ဆွေမျိုးအဆက်ဖြတ်ခြင်း အပြစ်က
ဘယ်လောက်ဆိုးရွားပြီး
ဘယ်လောက်ပြင်းထန်သလဲဆိုတာ
ဒီ post ထဲက အကြောင်းအရာ ကို ဖတ်ပြီး
သဘောပေါက်လောက်မှာပါ
ဒါ့ကြောင့် ဆွေမျိုးတွေ
လူပါးအရမ်းဝလို့ လုံးဝမခေါ်မပြောချင်ဘူးလား
ရတယ်
မခေါ်နဲ့ မပြောနဲ့
ဒါပေမယ့်
လမ်းမှာတွေ့ရင် စလာမ်တော့အမြဲပေး
နောက်ပြီး တခွန်းစနှစ်ခွန်းစ မေးထူးခေါ်ပြောလုပ်
မေးထူးခေါ်ပြောဆိုတာ
" ဟေ့ ဘယ်ကပြန်လဲ စားပြီးပြီလား "
အဲ့လိုမျိုး တခွန်းစ နှစ်ခွန်းစ ပဲ ပြော
သောက်မြင်ကပ်လို့ စကားမပြောချင်ရင်
အဲ့ထက်ပိုမပြောနဲ့
အဲ့လိုမျိုး
တွေ့တိုင်း စလာမ်ပေး
ပြီးတော့ တခွန်းစ နှစ်ခွန်းစ
မေးထူးခေါ်ပြောလုပ်
ok ရပြီ
အဲ့လောက်ဆို ဆွေမျိုးဖြတ်တဲ့အပြစ်က
လွတ်သွားမယ်
လုံးဝ မခေါ်မပြောပဲ
အဆက်အသွယ်အပြီး ဖြတ်ဖို့ကိုတော့
ယောင်လို့တောင်မတွေးမိပါစေနဲ့
အားလုံးပဲ ဒီလောက်ဆို
သဘောပေါက်လောက်ပြီ ထင်ပါတယ်
0 Comments