လူတဦး အိပ်နေရင်းက တရေး နိုးလာတယ် ။
ဟိုဘက် ဒီဘက် လှည့်ခြင်းကြောင့် နိုးခြင်းဖြစ်ပါစေ
အပေါ့အလေး စွန့်ရန် အတွက် နိုးခြင်းဖြစ်ပါစေ ။
ရုတ်တရက် နိုး လာပါက တောင်းခံတတ်တဲ့အကျင့်
ဖြစ်လာစေရန် လေ့ကျင့် ထားဖို့ လိုအပ်ပါတယ် ။ အလေ့အကျင့် ဖြစ်အောင်လုပ်ထားပါ ။
မည်သည့် အကြောင်းကြောင့် အိပ်ခြင်းမှ တရေး
နိုးလာသောအခါ
( ပုံတွင်ပါသော ဝဇီဖာ ကို ဖတ်၍ အမလ် လုပ်ပါ )
အကြင်သူတဦးသည် အိပ်ယာမှတရေးနိုးလာချိန် အထက်ပါ (ဝဇီဖာ)နှစ်ခုကို တွဲပြီး တကြိမ် ဖတ်၍
အလ္လာဟ်ထံမှ ဒုအာတောင်းသောအခါ ၊.ချက်ခြင်း လက်ငင်း ကဗူလ်ဖြစ်တော်မူမည်ဟု တမန်တော်မြတ်
ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်မှ မိန့်တော်မူသည် ။
၎င်း အပြင် တမန်တော်မြတ် မိန့်တော်မူသည်မှာ
အကြင်သူတဦး ည မအိပ်ခင် ဤ ဝဇီဖာ နှစ်ခုကို
တွဲ၍ ဖတ်ပါက ဖတ်သူ၏ ဂုနာဟ်သည် ပင်လယ်
သမုဒ္ဒရာအတွင်းရှိ ရေမြုပ်များတမျှ များပြားနေ
ပါကလည်း ထိုသူ၏ အပြစ်ဂုနာဟ်များကို မားဖ်
ခွင့်လွတ်တော် မူမည်ဟု ဆွဟီးဟဒီးဆ်တော်များ
တွင် လာရှိထားပါသည် ။
Farooq Azam
0 Comments