Ad Code

Assalamualikum

ဆွလာသွလ် ဟာဂျသ် နမားဇ် ဝတ်ပြုနည်း

 


ဆွလာသွလ် ဟာဂျသ် နမားဇ် ဝတ်ပြုနည်း

*****************************

တမန်တော်မြတ် (ဆွ) အမိန့်ရှိသည်။ တစ်ဦးတစ်ယောက်သည် အရှင်မြတ်ထံတော်မှ လိုအပ်ချက် တစ်စုံတရာ တောင်းခံလိုလျင်သော်လည်းကောင်း ၊ လူတစ်ဦးတစ်ယောက်နှင့် ပက်သက်ဆက်နွယ်၍ လိုအပ်ချက် တစ်စုံတရာ ဖြစ်နေလျင်သော်လည်းကောင်း ၊ ကောင်းမွန်ကျနစွာ ဝူဇူပြု၍ နမားဇ် ၂ ရကအသ်ဖတ်ပါ။ ပြီးနောက် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းမှု ပြုပါ။ ပြီးလျင် တမန်တော်မြတ် (ဆွ) အား ဒရူးဒ် ပို့ပါ။ ပြီးနောက် ဤဒိုအာဖတ်ပါ။ 


                                                


အသံထွက် - လားအိလားဟ အိလ်လလ်လာဟွလ် ဟလီးမွလ်ကရီးမ် စွဗ်ဟာနလ်လားဟိ ရဗ်ဗိလ် အရ်ရှိလ် အဇွီးမ် အလ်ဟမ်ဒုလိလ်လားဟိ ရဗ်ဗိလ်အာလမီးန် အက်စ်အလုက မူးဂျိဗားသိ ရဟ်မသိက် ဝအဇားအိမ မဂ်ဖိရသိက် ဝလ်ဂနီးမသ မင်ကွလ်လိ ဗိရ်ရင်န် ဝပ်စ်စလားမသ မင်ကွလ်လိ အိစ်မင်န် လာသဒအ်လီ ဇမ်ဗန် အိလ်လာ ဂဖရ်သဟ် ဝလာဟမ်းမန် အိလ်လာ ဖရ်ရဂ်ျသဟ် ဝလာဟာဂျသန် ဟိယ လက ရိဿွာန် အိလ်လာ ကဒွိုင်သဟာ ယာအရ်ဟမရ် ရာဟိမီးန် 


ပြီးနောက် မိမိလိုအပ်ချက်များကို အရှင်မြတ်ထံ တောင်းဆိုမှုပြုပါ။


( ကိသာဗွလ်မစာအိလ် အတွဲ ၁)


တင်ပြသူ - မော်လဝီ မုဟမ္မဒ် နူရွလ္လာဟ် B.E ( Civil)

Post a Comment

0 Comments

Close Menu