အကီကာဟ် ရဲ့ အဓိပ်ပါယျက ဖျက်တောက်ခြင်း လို့ရပါတယ်။ အကီကာဟ် လို့ နာမည်ထားခြင်းရဲ့အကြောင်းခံ ၂ ခုရှိတယ်။
( ၁) အကီကာဟ် မှာ ကလေး ရဲ့ ဆံပင် ဖျက်ပါတယ်။
( ၂) သားကောင် ရဲ့ လယ်ကြောဖျက်ပြီးသွေးစီးပါတယ်။
ရှရီအသ် အရ အကီကာဟ် ဆိုတာက ကလေးမွှေးပြီး ၇ ရက်မြှောက်နေ့မှာ ကလေးဘက်ကနေ သားကောင် လုပ်ခြင်းကိုခေါ်တယ်။( ကြည့် ။ဗဒါအေအွတ်စွနာအေ့အ် ကျမ်း ၄/၂၀၄)
အကီကာဟ် လုပ်ခြင်းရဲ့ ရွှေဥာဏ်တော်က ကလေးက အလာဟ်ရှင့်ဘက်က ချီးမြှင့်သော ကြီးမားတဲ့ နယ်အ်မသ် စည်းစိမ် ဖြစ်တယ်။ ဒါကြောင့် အကီကာဟ် လုပ်ပြီး အလာဟ်ရှင့်ကို ကျေးဇူးတင်ခြင်းဖြစ်တယ်။ နောက်တစ်ချက်က အကီကာဟ် လုပ်ခြင်းဖြင့် ကလေး ဟာ ဘယ်သူ ဘယ်သူ့ သားဖြစ်ကြောင်း အများသိပြီး မျိုးဆက် အတည်ဖြစ်ကြော်ကြားမှုလဲ ဖြစ်စေတယ်။
အကီကာဟ် ရဲ့ အမိန့် က
အလ်လာမဟ် အေဗ်နေ့ ဟဇမ်/အေမာမ် အဗူဟနီဖာဟ် ရဲ့ ကျော်ကြားမှု အဆိုအရ အကီကာဟ် ဟာ မိုဗာဟ် လုပ်ပိုင်တယ်။ ဝါဂျစ်ဗ် စွန္နသ် မဟုတ်ဘူး။( ကြည့်။ အောင်ဂျဇွလ် မစာလေ့က် ၁၀/၁၂၇)
ပညာရှင် ဒါဝူးဒ် ဇွာဟေရီး ရဲ့ အဆိုအရ အကီကာဟ် လုပ်ဖို့ ဝါဂျစ်ဗ် ဖြစ်တယ်။ (ကြည့်။ ဖေ့က်ဟွတ်စွန္နဟ် ၂/၄၀)
ပညာရှင်အများစုရဲ့ ထောက်ထားထားတဲ့အဆိုအရ အကီကာဟ်လုပ်ခြင်းက စွန္နသ် ဖြစ်တယ်။ ဒီအဆို က ဆွဟီးဟ် ခေါ်မှန်ကန်တဲ့အဆိုဖြစ်တယ်။ ဟနဖီ ပညာရှင် အချို့ ပမာ အဗ်ဒွလ် ဟိုင့် ဖရမ်ဂီ အစရှိသည် တို့ လဲ ဒီအဆိုကို လက်ခံကျင့်သုံးခဲ့တယ်။ (ကြည့်။ အသ်သအ်လီးကွလ် မွမ်ဂျစ်ဒ် ရှရဟ် မိုအသွဟ် အေမာမ် မာလေ့က် ၂/ ၂၀၇)
အကီကာဟ် ဘယ်တော့လုပ်မလဲ????
အကီကာဟ် ကလေးမွေးပြီး ၇ ရက်မြှောက်လုပ်ခြင်းဟာ စွန္နသ် လမ်းစဉ်ဖြစ်တယ်။
( ကြည့်။ အလ် မဂ်ျမူးအ်ကျမ်း ၈/၂၄၇)
အကယ်၍ ၇ ရက်မတိုင်မီ အရင် အကီကာဟ် လုပ်လိုက်လျှင်လဲ ပိုင်သွားမည် ပြသနာမရှိပေ။( ကြည့်။ အလ်မဂျမူးအ် ကျမ်း ၈/၂၄၇)
ကိုယ်တော်မြတ် ဆွ ဟဇရသ် ဟစန် နဲ့ ဟဇရသ် ဟူစိုင်း ရသွေ့ ရဲ့ အကီကာဟ် ကို ၇ ရက်မြှောက်မှာလုပ်ပေးခဲ့တယ်။( ကြည့်။ အလ်မဂျမူးအ် ကျမ်း ၈/၂၄၇)
ဟဇရသ် စမိုရားဟ် ရသွေ့ ရဲ့ ဟဒီးဆ် မှာလဲ အကီကာဟ် ၇ ရက်မြှောက် မှာလုပ်ခြင်းလာရှိတယ်။( ကြည့်။ အလ်မိုဂန္နာကျမ်း ၁၁/၁၂၁)
မှန်ကန်သောအဆိုအရ ဘယ်နေ့မှာမွေးဖွားလဲ အဲ့ဒီနေ့ကိုလဲ တစ်ရက်အဖြစ် ထည့်ရည်တွက်မယ်။( ကြည့်။ အလ်မဂျမူးအ်ကျမ်း ၈/၂၄၇)
အကယ်ဤ ၇ ရက်မြှောက် မှာ အကီကာဟ် မလုပ်ဖြစ်လိုက်ဘူးဆိုရင် ၁၄ မြောက်နေ့မှာလုပ်လို့ရတယ်။ ဒီအမိန့် မွတ်စ်သဟဗ် အမိန့်ဖြစ်သွားမယ်။ အဲ့လိုပဲ ၁၄ ရက်မြှောက်နေ့မှာလဲ မလုပ်ဖြစ်လိုက်ရင် ၂၁ ရက်မြှောက်မှာ လုပ်လိုက် ရတယ်။ အဲ့လိုပဲအလုပ်ဖြစ်လိုက်ဘူးဆိုရင် အစဉ်ပြေ တဲ့ နေ့လုပ်လိုက် ပိုင်သွားတယ်။ ကြည့် ဖေ့က်ဟွတ် စွန္နဟ် ၂/၃၁
ယောက်ကျားလေး နဲ့ မိန်းခလေး ရဲ့ အကီကာဟ် မှာ ကွဲပြားမှုက
ကိုယ်တော်မြတ်(ဆွ)အမိန့်ရှိတယ်။ ယောက်ကျားလေးရဲ့အကီကာဟ်မှာဆိတ်နှစ်ကောင်။မိန်းခလေး ရဲ့အကီကာဟ်မှာဆိတ်တစ်ကောင်လုပ်ပါ။
သိရတာက မိန်းခလေး အတွက်လဲ အကီကာဟ် ရှိပါတယ်။သို့သော် မိန်းခလေးမွေးဖွားမှု မှာ ၁ ကောင်လုပ်ရမယ်။ ယောက်ကျားလေးအတွက် ၂ ကောင်လုပ်ရမယ်။ ဆိုတာ (အဖ်ဇွပ်လ်) ခေါ်မွန်မြတ် မှု ပေါ်အခြေခံတယ်။ မိမိတက်နိုင်တဲ့ အပေါ်ပေါ့။
( ကြည့်။ ဖသ်ဟွတ်လ် ကဒီးရ် ကျမ်း ၆/၁၁၂)
ယောက်ကျားလေး မှာ တစ်ကောင်လုပ်ခြင်းကလဲ သံသယ မရှိ အကီကာဟ် အထမြှောက်ပါတယ်။ ကိုယ်တော်မြတ် ဆွ မိမိမြေးတော်နှစ်ပါးကို တစ်ကောင်စီသာလုပ်ပေးခဲ့တယ်။(ကြည့်။ အဗူဒါဝူးဒ်ကျမ်း ကေသာဗွတ် ဒွဟာယာ)
အကီကာဟ် လုပ်တဲ့သားကောင် နဲ့ပတ်သက်ပြီးအိုလမာအားလုံးညီညွှတ်စွာအမိန့်ရှိတယ်။ ဘယ်သားကောင်ကို ကုရ်ဘာနီ လုပ်ဖို့ပိုင် လဲ အဲ့ဒီသားကောင်ကို အကီကာဟ် လုပ်ဖို့ပိုင်တယ်။( ကြည့်။ အလ်မိုဂန္နာကျမ်း ၁၁/၁၂၄)
ဤအထိ written by-Abu Onaiyeis ရေးသားထားသည်။
ဖြည့်ဆွက်ချက်...
တင်ပြသူ- မော်လာနာ ရှားဟ်ဗုခါရီ (ရန်ကုန်တက္ကသိုလ်)၊ စီစဉ်သူ - ဟာဖိဇ် မုဟမ္မဒ် ရဖီ(ပုသိမ်)
အကီကဟ် ဆိုင်ရာ ဖသ်ဝါ(ဓမ္မသတ်) အမေး၊ အဖြေများ
အကီကဟ်၏လေးနက်မှု
မေး - အစ္စလာမ်သာသနာ၌ အကီကဟ်ပြုခြင်းမှာ မည်သည့် အဆင့်ရှိပါသနည်း? အကယ်၍ လူတစ်ဦးသည် အကီကဟ် မပြုပဲကွယ်လွန်သွားပါက တရားတော်၌ အမိန့်မည်သို့ရှိပါသနည်း?
ဖြေ - အကီကဟ်ပြုခြင်းစွန္နသ်ဖြစ်သည်။ တတ်စွမ်းနိုင်ပါက မုချ ပြုသင့်သည်။ မပြုပါက အပြစ်မထိုက်ပါ။ အကီကဟ်၏ ဆဝါးဗ် ကုသိုလ်မရနိုင်ရုံသာရှိမည်။
အကီကဟ်ပြုခြင်း စွန္နသ်လား / ဝါဂျိဗ်လား
မေး - ကလေးမွေးဖွားပြီးနောက် ကလေးအတွက်အကီကဟ် ပြုခြင်းစွန္နသ် ဖြစ်ပါသလား (သို့) ဝါဂျီဗ်ဖြစ်ပါသလား?
ဖြေ - အကီကဟ်ပြုခြင်း စွန္နသ်ဖြစ်သည်။ သျို့ရာတှငျ သတ်မှတ်ရက်မှာ ကလေးမွေးဖွားပြီး ခုနှစ်ရက်မြောက်သောနေ့ (သို့) (၁၄)ရက်မြောက်သောနေ့ (သို့) (၂၁) ရက်မြောက်သောနေ့များ၌သာဖြစ်ပြီး ထိုရက်များနောက်မှပြုသော အကီကဟ်မှာ နဖိလ်အဆင့်သာဖြစ်သွားမည်။
အရွယ်ရောက်ပြီးသောအမျိုးသား၊အမျိုးသမီးများအတွက်အကီကဟ်ပြုရန်အရေးကြီး/မကြီး၊ဆံပင်ရိတ်ရန်အရေးကြီး/မကြီး
မေး - အကီကဟ်အားမည်သည့်အသက်အရွယ်အထိပြုနိုင်ပါသနည်း?အရွယ်ရောက်ပြီးသော အမျိုးသား၊အမျိုးသမီးများသည် မိမိတို့အကီကဟ်အား မိမိတို့ငွေကြေးဖြင့်ပြုနိုင်ပါသလား(သို့) မိဘများကသာ ပြုပေးနိုင်ပါသလား? အမျိုးသမီးကြီးများ(သို့)အရွယ်ရောက်ပြီးသောအမျိုးသမီးများသည် အကီကဟ်ပြုရာတွင် ဆံပင်ရိတ်ရပါမည်လား? ဆံပင်မရိတ်ရပါက မည်မျှခန့်ညှပ်ရပါသနည်း? မည်သည့်ပုံစံဖြင့်ညှပ်ရပါသနည်း?
ဖြေ - အကီကဟ်ပြုခြင်းစွန္နသ်ဖြစ်သည်။အကီကဟ်ပြုခြင်းဖြင့် ကလေးပေါ်ကျရောက်လာနိုင်သည့်ဘေးဘယာများ ကင်းဝေးစေသည်။ အကီကာဟ်၏ စွန္နသ်ပုံစံမှာ မွေးဖွားပြီးခုနှစ်ရက်မြောက်နေ့၌ ကလေးအားဆံပင်ရိတ်လိုက်ပြီး ထိုဆံပင်များအလေးချိန်နှင့်အညီ ငွေသားဆွဒ်ကဟ်ပြုလုပ်လှူဒါန်းလိုက်ခြင်းဖြစ်သည်။သားယောကျာ်းလေး အတွက်ဆိတ်နှစ်ကောင်နှင့် သမီးမိန်းကလေးအတွက် ဆိတ်တစ်ကောင်အကီကဟ်ပြုရမည်။ ထိုနေ့၌ပင် ကလေးအားအမည်ပေးနိုင်သည်။ အကယ်၍ ခုနှစ်ရက်မြောက်နေ့၌ အကီကဟ်မပြုနိုင်ပါက နောက်ပိုင်းတွင်လည်း ပြုနိုင်သည်။ သို့သော်နောက်ပိုင်းမှပြုခြင်းဖြင့် စွန္နသ်အကီကဟ်၏အဆင့်မရှိတော့ဟု ဖိကဟ်ပညာရှင်ကြီးများ၏ အဆိုရှိသည်။ အသက်အရွယ်ကြီးသော အမျိုးသား၊အမျိုးသမီးများအဖို့ မိမိတို့အတွက် အကီကဟ်ပြုရန် အရေးမကြီးပါ။ အကီကဟ်တွင်ဆံပင်ရိတ်ခြင်းလဲ မပြုအပ်ပါ။
အကီကဟ်တွင်သားကောင်ဝယ်မည့်ငွေအား ဆွဒ်ကဟ်ပေးလိုက်ခြင်းဖြင့် အကီကဟ်တာဝန် ကျေ/ မကျေ
မေး - ကလေး၏အကီကဟ်အတွက် သားကောင်ဝယ်မည့်ငွေအား လိုအပ်ချက်ဖြစ်ပေါ်နေသူ ဆင်းရဲသားတစ်ဦးကို ပေးလိုက်ပါက အကီကဟ်၏စွန္နသ်တာဝန်ကျေသွားပါသလား?
ဖြေ - ထိုသို့ပြုခြင်းဖြင့် အကီကဟ်၏စွန္နသ်တာဝန်မကျေပါ ဆွဒ်ကဟ်ပေးခြင်းနှင့် ဆွေမျိုးအဆက်အသွယ်ထားခြင်း၏ ဆဝါးဗ်ကုသိုလ်ရရှိမည်။
မိခင်၏လစာဖြင့်အကီကာဟ်ပြုပေးခြင်း ပိုင် / မပိုင်
မေး - မိခင်ဖခင်နှစ်ဦးလုံးမှာ အလုပ်လုပ်ကြသူများဖြစ်ပြီး ဖခင်၏လစာဖြင့် အိမ်၏လိုအပ်ချက်အားလုံးအတွက်သဲူးစွဲပြီး မိခင်၏လစာအား အပိုငေအဖြစ်စုဆောင်းထားရှိပါသည်။ မိခင်သည်ထိုစုဆောင်းငွေဖြင့် မိမိ၏ကလေးများအတွက် အကီကဟ်ပြုပေးနိုင်ပါသလား?
ဖြေ - ကလေးများအတွက်အကီကဟ်ပြုပေးရနနှင့် အခြားသောသုံးစွဲမှုများအတွက် ဖခင်၌တာဝန်ရှိသည် မိခင်ကပြုလုပ် ပေးလိုက်ပါကလည်း အကီကဟ်ပိုင်သည်။
မိမိ၏အကီကဟ်မပြုမီ ကလေး၏အကီကဟ်ပြုခြင်း
ဖြေ - မိမိကလေးအတွက်အကီကဟ်ပြုနိုင်သည်။ လူကြီးမင်းအတွက်အကီကဟ် မပြုရသေးလျှင်လည်း မည်သို့မျှကိစ္စမရှိပါ။
အကြွေးယူ၍ အကီကဟ်ကုရ်ဗာနီပြုခြင်း
မေး - ကြှနျုပျ၏လစာဖွငျ့ ကုရ်ဗာနီနှင့်ကလေးများအတွက် အကီကဟ်ပြုနိုင်လောက်သည့်အင်အားမရှိသည့်အတွက် ဘဏ်ချေးငွေဖြင့် ယင်းတာဝန်နှစ်ခုကို ထမ်းဆောင်နိုင်ပါသလား?
ဖြေ - တတ်စွမ်းနိုင်သူအတွက်ကုရ်ဗာနီဝ်ဂျိဗ်ဖြစ်ပြီး အကီကဟ်ပြုရန်စွန္နသ်ဖြစ်သည်။ မတတ်စွမ်းနိုင်သူအပေါ်၌ကုရ်ဗာနီ ဝါဂျိဗ်တာဝန်မရှိပါ။ အကီကဟ်၏ စွန္နသ်တာဝန်လဲမရှိပါ။ ဘဏ်မှအတိုးဖြင့်ငွေချေးယူပြီး ကုရ်ဗာနီ(သို့)အကီကဟ် ပြုလုပ်ခြင်းဖြင့် အလွန်ကြီးလေးသောအပြစ်ထိုက်မည်။
အကီကဟ်သည်ချမ်းသာသူအပေါ်၌သာ တာဝန်ရှိသလား (သို့) ဆင်းရဲသားအပေါ်၌လည်းတာဝန်ရှိသလား
မေး - အကီကဟ်ပြုခြင်းစွန္နသ်ဖြစ်ပါသလား?(သို့)ဖရ်ဇ်ဖြစ်ပါသလား? ချမ်းသာသူအပေါ်၌သာတာဝန်ရှိပါသလား(သို့) ဆင်းရဲသားအပေါ်၌တာဝန်ရှိပါသလား? အကယ်၍ ဆင်းရဲသားအပေါ်၌တာဝန်ရှိပါက မတတ်စွမ်းနိုင်သည့် ဆင်းရဲသားအတွက် မည်သို့့အမိန့်ရှိထားပါသနည်း?
ဖြေ - အကီကဟ်ပြုခြင်း စွန္နသ်ဖြစ်သည်။ (နှစ်ဦးစလုံးသည်) စိတ်အားထက်သန်ပါကပြုနိုင်ပြီး မပြုပါကလည်း မည်သို့မျှ အပြစ်မထိုက်ပေ။
အကီကဟ်မပြုရသေးဘဲ ကွယ်လွန်သွားသော ကလေးများအတွက် အကီကဟ်ပြုရန် လို/ မလို
မေး - လူတစ်ဦး၏သားငယ်လေးမှာ နှစ်နှစ် ၊သုံးနှစ်ခန့်အရွယ်၌ ကွယ်လွန်သွားပါသည်။ ထိုကလေးငယ်အတွက် အကီကဟ်ပြုရန် အရေးကြီးပါသလား?
ဖြေ - အရေးမကြီးပါ။
၁၀ ကီလိုခန့် ကီမဟ်ဝယ်ယူပြီး အကီကဟ်အမည်ဖြင့် ဒအ်ဝသ်ပြုလုပ်ခြင်းဖြင့် အကီကဟ် မြောက်/ မမြောက်
မေး - ကလေးမွေးဖွားပြီး ခုနှစ်ရက်မြောက်သောနေ့၌ အကီကဟ်၏နိယသ်ဖြင့် ကီမဟ်(အသား) ၁၀ ကီ
လိုဝယ်ယူပြီးး ဆွေမျိုးသားချင်းများအား ဒအ်ဝသ်ဖိတ်ခေါ်ကျွေးမွေးခြင်းဖြင့် အကီကဟ်မြောက်သွားပါသလား?
ဖြေ - အကီကဟ်မမြောက်ပါ။
အကီကဟ်ပြုခြင်းထက်ဆွေမျိုးသားချင်းအား ကူညီပံ့ပိုးခြင်း
မေး - ကြှနျုပျ၌သားသမီးရှစျယောကျရှိသညျ့အနကျ သုံးယောက်အတွက်အကီကဟ်ပြုပြီးသော်လည်းကျန်ယောကျာ်းလေး သုံးဦးနှင့်မိန်းကလေးနှစ်ဦီး စုစုပေါင်းငါးဦးတို့အတွက် အကီကဟ်ပြုရန်ငွေကြေးအဆင်မပြေသေးပါ။ ငွေကြေးရရှိ သည်နှင့် အကီကဟ်ပြုပေးမည်ဟုဆန္ဒရှိနေပါသည်။ ကြှနျုပျ၏ဆှမြေိုးရငျးခြာညီအကိုတစျဦးမှာ အဆုတ်ရောဂါဖြင့် အိပ်ယာထဲလဲနေပါသည်။ဆင်းရဲသူဖြစ်သဖြင့်လုံးဝငွေမရှိတော့သည့်အတွက် ၎င်း၏ဇနီးနှင့်ကလေးသုံးဦးတို့မှာ အလွန်ပင်ပန်းဒုက္ခရောက်ကြရပါသည်။သို့ပါသောကြောင့်ဖော်ပြပါအကြောင်းအရာများကိုထောက်ရှု၍ အောက်ပါ မေးခွန်းများအားဖြေကြားပေးစေလိုပါသည်။
(၁) တရားတော်၌အကီကဟ်သည် မည်သည့်အဆင့်ရှိပါသနည်း?
(၂) အကီကဟ်အတွက်ကုန်ကျမည့်ငွေကြေးအားဆွေမျိုးသားချင်းအားကူညီပံ့ပိုးပေးနိုင်ပါသလား?ထိုတာဝန် နှစ်ရပ်အနက် မည်သည့်တာဝန်ကိုဦးစားပေးဆောင်ရွက်ရမည်နည်း?
ဖြေ - (၁) အကီကဟ်သည်တရားတော်၌ (စွန္နသ်နှင့်) မုစ်သဟဗိဖြစ်သည်။ ဝါဂျိဗ်မဟုတ်ပါ။
(၂) ဤအခြေအနေမျိုး(မေးခွန်းပါအခြေအနေမျိုး) ၌ဆင်းရဲသောဆွေမျိုးအားကူညီထောက်ပံ့ရန်အရေးကြီးသည်။ ထို့ကြောင့်ဆွေမျိုးသားချင်းအားဦးစားပေးရမည်။ အကီကဟ်ပြုခြင်းသည် ဝါဂျိဗ်တာဝန်မဟုတ်ပါ။သို့သော်တတ်စွမ်းနိုင်သူများအဖို့အကီကဟ်ပြုခြင်း(စွန္နသ်နှင့်) မုစ်သဟဗ်ဖြစ်သည်။ ဆဝါးဗ်ကုသိုလ်ရသည့်လုပ်ရပ်ဖြစ်သည်။ မပြုပါကလည်း မည်သို့မျှအပြစ်မထိုက်ပါ။
မည်သည့်သားကောင်များဖြင့် အကီကဟ်ပြုပိုင်သနည်း?
မေး - ဝေစုခုနှစ်ပုံပြုနိုင်သောသားကောင်များအား ကုရ်ဗာနီပြုနိုင်သကဲ့သို့ အကီကဟ်ခုနှစ်ပုံပါဝင်၍ပြုနိုင်ပါသလား? မည်သည့်သားကောင်များဖြင့်ပြုနိုင်ပါသနည်း? ကျွဲကိုလဲပြုပိုင်ပါသလား?
ဖြေ - ကုရ်ဗာနီပြုပိုင်သည့်သားကောင်များအား အကီကဟ်လည်းပြုပိုင်ပါသည်။ ကျွဲလည်းပါဝင်သည်။ ကုရ်ဗာနီအတွက် ုနှစ်ပုံဝေစုပါဝင်နိုင်သည့်သားကောင်များတွင် အကီကဟ်ခုနှစ်ပုံဝေစုပါဝင်ပြုလုပ်နိုင်သည်။ အကီကဟ်အတွက် ကျွဲကိုလည်းဇဗဟ်ပြုနိုင်သည်။
ယောကျာ်းလေး၏အကီကဟ်၌ ဆိတ်နှစ်ကောင်အစားတစ်ကောင်တည်းပြုလုပ်ခြင်း ပိုင်/ မပိုင်
မေး - သားယောကျာ်းလေး၏အကီကဟ်၌ ဆိတ်နှစ်ကောင်မတတ်နိုင်သည့်အတွက် တစ်ကောင်သာပြုနိုင်ပါသလား?
ဖြေ - သားယောကျာ်းလေး၏အကီကဟ်တွင် ဆိတ်နှစ်ကောင် (သို့) ဝေစုနှစ်ပုံထည့်ဝင်နိုင်သောသားကောင်၌ ဝေစု နှစ်ပုံထည့်ခြင်း မုစ်သဟဗ်ဖြစ်သည်။ သို့ရာတွင်နှစ်ကောင်တတ်စွမ်းနိုင်၍ တစ်ကောင်တည်းပြုလျှင် (နှစ်ပုံ မတတ်နိုင်၍ တစ်ပုံထဲပါဝင်လျှင်)လည်း လုံလောက်သည်။
လက်ဆောင်ရသည့်သားကောင်အားအကီကဟ်ပြုခြင်းပိုင်/ မပိုင်
မေး - လက်ဆောင်ရသည့်ဆိတ်အား အကီကဟ်ပြုပိုင်ပါသလား?
ဖြေ - ပြုပိုင်သည်။
ယောကျာ်းလေးနှင့်မိန်းကလေးတို့အတွက် အကီကဟ်ပြုရာ၌ ဆိတ်အကောင်ရေ မည်မျှပြုရမည်နည်း
မေး - ယောကျာ်းလေးနှင့်မိန်းကလေးတို့အကီကဟ်၌ (ဆိတ်ပြုလုပ်လိုသူသည်) ဆိတ်ကောင်ရေမည်မျှပြုရပါသနည်း?
ဖြေ - ယောကျာ်းလေးအတွက်နှစ်ကောင်၊ မိန်းကလေးအတွက် တစ်ကောင်ပြုနိုင်သည်။
ကုရ်ဗာနီသားကောင်၌အကီကဟ်အတွက်ဝေစုထည့်ဝင်ခြင်း ပိုင်/ မပိုင်
မေး - ကုရ်ဗာနီအီးဒ်၌ ကုရ်ဗာနီပြုရာတွင် ကလေးများအတွက် အကီကဟ်၏ ဝေစုထည့်ဝင်နိုင်ပါသလား? ဥပမာ - နွားတစ်ကောင်ဝယ်၍ တစ်ပုံမှာကုရ်ဗာနီအတွက်ဖြစ်ပြီး ခြောက်ပုံမှာ ကလေးလေးဦး (ယောကျာ်းလေးနှစ်ဦး၊ မိန်းကလေးနှစ်ဦး) အတွက်အကီကဟ်ပြုပါက ပြုပိုင်ပါသလား?
ဖြေ - ပိုင်သည်။ ကုရ်ဗာနီသားကောင်၌ အကီကဟ်၏ဝေစုဝေပုံများပါဝင်နိုင်သည်။
မိမိ၏အကီကဟ်အား အသက်ကြီးမှ ကိုယ်တိုင်ပြုလုပ်ခြင်း
မေး - အသက်အရွယ်ကြီးမှ မိမိ၏အကီကဟ်ကို ကိုယ်တိုင်ပြုလုပ်နိုင်ပါသလား? အကယ်၍ အမျိူးသမီးတစ်ဦးသည် မိမိအတွက် အကီကဟ် ပြုလုပ်သည်ဆိုပါက ဆံပင်မည်မျှ ညှပ်ရပါသနည်း? အကီကဟ် မပြုရသေးသောသူ၏ ကုရ်ဗာနီမပိုင်သည့်အတွက် မိမိ၏ အကီကဟ်ကို ဦးစွာပြုပြီးမှ ကုရ်ဗာနီပြုရမည်ဟူသော အချိူ့လူတို့၏အဆို မှန်ပါသလား?
ဖြေ - အကီကဟ်အား မွေးဖွားပြီးခုနှစ်ရက်မြောက်နေ့၌ပြုခြင်း စွန္နသ်ဖြစ်သည်။ နောက်ပိုင်းမှပြုသည်ဆိုပါက မွေးနေ့၏အလျင်နေ့ကို ရွေးချယ်ပြုလုပ်ခြင်း အသင့်တော်ဆုံးဖြစ်သည်။ ဥပမာ - သောကြာနေ့၌ မွေးဖွားသူသည် ကြာသပတေးနေ့၌ပြုရမည်။ အသက်အရွယ် ကြီးမှ အကီကဟ်ပြုသူအဖို့ ဆံပင်ညှပ်ရန်မလို။ အကီကဟ် မပြုလုပ်ခဲ့လျှင်လည်း ကုရ်ဗာနီ ပြုပိုင်သည်။ ကုရ်ဗာနီ ပြုရန် ဝါဂျိဗ်တာ၀န်ဖြစ်ပါက အကီကဟ်ပြုပြီးသည်ဖြစ်စေ၊ မပြုရသေးသည်ဖြစ်စေ ကုရ်ဗာနီမုချပြုရန် အရေးကြီးသည်။
ခင်ပွန်းက ဇနီးအတွက် အကီကဟ် ပြုပေးခြင်း ပိုင်/မပိုင်
မေး - ခင်ပွန်းသည်က ဇနီးအတွက် အကီကဟ်ပြုပေးနိုင်ပါသလား? (သို့) ဇနီး၏ မိဘများ၏ တာ၀န်သာဖြစ်ပါသလား? ဇနီးမှာ ကလေး (၁၀)ယောက်၏ မိခင်ဖြစ်ပါသည်။
ဖြေ - အကီကဟ်ပြုခြင်းသည် ဖရ်ဇ်မဟုတ်ပါ။ ကလေးမွေးဖွားပြီး ခုနှစ်ရက်မြောက်နေ့၌ မိဘများမှာ တက်နိုင်သူများဖြစ်က ကလေးအတွက် အကီကဟ်ပြုခြင်း စွန္နသ်ဖြစ်သည်။ အကယ်၍ မိဘများက အကီကဟ် မပြုပေးခဲ့ပါက နောင်တွင် ပြုလုပ်ရန်မလိုအပ်ပါ။ ကလေး(၁၀)ယောက်၏ မိ
ခင်ဖြစ်သော မိမိ၏ဇနီးအား အကီကဟ်ပြုပေးခြင်းမှာ အဓိပ်ပါယျမဲ့သော လုပ်ရပ်သာဖြစ်သည်။
မွေးပြီးခုနစ်ရက်မြောက်နေ့၏ အကီကဟ်အား အခြားတစ်နေရာ၌ ပြုခြင်း ပိုင်/မပိုင်
မေး - အကီကဟ်အား မွေးဖွားပြီး ခုနစ်ရက်အတွင်း ပြုရန် အရေးကြီးပါသလား? အခြားတစ်နေရာ၌ ပြုပေးနိုင်ပါသလား? အဘယ့်ကြောင့်ဆိုသော် ကြှနျုပျနထေိုငျရာအရပျ၌ ဆွေမျိူးသားချင်းမရှိသောကြောင့် ကြှနျုပျ၏ မိဘများရှိရာ ပါကစ္စတန်၌ အကီကဟ် ပြုပေးပါရန် စာရေးအကြောင်းကြားထားသောကြောင့် ဖြစ်ပါသည်။
ဖြေ - ကလေးမွေးဖွားပြီး ခုနှစ်ရက်မြောက်နေ့၌ အကီကဟ်ပြုခြင်း စွန္နသ်ဖြစ်သည်။ အကယ်၍ ခုနစ်ရက်မြောက်နေ့၌ အကီကဟ် မပြုဖြစ်ပါက အဆိုတစ်ရပ်အရ နောက်ပိုင်းမှ ပြုခြင်းဖြင့် စွန္နသ်၏ အဆင့်မဖြစ်တော့ပါ။ နောက်မှပြုမည်ဆိုပါက ၄င်းကလေး၏ မွေးနေ့အလျင်နေ့၌ ပြုရမည်။ ဥပမာ- ကလေး၏မွေးနေ့ သောကြာနေ့ဖြစ်သော် ကြာသပတေးနေ့ပြုရမည်။ မိဘများရှိရာ ပါကစ္စတန်၌လည်း အကီကဟ် ပြုနိုင်သည်။
ကလေးများစွာတို့အား တစ်ပြိုင်တည်း အကီကဟ်ပြုခြင်း ပိုင်/မပိုင်
မေး - ကလေးများစွာတို့အား တပြိုင်နက်တည်း စုရုံး၍ အကီကဟ်ပြုပေးရာ၌ ကလေးများ၏ မွေးနေ့များမှာ သီးခြားစီဖြစ်နေသဖြင့် ကုရ်အာန် ဟဒီးစ်အရ ၄င်းတို့၏အကီကဟ် ပိုင်/မပိုင် ဖြေကြားပေးပါ။
ဖြေ - အကီကဟ်သည် ကလေးမွေးဖွားပြီး ခုနှစ်ရက်မြောက်နေ့၌ ပြုခြင်းစွန္နသ်ဖြစ်သည်။ မတက်စွမ်းပါက မပြုပါနှင့်။ မည်သည့်အပြစ်မျှ မထိုက်ပါ။ ကလေးများ၏ မွေးနေ့ကို ထောက်ရှုခြင်းမပြုဘဲ စုရုံး၍ အကီကဟ် ပြုပေးခြင်းပိုင်သော်လည်း စွန္နသ်နှင့်ဆန့်ကျင်၏။
နေ့ရက်ကွဲပြားစွာ မွေးဖွားသည့်ကလေးများအား တစ်နေ့တည်းစုရုံး၍ အကီကဟ်ပြုခြင်း ပိုင်/မပိုင်
မေး - နွားဖြင့် အကီကဟ်ပြုလုပ်ပါက ဝေစုခုနှစ်ပုံထည့်နိုင်ပါသလား? ကလေးများ၏ မွေးနေ့မှာ ကွဲပြားခြားနားသောနေ့ရက်များ ဖြစ်ပါက နေ့တစ်နေ့တည်း၌ နွားဖြင့်အကီကဟ်ပြုနိုင်ပါသလား?
ဖြေ - နေ့ရက်ကွဲပြားစွာ မွေးဖွားသည့် ကလေးအားလုံးအား တစ်နေ့တည်း၌ အကီကဟ်ပြုနိုင်သည်။ သားကောင်အားလုံး(သို့) နွားများကို တစ်ချိန်တည်း ဇဗာဟ်ပြုနိုင်သည်။ (ကလေးများ၏ မွေးနေ့ကို ထောက်ရှုခြင်းမပြုဘဲ စုရုံး၍ အကီကဟ်ပြုပေးခြင်း ပိုင်သော်လည်း စွန္နသ်နှင့် ဆန့်ကျင်၏) စွန္နသ်အကီကဟ်မှာ မွေးဖွားပြီး ခုနှစ်ရက်မြောက်နေ့၌ ပြုခြင်းဖြစ်သည်။
မွေးနေ့မသိသူ၏ အကီကဟ်
မေး - အကီကဟ်အား မွေးဖွားပြီး ခုနှစ်ရက်မြောက်နေ့၌ ပြုရသည်ဟု ဆိုကြပါသည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏ မွေးနေ့ကို မသိသူဖြစ်ပါက မည်သို့ အကီကဟ် ပြုရမည်နည်း?
ဖြေ - ခုနစ်ရက်မြောက်နေ့၌ အကီကဟ်ပြုခြင်းမှာ တစ်ညီတညွတ်တည်း (စွန္နသ်နှင့် မွတ်စ်သဟဗ်) ဖြစ်သည်။ အလားတူ ဒါရုကုသ်နီကျမ်း၏ ရိဝါယသ်တစ်ခုအရ (၁၄)ရက်မြောက်နေ့၌ ပြုခြင်းသည်လည်း စွန္နသ်နှင့် မုစ်သဟဗ်ဖြစ်သည်။ အိမာမ် သိရ်မိဇီ ဆင့်ပြန်ခဲ့သည့်အဆိုတစ်ရပ်အရ လူတစ်တစ်ဦးသည် အဆိုပါနေ့နှစ်နေ့၌ အကီကဟ် မပြုခဲ့ပါက (၂၁) ရက်မြောက်နေ့၌ ပြုခြင်းသည်လည်း စွန္နသ်နှင့် မုစ်သဟဗ်ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ခုနစ်ရက်မြောက်နေ့၊ (၁၄)ရက်မြောက်နေ့နှင့် (၂၁)ရက်မြောက်နေ့များ၌ မပြုလုပ်ခဲ့ဘဲ အခြားနေ့တစ်နေ့၌ အကီကဟ်ပြုလုပ်ပါက အကီကဟ်မြောက်သွားသော်လည်း ခုနှစ်ရက်၊ (၁၄)ရက်နှင့် (၂၁) ရက်မြောက်နေ့များ၌ ပြုလုပ်သော အကျိူးဆဝါဗ်မရတော့ပါ။ မွေးနေ့အား သတိမရပါကလည်း မည်သို့မျှ ကိစ္စမရှိပါ။
အကီကဟ် ပြုချိန်၌ ကလေး၏ ဦးခေါင်း ရိတ်ရန် လို/မလို
မေး - ကလေးမွေးဖွားပြီး နှစ်လ၊ သုံးလအရွယ်တွင် အကီကဟ် ပြုသည့်အခါ ကလေး၏ဆံပင်ကို ရိတ်ရန် အရေးကြီးပါသလား?
ဖြေ - ခုနှစ်ရက်မြောက်နေ့၌ ဆံပင်ရိပ်ခြင်းနှင့် အကီကဟ်ပြုခြင်း စွန္နသ်ဖြစ်သည်။ အကယ်၍ အကီကဟ်မပြုပါကလည်း ဆံပင်ရိတ်လိုက်ရမည်။ နောက်ပိုင်းတွင်မှ အကီကဟ်ပြုလျှင် ဆံပင်ရိတ်ရန် မလိုတော့ပါ။
အကီကဟ်အသားအား မိဘများစားသုံးခြင်း ပိုင်/မပိုင်
မေး - မိဘများသည် မိမိတို့ကလေးများ၏ အကီကဟ်အသားအား စားပိုင်ပါသလား? မိဘများအတွက် တားမြစ်ချက်ရှိပါသလား?
ဖြေ - အကီကဟ်၏ အသားအား အခြားသူများစားပိုင်သကဲ့သို့ မိဘများလည်း စားသုံးနိုင်သည်။ မည်သို့မျှ ကွာခြားချက်မရှိပါ။
အကီကဟ်၏ အသားတွင် မိခင်၊ ဖခင်၊ အဖိုးနှင့် အဖွားတို့၏ ဝေစု
မေး - အကီကဟ်၏ အသားတွင် မိခင်၊ ဖခင်၊ အဖိုးနှင့် အဖွားတို့၏ ဝေစုရှိပါသလား?
ဖြေ - အကီကဟ်အသား၏ သုံးပုံတစ်ပုံအား မစ္စကီးန် ဆင်းရဲသားများအား ပေးဝြေခင်း အမြတ်ဆုံးဖြစ်၏။ ကျန်သုံးပုံနှစ်ပုံအား မိခင်၊ ဖခင်၊ အဖိုး၊ အဖွား၊ ညီအစ်ကို မောင်နှမနှင့် ဆွေမျိူးသားချင်းများအား ဝေငှပေးလိုက်ခြင်း (သို့) အသားများကို ချက်ပြုတ်၍ ဆွေမျိူးသားချင်းများအား ဖိတ်ခေါ်ကျွေးမွေးခြင်းလည်း ပိုင်သည်။ အကီကဟ်အသားအား ဆွေမျိူးသားချင်းအားလုံးလည်း စားသုံးနိုင်သည်။
#crd
0 Comments