(၁) တခြားသူဒုက္ခ ဖြစ်စေမဲ့အရာကိုဝေးကွာအောင်ပြုလုပ်ခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။ (ဗုခါရီကျမ်း 2518)
(၂) မျက်မမြင်ကို လမ်းပြပေးခြင်း
ဆွဒကာဟ်ဖြစ်ပါ တယ်။
(အစ်ဗနေဟဗ်ဗာန်း -3368)
(၃) နားလေးနေသူ တစ်ဦးအား
အသံကျယ်လောင်စွာ စကားပြောပေးခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(အစ်ဗနေဟဗ်ဗာန်း 3368)
(၄) ဆွံအနေသူ တစ်ဦးကို သူနားလည်လာအောင် အမူအရာဖြင့်ရှင်းပြခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(အစ်ဗနေဟဗ်ဗာန်း 3377)
(၅) အားနည်းတဲ့သူ တစ်ဦးကို အကူအညီ ပေးခြင်း
ဆွဒကာဟ်ဖြစ်ပါတယ်။
(အစ်ဗနေဟဗ်ဗာန်း 3377)
(၆) လမ်းတွင်ရှိသော ခဲ၊ ဆူး၊ အရိုးတို့ကို
ဖယ်ရှားပေး ခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(မွတ်စလင်မ်ရှရိဖ် 1007)
(၇) အော်ဟစ်ပြီး အကူအညီတောင်းနေသူထံ အပြေးအလွှားသွားရောက်ပြီး ကူညီပေးခြင်း ဆွဒကာဟ် ဖြစ်ပါတယ်။
(အစ်ဗနေဟဖ်ဗန်း 3377)
(၈) မိမိပုံးနှင့် တခြားသူကို ရေခပ်ပေးခြင်း ဆွဒကာဟ် ဖြစ်ပါတယ်။
(သိရ်မေဇိရ်ကျမ်း ၁၉၅၆ )
(၉) လမ်းလွှဲမှားနေသူ တစ်ဦးကို လမ်းမှန်ပြခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(သိရ်မေဇီကျမ်း ၁၉၅၆ �)
(၁၀) လာအိလားဟ ရွတ်ဖတ်ခြင်း ဆွဒကာဟ်ဖြစ် ပါတယ်။
(မွတ်စလင်မ်ကျမ်း၁၀၀၇)
(၁၁) စွဗ္ဗဟာနလ္လာဟ် ရွတ်ဖတ်ခြင်း
ဆွဒကာဟ် ဖြစ်ပါတယ်။
(မွတ်စလင်မ်ကျမ်း ၁၀၀၇)
(၁၂) အလ္လာဟမ်ဒုလစ်လ္လာ ရွတ်ဖတ်ခြင်း
ဆွဒကာဟ် ဖြစ်ပါတယ်။
(မွတ်စလင်မ်ကျမ်း ၁၀၀၇ )
(၁၃) အလ္လာဟ်ဟုအက်ဘရ် ရွတ်ဖတ်ခြင်း ဆွဒကာဟ် ဖြစ်ပါတယ်။
(မွတ်စလင်မ်ကျမ်း ၁၀၀၇)
(၁၄) အက်စ်သဂ်ဖွေရုလာ ရွတ်ဖတ်ခြင်း
ဆွဒကာဟ် ဖြစ်ပါတယ်။
(မွတ်စလင်မ်ကျမ်း ၁၀၀၇ )
(၁၅) ကောင်းမှုကုသိုလ်ပြု လုပ်ဖို့အမိန့်ပေးခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(မွတ်စလင်မ်ကျမ်း ၁၀၀၇)
(၁၆) မကောင်းမှုကနေတားမြစ်ခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(မွတ်စလင်မ်ကျမ်း ၁၀၀၇)
(၁၇) အကျိုးစဝါးဗ် ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့
မိမိ မိသားစုအပေါ်သုံးစွဲခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(ဗုခါရီကျမ်း ၅၅)
(၁၈) လူနှစ်ဦးကြားထဲမှာ မျှတအောင်ဆောင်ရွက်
ပေးခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(ဗုခါရီကျမ်း ၂၅၁၈)
(၁၉) တခြားသူတစ်ဦးကို မိမိအစီးအနင်းပေါ်ထိုင်
စေခြင်း ၊ တခြားသူရဲ့ပစ္စည်းတွေကို အစီးအနင်းပေါ်ကူတင်ပေးခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(ဗုခါရီကျမ်း ၂၅၁၈)
(၂၀) ကောင်းသောစကားပြောဆိုခြင်း
ဆွဒကာဟ်ဖြစ် ပါတယ်။ (ဗုခါရီကျမ်း ၂၅၈၉)
(၂၁) နမားဇ်ဝတ်ပြုဖို့အတွက် ခြေလျင်သွားတဲ့အခါ ခြေလှမ်းတိုင်းဆွဒကာဟ်ရဲ့ စဝါးဗ်ရမှာ ဖြစ်ပါတယ်။
(ဗုခါရီကျမ်း၂၅၁၈)
(၂၂) လမ်းပေါ်မှာရှိတဲ့ ဒုက္ခဖြစ်စေမဲ့အရာတွေကို ဖယ်ရှားပစ်ခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။ (ဗုခါရီကျမ်း၂၅၁၈)
(၂၃) ကိုယ်ကိုတိုင် စားသုံးခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(နဆာအီ ကူဗရီကျမ်း ၉၁၈၅)
(၂၄) မိမိရဲ့သားကိုကျွေးမွေးခြင်း ဆွဒကာဟ်ဖြစ်ပါ
တယ်။ (နာဆာအီ ကူဗရီကျမ်း၉၁၈၅)
(၂၅) မိမိရဲ့ဇနီးသည်ကိုကျွေးမွေးခြင်း ဆွဒကာဟ် ဖြစ်ပါတယ်။ (နာဆာအ ကူဗရီကျမ်း ၉၁၈၅)
(၂၆) မိမိကို ဝတ်ကြီးဝတ်ငယ်ပြုလုပ်နေသူကို ကျွေးမွေ
ခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။ (နာဆာအီ ကူဗရီကျမ်း ၉၁၈၅)
(၂၇) ဒုက္ခရောက်ပြီးလိုအပ်ချက်တစ်စုံတစ်ရာ ရှိနေသူကို ကူညီပေးခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။ (နာဆာအီကျမ်း ၂၅၃)
(၂၈) မိမိညီနောင်များနှင့်
ပြုံးရွှင်စွာတွေ့ဆုံနှုတ်ဆက်ခြင်း
ဆွဒကာဟ်ဖြစ်ပါတယ်။
(သိရမေဇီကျမ်း ၁၉၆၃)
(၂၉) ရေတစ်ငုံတိုက်ကျွေးခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(အဗူယအ်လာ၂၄၃၄)
(၃၀) မိမိရဲ့ညီနောင်ကိုအကူအညီပေးခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(အဗူယအ်လာ 2434)
(၃၁) တွေ့ဆုံသူကိုစလာမ်ပေးနူတ်ဆက်ခြင်း
ဆွဒကာဟ်ဖြစ်ပါတယ်။
(အဗူဒါဝူးဒ် 5243)
(၃၂) အချင်းချင်းမှာ ပြေလည်မှုရအောင်ညှိနှိုင်းဆောင် ရွက်ပေးခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(ဗုခါရီကျမ်း 2591)
(၃၃) မိမိရဲ့သစ်ပင်ကဖြစ်စေ ၊ အသီးအနှံကိုဖြစ်စေ တစ်စုံတစ်ဦး စားသုံးလိုက်ခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(မွတ်စလင် ၁၅၅၃)
(၃၄) ဆာလောင်နေသူကိုထမင်းကျွေးခြင်း
ဆွဒကာဟ် ဖြစ်ပါတယ်။
(ဗိုင်ဟကီကျမ်း ၃၃၆၇)
(၃၅) ရေတိုက်ကျွေးခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(ဗိုင်ဟကီကျမ်း၃၃၆၈)
(၃၆) (၂ ကြိမ်) ဆက်တိုက်အကြွေးပေးခြင်းဟာ
ဆွဒကာဟ်တစ်ကြိမ်ပြုလုပ်ခြင်း နှင့်
အတူတူဖြစ်ပါတယ်။
(အိဗ်နေ့မာဂျဟ် ၃၄၃၀)
(၃၇) တစ်စုံတစ်ဦးကို မိမိရဲ့အစီးအနင်းပေါ်ထိုင်စေခြင်း
ဆွဒကာဟ်ဖြစ်ပါတယ်။
( မွတ်စလင်မ်ကျမ်း ၁၀၀၉)
(၃၈) လမ်းလွဲမှားနေသူတွေကို လမ်းမှန်ရဖို့အမှာစကား
ပြောကြားခြင်း ဆွဒကာဟ်ဖြစ်ပါတယ်။
(သိရမေဇီကျမ်း ၁၉၆၃-)
(၃၉) လိုအပ်နေတဲ့သူရဲ့အလုပ်ကို ဆောင်ရွက်ပေးခြင်း
ဆွဒကာဟ်ဖြစ်ပါတယ်။
(အစ်ဗ်နေဟဗ်ဗာန်း ၃၃၆၈)
(၄၀) သာသနာပညာသင်ယူပြီး မွတ်စလင်ညီနောင်များကိုသင်ကြား
ပေးခြင်း ဆွဒကာစ်ဖြစ်ပါတယ်။
(အစ်ဗ်နေမာဂျာဟ် ၂၄၃)
မူရင်းရေးသားသူအား Credit ပေးပါသည်။
ကုးယူဖေါ်ပြသူ
မော်လဝီမုဟမ္မဒ် မော်လမြိုင်
ဇင်မင်းထိုက်မျှဝေသည်🍁
Deen For Muslimeen page
Reshare to HJ Myat Thu
0 Comments