ခုချိန်မှာ ကိုယ်ခံအားကောင်းအောင်ဆိုပြီး
ဂျင်းပြုတ်ရည်တွေ သောက်ကြပါတယ်။
ဂျင်းဟာ ကောင်းကျိုးတွေ အများကြီး ရှိသလို
တချို့လူတွေအတွက်ကတော့
အကျိုးမရှိပါဘူး။
သွေးကျဲဆေးတွေ သောက်နေရတာကို ဂျင်းပြုတ်ရည်တွေ သောက်မိလို့ နေမကောင်းဖြစ်တဲ့အကြောင်း ပို့စ်လေးလဲ တွေ့လိုက်မိပါတယ်။
အောက်မှာရေးထားတဲ့
ကျန်းမာရေးအခြေအနေ ရှိသူတွေက
ဂျင်းပြုတ်ရည် သောက်တာမျိုးကို
ရှောင်ကြဥ်သင့်ပါတယ်။
❌သွေးကျဲဆေးသောက်နေသူတွေ
❌ သွေးတိုး ကျဆေးသောက်နေသူတွေ
❌ဆီးချိုရောဂါဆေးသောက်နေသူတွေ
❌အင်ဆူလင်ထိုးနေရသူတွေ
❌ သွေးမတိတ်ရောဂါရှိလို့ သွေးခဲဆေးသောက်နေရသူတွေ
❌ကိုယ်ဝန်ဆောင်တွေ
ဂျင်းဟာ သွေးကျဲစေပြီး သွေးတိုး ကျစေတဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် သွေးကျဲဆေး တွေ ၊ သွေးတိုးကျဆေး သောက်နေရသူတွေအဖို့
ပိုဆိုးနိုင်လို့ မသောက်သင့်ပါ။
ဆီးချိုဆေးတွေ နဲ့ အင်ဆူလင်လိုမျိုး နဲ့
ဓာတ်ပြုပြီး ဆေးအာနိသင်ကို
လျော့စေတဲ့အတွက်
အဆိုပါဆေးသောက်နေရသူတွေလဲ
ရှောင်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်တွေ အနေနဲ့ကတော့ လရင့်တဲ့အခါမှာ အချိန်မတိုင်ခင် သားအိမ်ညှစ်ပြီး
ကလေးစောမွေးတတ်လို့ မစားသုံးသင့်ပါဘူး။
MediExpress မှ ရေးသားမျှဝေပါတယ်။
0 Comments