ဂျင်န် အမျိုးအစား သုံးမျိုးရှိသည်။
(က) လေကဲ့သို့ လေဟာနယ်အတွင်း၌သာ နေထိုင်၏။
(ခ) မြွေ၏ ရုပ်သဏ္ဍာန်ကို ဆောင်၏။
(ဂ) လူကဲ့သို့ သွားလာနေထိုင်၏။
အလ္လာဟ်အရှင်မြတ်က အခိုးမထွက်သော မီးတောက်တစ်ခုမှ ဂျင်န်ကို ဖန်ဆင်းတော်မူပြီး ၎င်းအမည်ကို မာရိဂ်ျ ဟု ခေါ်ဆိုသည်။ ထို့နောက် မာရီဂျဟ် ဂျင်န်အမျိုးသမီးကို ဖန်ဆင်းတော်မူပြီး ယင်းတို့နှစ်ဦးမှ ဂျင်န်များ၏မျိုးဆက်ကို ပြန့်ပွားစေတော်မူသည်။
အဟ်ဗားရ်(ရသွီ)သခင်က အမိန့်ရှိသည်မှာ ..... ဂျင်န်ဆိုးများသည် မြေပြင်ပေါ်ဝယ် တစ်စတစ်စနှင့် များပြားလာသည်နှင့်အမျှ ပြဿနာပေါင်းစုံနှင့် ဒုစရိုက်များကို ပြုလုပ်လာကြတော့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းတို့အား ပြုပြင်တရားရစေရန်အတွက် ဂျင်န်နဗီတမန်တော်တစ်ပါးကို စေလွှတ်တော်မူခဲ့သည်။
ယင်းနဗီ၏ အမည်မှာ အာမိရ်ဗင်န်အုမိုင်ရ် ဖြစ်ခဲ့၏။ ၎င်းသည် ပထမဦးဆုံး စေလွှတ်ခြင်းခံရသော နဗီဖြစ်၏။ သို့သော် ဆိုးသွမ်းသော ဂျင်န်များက ထိုနဗီအား သတ်ဖြတ်လိုက်ကြသည်။
တစ်ဖန် ဒုတိယအကြိမ် သွာအိက်ဗင်န်မာအီက်အမည်ရှိ နဗီတစ်ပါးကို စေလွှတ်ခဲ့ပြန်သည်။ ၎င်းကိုလည်း ဂျင်န်များက သတ်ဖြတ်ခဲ့ကြသည်။ ဤအတိုင်း နှစ်စဉ် နဗီတစ်ပါးစီ စေလွှတ်ခဲ့ရာ နဗီအပါး ၈ဝဝ အထိရှိခဲ့ပြီး အားလုံးကို ဂျင်န်ဆိုးများက သတ်ဖြတ်လိုက်ကြသည်။ ((ဤကမ္ဘာမြေဝယ် လူသားကိုမစေလွှတ်မီက ဂျင်န်များ နေထိုင်ကြ၏။ ထိုအကြောင်းအရာကို ဆိုလိုခြင်း ဖြစ်ပါသည်။))
ဟဇရသ်အွတ်စ်မားန်၏ ခေတ်သမယက လူတစ်ဦးသည် မိမိအဖြစ်အပျက်အား ဤသို့တင်ပြခဲ့သည်။ တစ်နေ့သောအခါ ကြှနျုပျသညျ တောတောင်တစ်ခုမှ ဖြတ်ကျော်လာစဉ် မြွေနှစ်ကောင် တစ်ကောင်နှင့် တစ်ကောင် ကိုက်သတ် ရန်ဖြစ်နေကြသည်ကို တွေ့မြင်နေ၏။ ဤသို့ သဲကြီးမဲကြီး ကိုက်နေရာမှ တစ်ကောင်မှာ သေဆုံးသွားလေ၏။ မြွေသေ၏ အရောင်အဆင်းမှာ အဝါရောင်ရှိပြီး ၎င်းထံမှ ကတိုးနံ့ကဲ့သို့ မွှေးရနံ့ ထွက်နေ၏။ ၎င်းနောက် ကြှနျုပျသညျ ထိုမြွေသေအား ဒဖန်မြှုပ်နှံလိုက်၏။
ထိုမှ ကြှနျုပျသညျ ရှေ့သို့ ခရီးဆက်သွားရန် ဟန်ပြင်နေစဉ်မှာပင် အကွယ်မှ အသံတစ်သံ ဤသို့ကြားရ၏။ ဤမြွေနှစ်ကောင်သည် ဂျင်န်များ ဖြစ်ကြ၏။ ၎င်းအနက်မှ တစ်ကောင်မှာ တမန်တော်မြတ်ထံပါးမှ အီမာန်ယူခဲ့သူ ဖြစ်သည်။ အသင်သည် ကောင်းမြတ်သောအလုပ်ကို ပြုလုပ်သူဖြစ်ပေသည် ..... ဟူ၏။
ဟဇရသ်အနတ်စ်အိဗ်နေမာလိက်၏ ဆင့်ပြန်ချက်တစ်ရပ်၌လည်း ဤသို့လာရှိသည်မှာ..... ကြှနျုပျသညျ တောခေါင်ခေါင်တစ်နေရာတွင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်နှင့် အတူရှိခဲ့သည်။ ရုတ်တရက်ဆိုသလို အသက်အရွယ်အိုမင်းနေသော အဖိုးအိုတစ်ယောက်သည် မိမိ၏ တောင်ဝှေးကို အမှီပြု၍ သွားနေသည်ကို တွေ့မြင်ပြီး ကိုယ်တော်က ဟို ... အဖိုးအို၏ ပုံပန်းသဏ္ဍာန်နှင့် အသံကိုကြည့်ခြင်းဖြင့် ဂျင်န်ဟု ထင်မှတ်ရသည်ဟု ပြောကြားရာ အဖိုးအိုက ဟုတ်မှန်ကြောင်း ဖြေကြားပြီး မိမိအမည်သည် ဟာမဟ် ဖြစ်ကြောင်း၊ မိမိနှင့် အိဗ်လီးစ်ရှိုက်သွာန်အကြား မျိုးဆက်နှစ်ခုသာ ခြားနားကြောင်းပြောကြားပြီး ကိုယ်တော်နှင့် အောက်ပါအတိုင်း အမေးအဖြေပြုကြလေသည်။
တမန်တော် ... အို အဖိုးအို အသက်ဘယ်အရွယ်ရှိပြီလဲ
ဂျင်န်အဖိုးအို ... အကြင်ညဝယ် ကာဗီလ်က ဟာဗီလ်အား လုပ်ကြံသတ်ဖြတ်သည့်အချိန် ကျွန်တော်မျိုး၏ အသက်မှာ လွန်စွာမှ ငယ်ရွယ်ပါသေးသည်။ ထိုစဉ်တုန်းက ယင်းဒုစရိုက်အပေါ် ကျွန်တော်မျိုး အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါသည်။
တမန်တော် ... အသင်သည် မကောင်းသည့် ဒုစရိုက်လုပ်ရပ်ကို ပြုခဲ့သူဖြစ်သည်။
အဖိုးအို ... အို ကိုယ်တော် ကျွန်တော်မျိုးအား စိတ်ဆိုးတော် မမူပါနှင့်။ အသို့ဆိုရသော် ကျွန်တော်မျိုးသည် ယင်းနောက်ပိုင်း တမန်တော်နူးဟ်အပေါ် အီမာန်သက်ဝင်ယုံကြည်ပြီး မိမိ၏ အမှားအပေါ် အလ္လာဟ်ထံ သောဝ်ဗာပြု ဝန်ချတောင်းပန်ခဲ့သည်။ ထိုမှ တမန်တော်ဟူးဒ်၊ တမန်တော် ရှိုအိုင်းဗ်နှင့် တမန်တော်မူစာ၊ တမန်တော်အီစာ အစရှိသည့် တမန်တော်ကြီးများနှင့် အဆင့်ဆင့် တွေ့ဆုံခဲ့သူဖြစ်သည်။ ယခုလည်း ကိုယ့်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အပေါ် အီမာန်ယူပါ၏။
တမန်တော် ... အလ္လာဟ်အရှင်မြတ် အသင့်အား ဂရုဏာသက်တော်မူပါစေ၊ အသင် ဘာအလိုရှိပါသလဲ
အဖိုးအို ... တမန်တော်မူစာ ကျွန်တော်မျိုးအား သောဝ်ရားသ်ကျမ်း သင်ပေးခဲ့၏။ အီစာနဗီက အင်န်ဂျိလ်ကျမ်း သင်ပေးခဲ့သည်။ ကိုယ်တော်လည်း ကျွန်တော့်မျိုးအား ကျမ်းမြတ်ကုရ်အာန် သင်ပေးတော်မူပါ။ ဆင့်ပြန်သူ အနတ်စ်သခင်က ပြောသည်မှာ တမန်တော်မြတ်သည် ဂျင်န်အဖိုးအိုးအား ကျမ်းတော်မြတ်ကုရ်အာန်၏ စူရာ ၁ဝပုဒ်ကို သင်ကြားပေးတော်မူလိုက်သည်။
ရှေးခေတ်ကဆိုလျှင် ဂျင်န်များသည် မိမိကြိုက်နှစ်သက်သည်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အဖြစ်အပျက်များစွာ ရှိခဲ့ဖူးသည်။
အိမာမ်ရှာဖီအီသခင်နှင့် ဗိုင်ဟကီသခင်တို့ ဆင့်ပြန်မိန့်ဆိုသည်မှာ အန်ဆွာရီအမျိုးသားတစ်ဦးသည် အိရှာနမားဇ်ဝတ်ပြုရန် အိမ်မှထွက်သွားရာ လမ်းခုလပ်တွင် ဂျင်န်များက ဖမ်းဆီးသွားကြသည်။ နှစ်ပေါင်းကြာမြင့်စွာ ပျောက်ဆုံးနေသောကြောင့် ၎င်း၏ အမျိုးသမီးမှာ အခြားသူနှင့် နိကာထိမ်းမြားလိုက်သည်။ နှစ်အတန်ကြာပြီးမှ ထိုအန်ဆွာရီအမျိုးသားသည် မဒီနာမြို့သို့ရောက်လာပြီး ဟဇရသ်အုမရ် (ရသွီ)ထံသို့ ရောက်ရှိလာသည်။
အုမရ်သခင်က ၎င်းအား ဖြစ်ရပ်ကြောင်းစုံ မေးမြန်းရာ ၎င်းအန်ဆွာရီဆွဟာဗာက ကာဖိရ်ဂျင်နာသ်များသည် ကြှနျုပျအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့နောက် ယင်းသို့ဖမ်းဆီးသွားသည့် ကာဖိရ်ဂျင်န်များနှင့် မုအ်မင်န်ဂျင်န်တို့ တိုက်ပွဲဖြစ်ပွားရာတွင် ကြှနျုပျနှငျ့အတူ ကာဖိရ်ဂျင်န်အားလုံးကို ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ သို့သော် ကြှနျုပျသညျ မုစ်လင်မ်ဖြစ်၍ ပြန်လွှတ်ပေးခဲ့ရာမှ ယခုလို ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်း ပြောပြလေသည်။
ရှိုက်ခ်အဗ်ဒွလ်ကာဒိရ်ဂျိလာနီသခင်ကြီး၏ ခေတ်သမယ၌လည်း အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့သည်။ သခင်ကြီးထံသို့ ဗဂ်ဒါဒ်မြို့မှ ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာခဲ့သည်။ ၎င်းက သခင်ကြီး၏ ရှေ့မှောက်တွင် အောက်ပါအတိုင်း မိမိဖြစ်ရပ်ကို လျှောက်တင်လေ၏။
ကျွန်တော်မျိုး၏ သမီးပျိုကို အိမ်ခေါင်မိုးပေါ်မှ ဂျင်န်တစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ သခင်ကြီးအနေနှင့် ကျွန်တော်မျိုး၏သမီး ပြန်ရောက်ရှိလာရန် နည်းလမ်းတစ်စုံတစ်ရာ ပြသတော်မူပါ။ သခင်ကြီးက ၎င်းအား ပြောသည်မှာ .....
အသင်သည် ဟို ..... ကဗရ် သင်္ချိုင်းသို့သွားပါ။ ပြီးနောက် ဗိစ်မိလ္လာဟိအလာနိယသိအဗ်ဒိလ်ကာဒိရ် ဟု ဖတ်၍ မိမိ၏ပတ်လည်တွင် စည်းဝိုင်းတစ်ခု ဆွဲခြစ်ပြီး ထိုင်လိုက်ပါ။ အိရှာအချိန်သို့ရောက်လျှင် ရုပ်ဆင်းပုံသဏ္ဍာန်အမျိုးမျိုးဖြင့် အသင်၏ရှေ့မှောက်မှ ဂျင်န်များ ဖြတ်ကျော်ကြလိမ့်မည်။ ထိုအချိန် မိမိ၏ ကြောက်ရွံစိတ်ကို ထိန်းချုပ်ထားပါ။ တစ်ဖန် ၎င်းတို့အားလုံး ဖြတ်ကျော်ပြီးလျှင် ဂျင်န်များ၏ ဘုရင်ရောက်လာမည်။ ထိုအခါ ဘုရင်က ဘာအလိုရှိသလဲ ဟု မေးမြန်းလျှင် အသင်က ဖြစ်ရပ်စုံအင်ကို တင်ပြလိုက်ပါ။ ပြီးနောက် မိမိအား ရှိုက်ခ်အဗ်ဒွလ်ကာဒိရ်ဂျိလာနီသခင်က စေလွှတ်လိုက်ကြောင်း ပြောကြားပါ။ ဟု သခင်ကြီးက အဆင့်ဆင့် မှာကြားလေ၏။
ထိုပုဂ္ဂိုလ်လည်း သခင်ကြီးမှာကြားသည့်အတိုင်း သင်္ချိုင်းမြေအတွင်း စည်းဝိုင်းတစ်ခုဆွဲခြစ်၍ ထိုင်နေလိုက်သည်။ သိပ်ကြာကြာမထိုင်လိုက်ရပါ။ ပုံသဏ္ဍာန်အမျိုးစုံဖြင့် ဂျင်န်များ တစ်ဦးပြီး တစ်ဦး ၎င်းရှေ့မှ ဖြတ်ကျော်သွားကြသည်။ နောက်ဆုံးတွင် မြင်းစီးလျှက် ဂျင်များ၏ ခေါင်းဆောင်ဘုရင် ရောက်ရှိလာလေသည်။ ထိုသူသည် မိမိအား ရှိုက်ခ်အဗ်ဒုလ်ကာဒိရ်သခင်ကြီးလွှတ်လိုက်ကြောင်းနှင့် မိမိ၏သမီးပျိုဖြစ်ခဲ့ရပုံတို့ကို တင်ပြလိုက်သည်။ ဘုရင်သည် သခင်ကြီး၏အမည်ကိုကြားသည်နှင့် မြင်းပေါ်မှာ ဆင်းပြီး မိန်းကလေးအား ဖမ်းဆီးခေါ်ဆောင်သွားသော ငယ်သားဂျင်န်ကို ဖမ်းဆီးခေါ်ဆောင်လာရန် အမိန့်ပေးလိုက်သည်။
သို့ဖြင့် တပ်သားများက ခေါ်ဆောင်ဖမ်းဆီးသွားသူ ဂျင်န်ဆိုးကို ဘုရင့်ရှေ့တော်မှောက် အရောက်ခေါ်ဆောင်လာခဲ့သည်။ ၎င်းနှင့်အတူ ပျောက်ဆုံးသွားသော သမီးပျိုလည်း အတူပါလာသည်။
ဂျင်န်ခေါင်းဆောင်ဘုရင်က အဘယ့်ကြောင့် ဤအပြုအမူမျိုး ပြုလုပ်ရပါသနည်းဟု မေးရာ ၎င်းက မိမိသည် ထိုမိန်းကလေးအား ချစ်ကြိုက်မိ၍ ထိုသို့ပြုမိပါကြောင်း ဝန်ခံပြောဆိုလေသည်။ ဤသည်ကိုကြားပြီး ခေါင်းဆောင်က အသင်သည် ရှိုက်ခ်အဗ်ဒုလ်ကာဒိရ်သခင်ကြီး၏ အရပ်ဒေသတွင် ဤသို့သော မဖွယ်မရာအလုပ်ကို ပြုမူခဲ့သောကြောင့် အသင့်အား ထိုက်တန်သော အပြစ်ဒဏ်စီရင်ရမည် .... ဟု ပြောပြီး ခေါင်းဖြတ်၍ ပြစ်ဒဏ်စီရင်ရန် အမိန့်ပေးလိုက်သည်။
ရှိုက်ခ်အဗ်ဒုလ်ကာဒိရ်သခင်၏ အဆင့်ဤမျှမြင့်မားသည်မှာ သခင်သည် အိမ်၌ထိုင်နေရင်းပင် ဂျင်များကို တွေ့မြင်နိုင်စွမ်းရှိပြီး ဂျင်များကလည်း သခင့်ကို ကြောက်ရွံကြသည်။
ပညတ်ချက်
အမျိုးအစားမတူသော လူသားနှင့် ဂျင်န် နိကာထိမ်းမြားခြင်း မပိုင်ပါ။
မုဂျာဟိဒ်သခင်(ရသွီ)က ဆင့်ပြန်သည်မှာ ..... တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ကို အီမာန်ရှင် သူတော်ကောင်းဂျင်န်များ ဂျန္နသ်သို့ဝင်ရမည့်နှင့် စပ်လျဉ်း၍ မေးမြန်းရာ ကိုယ်တော်က ၎င်းဂျင်များ ဂျန္နသ်သို့ ဝင်ရမည်။ သို့သော် သုခဘုံရှိ စည်းစိမ်များကို ခံစားရရှိရာ၌ လူသားများကဲ့သို့ မဟုတ်ဘဲ ယင်းတို့သည် သပ်စ်ဗီဖတ်ခြင်းဖြင့်သာ စည်းစိမ်အရသာများကို ခံစားရရှိနေမည် ဟု မိန့်ခြွေတော်မူ၏။
အိလ်ဟာမ်နှင့် ဝဆ်ဝဆာ ခြားနားမှု
လူသားသည် အကောင်းအဆိုး လုပ်ရပ်နှစ်မျိုးလုံးအား ပြုလုပ်ကြသည်။ ဤသို့မပြုလုပ်မီ လူသား၏ စိတ်ကူးထဲသို့ အတွေးခေါ်တစ်ရပ် ပေါ်ပေါက်လာသည်။ ယင်းအတွေး၏ လှုံ့ဆော်မှုကြောင့် အကောင်း သို့မဟုတ် အဆိုးအား ပြုလုပ်ရန် ဆန္ဒဖြစ်ပေါ်လာရသည်။ ယင်းဆန္ဒရည်ရွယ်မှုသည် လူသား၏ခန္ဓာကိုယ် အစိတ်အပိုင်းများကို လှုပ်ရှားစေ၍ ၎င်းလုပ်ရပ်ကို ဖြစ်ပေါ်စေသည်။
* အကယ်၍ စိတ်နှလုံးသား၌ ဖြစ်ပေါ်လာသော စိတ်ကူးသည် ကောင်းမြတ်သည့် အလုပ်အတွက်ဖြစ်ပါက ဤသည် အိလ်ဟာမ်ဖြစ်၏။ တစ်နည်းဆိုရသော် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဖြစ်သည်။
* ထိုသို့မဟုတ်ဘဲ ယင်းစိတ်ကူးသည် ဒုစရိုက်နှင့် မကောင်းမှုလုပ်ရပ်ဘက်သို့ ယိမ်းယိုင်နေပါက ဝဆ်ဝဆာဟု ခေါ်ပေသည်။ တစ်နည်း ရှိုက်သွာန်ဘက်မှ ဝင်ရောက်လာသော တွေးတောမှု ဖြစ်၏။
ယခု မေးစရာ စကားတစ်ရပ်ဖြစ်လာသည်မှာ ရှိုက်သွာန်ဘက်မှ ဖြစ်ပေါ်လာသော ဝဆ်ဝဆာ မကောင်းသည့် စိတ်ကူးများကို မည်ကဲ့သို့ ရှောင်ကွင်းဖယ်ရှားမည်နည်း။
ထိုအမေးအပေါ် ပညာရှင်တို့က အလွယ်ကူဆုံး နည်းတစ်ရပ်ကို ပြသထား၏။ ၎င်းမှာ ..... စိတ်နှလုံးသားအတွင်း မကောင်းသည့် အတွေးအခေါ်နှင့် ဒုစရိုက်စိတ်ကူးများ ဝင်ရောက်လာလျှင် ရှိုက်သွာန်၏ ဝဆ်ဝဆာဟု မှတ်ယူ၍ တခြားကောင်းမွန်သည့် အတွေးဘက်သို့ အာရုံပြောင်းပေးလိုက်ရမည်။ ဤမျှနှင့် မလုံလောက်ပါက မိမိနှလုံးသားကို ကုသိုလ်ကောင်းမှု သို့မဟုတ် ဇိကိရ် အလ္လာဟ်အရှင်မြတ်ကို သတိရမှုဘက်သို့ စိတ်အာရုံလွှဲပြောင်းလိုက်ပါ။
အလ္လာဟ်အရှင်မြတ်ကလည်း ဝဆ်ဝဆာမှ ကင်းလွတ်မှုရရန် အောက်ပါ အာယသ်ဖြင့် သတိပေးနှိုးဆော်ထားသည်။
"" အင်န်နလ် လဇီးနသ် သကောဝ် အိဇာမတ်စ် စဟွမ် သွားအိဖွန်း မိနရျှရှိုကျသှာနိ သဇက္ကရူ ဖအိဇာဟွမ် မုဗ်စွိရူးန်"""
အဓိပ်ပါယျ။ အလ္လာဟ်အရှင်မြတ်ကို အကြောက်တရားထားရှိသူများအား ရှိုက်သွာန်က ထိတွေ့သည့်အချိန် ထိုသူတို့သည် ဇိကိရ်တသမှု၌ မွေ့လျော်ကြကုန်၏။ ထိုသူတို့သာလျှင် အသိဉာဏ် အမြှော်အမြင်ရှိသူများ ဖြစ်ကြ၏။
ရံဖန်ရံခါ နမားဇ်၊ ကိရာအသ် အစရှိသည့် ကောင်းမှုများပြုနေစဉ် ဝဆ်ဝဆာ မကောင်းသည့်အတွေးအခေါ်များ ဝင်ရောက်လာတတ်ပြန်သည်။ ထိုအခါ ယင်းအနှောင့်အယှက်များမှ ကင်းလွတ်ရန် ဘယ်ဘက်သို့ အအူးဇု (စဆုံး) ဖတ်၍ သုံးကြိမ်တံတွေးထွေးလိုက်ရမည်ဟု ဟဒီးစ်တော်များအရ သိရှိရသည်။ (တံတွေးထွေးရာ၌ ထွေးဟန်ပြုခြင်း ""ထွီ ထွီ"" ဟုပြုနိုင်သည်။ အခန်းအတွင်း တံတွေးကို ခြစ်ထုတ်ပြီး ထွေးရန်မဟုတ်ပါ။)
လူသား၏ နှလုံးသားသည် တွေးခေါ်မှုပေါင်းစုံ၏ နေရာဌာနဖြစ်သည်။ တွေးခေါ်မှုသည် ကောင်းမှုဘက်သို့ ယိမ်းယိုင်ပါက အလ္လာဟ်အရှင်ဘက်မှ ဖြစ်ပြီး မကောင်းမှုဘက်သို့ ယိမ်းယိုင်ပါက ရှိုက်သွာန်ဘက်မှ ဖြစ်သည်။
တစ်ဖန် ယင်းတွေးခေါ်မှု နှစ်မျိုးအပြင် တတိယတွေးခေါ်မှုတစ်မျိုး ရှိနေပြန်သည်။ ၎င်းသည် ကြောက်စရာအကောင်းဆုံး ဖြစ်ပြီး လူသားအား ပျက်စီးဆုံးရှုံးမှု၏ ချောက်ကမ်းပါးအတွင်းသို့ ကျရောက်စေသည်။ ထိုတတိယအတွေးသည် သကဗ္ဗုရ်ခေါ် မာနစိတ်ဖြစ်၏။ ထိုစိတ်ဝင်ရောက်လာသူသည် မိမိ၏ကြီးကျယ်မှုနှင့် ဉာဏ်ပညာအပေါ် အထင်ကြီးစိတ်ဝင်ရောက်လာပြီး အခြားသူများကို သေးနုပ်သည်ဟု ထင်မြင်ကြ၏။ ယင်းအတွေးဝင်ရောက်သူ အာလင်မ်ပညာရှင်နှင့် သူတော်စင်တို့၏ ကောင်းမှုကုသိုလ်များပင်လျှင် ထိုမာနစိတ်ကြောင့် ပျက်စီးသွားရပေသည်။
ဤတတိယအမျိုးအစားဖြစ်သော ဝဆ်ဝဆာသည် ဤမျှကြောက်စရာကောင်းသည်မှာ အာလင်မ်ကြီးများနှင့် သူတော်စင်ကြီးများကိုပင် ငရဲလားစေလေသည်။
တရားရယူဖွယ် ဖြစ်ရပ်တစ်ခု
ဟဒီးစ်တော်တစ်ရပ်တွင် ဗနီအစ္စရာအီလ်ခေတ်သမယရှိ ဖြစ်ရပ်တစ်ခုကို ဆင့်ပြန်ထားသည်။ တစ်ခါက ရှိုက်သွာန်သည် ဗနီအစ္စရာအီလ်အမျိုးအနွယ်ရှိ မိန်းမပျိုတစ်ဦးအား လည်ပင်းညှစ်လိုက်ရာ နာမကျန်းဖြစ်သွားရသည်။ မိန်းကလေး၏ မိဘများမှာလည်း သောကရောက်ပြီး မည်ကဲ့သို့ ဆေးကုရမည်ကို တွေးတောနေကြ၏။ ထိုအခါ ရှိုက်သွာန်က မိဘများ၏ စိတ်ကူးထဲသို့ ထိုအရပ်ဒေသရှိ သူတော်စင်ကြီးတစ်ပါးထံ သွားရောက်မန်းမှုတ်ကုသရန် အသိထည့်ပေးလိုက်သည်။
ဤသို့ဖြင့် မိဘများသည် သမီးပျိုအား သူတော်စင်ကြီးထံ ဆေးကုရန် ခေါ်သွားကြ၏။ သူတော်စင်ကြီးက ပထမအကြိမ်တွင် ငြင်းဆန်သော်လည်း လူကြီးများ၏ အဖန်တလဲလဲတောင်းဆိုမှုကြောင့် မိန်းကလေးအား ဆေးကုသရန် မိမိနှင့်အတူ ခေါ်ဆောင်ထားလိုက်သည်။
ရက်အနည်းငယ်တွင် ရှိုက်သွာန်က သူတော်စင်ကြီး၏ စိတ်ကူးထဲသို့ မိန်းကလေးနှင့် မကောင်းမှုလုပ်ရန် ဝဆ်ဝဆာထည့်သွင်းလေတော့သည်။ အကြောင်းမှာ ထိုသူတော်စင်ကြီးသည် နှစ်ပေါင်းကြာမြင့်စွာကပင် အိမ်ထောင်မရှိဘဲ တစ်ကိုယ်တည်းနေခဲ့ရခြင်းကြောင့် ရှိုက်သွာန်၏ နှောင့်ယှက်မှုအပေါ် မိန်းကလေးနှင့် ကျူးလွန်မိလေတော့သည်။ ယင်းကြောင့် မိန်းကလေးမှာ ကိုယ်ဝန်ရသွားလေသည်။ ယခု သူတော်စင်ကြီးအနေနှင့် မိမိအား ထိုအပြစ်မှ လွတ်ကင်းရန် မည်သို့ကြံစည်ရမည်ကို သောကဗျာပါဒ များသွားလေသည်။ ထိုအခါ ရှိုက်သွာန်က ၎င်း၏စိတ်ကူးထဲသို့ မိန်းကလေးအား သတ်ပစ်ရန် ဝဆ်ဝဆာထည့်ပေးလိုက်သည်။ အကယ်၍ တစ်ဦးတစ်ယောက်လာမေးလျှင် မိန်းကလေးသေဆုံးသွားကြောင်း အဖြေပေးမည်ဟု မကောင်းသည့်အတွေးအခေါ်ဝင်ရောက်ကာ မိန်းကလေးအား သတ်ပြစ်လိုက်ပြီး အိမ်အနီးတစ်နေရာ၌ မြှုပ်နှံထားလိုက်သည်။
မိဘများက မိမိတို့၏ သမီးပျိုအား ခေါ်ဆောင်ရန် သူတော်စင်ကြီးထံ ရောက်ရှိလာပြီး မေးမြန်းရာ သူတော်စင်ကြီးက သေဆုံးသွားပြီဖြစ်ကြောင်း ဖြေလိုက်သည်။ သို့သော် အထောက်အထား အတိအကျမပြသနိုင်သဖြင့် မိန်းကလေးမိဘများ၏ တရားစွဲဆိုမှုကြောင့် သူတော်စင်ကြီးမှာ အသေစားသေ ပြစ်ဒဏ်ချမှတ်ခံရလေ၏။
သူတော်စင်မှာ မိမိအတွက် လွတ်လမ်းတစ်စုံတစ်ရာမမြင်တော့ပဲ မှိုင်တွေနေပေတော့သည်။ ထိုအချိန်မှာပင် ရှိုက်သွာန်ရောက်ရှိလာပြီး ဤသို့ပြော၏။
ဤအဖြစ်အပျက်အားလုံးသည် ကြှနျုပျရှိုကျသှာနျ၏ လှုံဆော်မှုကြောင့်သာ ဖြစ်၏။ ယခု ကြှနျုပျ၏အကွံကိုလကျခံခွငျးမှအပ အသင့်အဖို့ လွတ်ငြိမ်းခွင့်ရရန် အခြားနည်းလမ်းမရှိတော့ပါ။
သူတော်စင်က မိမိ၏အသက်ကို ကယ်တင်မှုရရှိနိုင်မည့် နည်းလမ်းသည် မည်သို့ပင် ဖြစ်စေ လိုက်နာမည့်အကြောင်း ပြောပေသည်။ ဤချက်ကောင်းကို စောင့်နေသော ရှိုက်သွာန်က ....... အသင်သည် ကြှနျုပျကို စဂ်ျဒါ ဦးချမှု နှစ်ကြိမ်ပြုလိုက်မည်ဆိုပါက အသင့်၏အသက်ကို ကြှနျုပျကယျတငျပေးမညျဟု ပြောလိုက်သည်။ သနားဖွယ်သူတော်စင်မှာ သေဘေးမှ လွတ်မြောက်ချင်ဇောဖြင့် အမှားအမှန် တစ်ခုမျှစဉ်းစားမနေတော့ဘဲ ရှိုက်သွာန်အား ဦးချလိုက်တော့သည်။ ထိုအခါ ရှိုက်သွာန်က အသင့်ကို နှောင့်ယှက်ဖျက်စီးရန် ကြှနျုပျကွိုးပမျးနသေညျမှာ ယခုဆိုလျှင် နှစ် နှစ်ပြည့်မြောက်သွားခဲ့ပြီ။ ယခု ကြှနျုပျ၏အကွံအစညျလညျး အောင်မြင်ပြီဖြစ်သောကြောင့် အသင်သည် မိမိသွားရမည့်လမ်းကို ရွေးချယ်လေတော့ဟု ရှိုက်သွာန်က ပြောလိုက်လေသည်။
နောက်ဆုံး ယင်းသူတော်စင်ကြီးသည် အီမာန်မပါဘဲ ကာဖိရ်ဘဝဖြင့် နိဂုံးချုပ် ဘဝဆုံးသွားရလေသည်။
ပညာရှင်အချို့၏ အဆိုအရ ၎င်းသူတော်စင်ကြီးသည် မိမိကိုယ်မိမိ မာနတက် အထင်ကြီးမှုကြောင့် ဤသို့ ပျက်စီးသွားရခြင်းဖြစ်သည်ဟု သိရှိရပေသည်။
"စဟရ် " အမှောင့်ပယောဂ ဆိုသည်မှာ
အရဗီအဘိဓာန်၌ စဟရ်ဆိုသည်မှာ ဖုံးကွယ်နေသောအရာ ဟူ၍ အဓိပ်ပါယျရသညျ။ ဝေါဟာရ၌ အံ့သြထူးဆန်းဖွယ်ရာ လှည့်စားမှုတစ်မျိုးကို ခေါ်သည်။ တစ်နည်း အလ္လာဟ်အရှင်မြတ်၏ အကြောင်းခံကို လွှတ်၍ ဖုံးကွယ်နေသော (အခြား)အကြောင်းခံများကို အသုံးချပြီး ထူးဆန်းအံ့သြလောက်သည့် ဖြစ်ရပ်ကိစ္စများကို ဖြစ်ပေါ်ဖန်တီးစေခြင်းကို စဟရ်ဟု ခေါ်သည်။
အစ္စလာမ့်ပညာရှင်အားလုံး၏ အဆိုအရ စဟရ်အမှောင့်ပယောဂပညာသည် အမှန်တကယ်ရှိပြီး ပယောဂလုပ်ခံရသူ၊ ပြုစားခံရသူတို့တွင် ဆုတ်ယုတ်နစ်နာမှုများကို ဖြစ်ပေါ်စေသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တန်ခိုးတော်ဖြင့် ထိရောက်စေနိုင်သောစွမ်းပကားကို ထည့်သွင်းပေးထားတော်မူသည်။ ဥပမာ အဆိပ်အတောက်နှင့် ဆေးဝါးများတွင် သက်ဆိုင်ရာအစွမ်းသတ္တိရှိသကဲ့သို့ စဟရ်ပယောဂ၌လည်း ဤသို့စူးရှမှုနှင့် အစွမ်းများ ရှိနေပေသည်။
မုအ်ဂျိဇာနှင့် စဟရ် အမှောင့်ပယောဂ၏ ခြားနားပုံ
မုအ်ဂျိဇာဆိုသည်မှာ အကြောင်းခံတစ်စုံတစ်ရာ မလိုအပ်ဘဲ အလ္လာဟ်အရှင်မြတ်ဘက်မှ တိုက်ရိုက်ဖြစ်ပေါ်စေသော တန်ခိုးပြာဋိဟာ ဖြစ်သည်။ နဗီတိုင်းသည် အလ္လာဟ်တစ်ပါးတည်း တည်ရှိကြောင်းကို ပြသရန်နှင့် မိမိတို့သည် ထိုအရှင်မြတ်၏ စေတမန်များဖြစ်ကြောင်း လူတို့ထံမှ ယုံကြည်မှုရရန်အလို့ငှာ သဘာဝနှင့် ဆန့်ကျင်ဘက် တန်ခိုးဖြစ်ရပ်များကို ပြသကြလေသည်။ ထိုသို့ပြသရာ၌ အချိန်အခါမရွေးပြသနိုင်သလို စနစ်တကျ သင်ပေးသင်ယူ ပြုရခြင်းမျိုးလည်း မရှိပါ။
စဟရ် အမှောင့်ပယောဂဟူသည်ကား သီးသန့်စနစ်တကျ သင်ယူပြသမှ ရရှိနိုင်သည့် အတတ်ပညာဖြစ်၏။ စဟရ်၏ အချို့သောလုပ်ရပ်များတွင် ရှိုက်သွာန်များ၊ မကောင်းဆိုးဝါးများ၊ မကောင်းသော ဝိဉာဉ်များ၏ အကူအညီကို ရယူကြသည်။ ဤလုပ်ရပ်သည် ရှရစ်က်လုပ်ရပ်နှင့် တူညီသောကြောင့် ပြုလုပ်သူသည် ကာဖိရ်ဖြစ်သည်။ ထိုသို့ ဂျင်န် ရှိုက်သွာန်များ၏ အကူအညီမပါဘဲ တစ်ပါးသူအား ဒုက္ခပေးရန် သို့မဟုတ် ဆုံးရှုံးနစ်နာစေရန် အခြားသောနည်းများဖြင့် ပြုမည်ဆိုပါက ထိုသူသည် ဂုနာကဗီရာ ကြီးလေးသောအပြစ်ထိုက်၏။ ဟရာမ်ကိစ္စကို ကျူးလွန်သူ ဖြစ်၏။
ထို့ကြောင့် ရှရီအသ်၌ စုန်းအတတ်ပညာ၊ မှော်အတတ်ပညာနှင့် အခြားသော အမှောင့်ပယောဂအတတ်ပညာများကို သင်ပေး၊ သင်ယူပြုသူ နှစ်ဦးတွင် အပြစ်ထိုက်၍ ထိုသို့ သင်ပေး သင်ယူပြုခြင်းသည် ဟရာမ်ဖြစ်၏။
နမ္မရူးဒ်ဘုရင်ခေတ်၌ ရှိခဲ့သော မှော်အတတ်ပညာ
ခိုင်လုံသော သမိုင်းရာဇဝင်ကျမ်းများ၌ ရေးသားပါရှိသည်မှာ နမ္မရူးဒ်ဘုရင်၏ ခေတ်သမယတွင် ဘေဘီလုံမြို့ရှိ မှော်အတတ်ပညာကို အထူးကျွမ်းကျင်တတ်မြောက်ထားကြသော မှော်ဆရာကြီးများက လူတို့ ဉာဏ်မမှီနိုင်လောက်အောင် အံ့ဖွယ်ဆန်းကြယ်သော မှော်ဂျာဒူ ခြောက်မျိုးကို ဘုရင်မြို့တွင်း၌ ပြုလုပ် ဖန်တီးထားသည်။
ယင်းတို့မှာ .........
(၁) မြို့ဝ၌ ကြေးနီဖြင့် သွန်းလောင်းထားသော ဘဲငန်းရုပ်ကြီးတစ်ကောင် ထားရှိလေသည်။ ၎င်းဘဲရုပ်ကြီး၏ အံ့ဖွယ်ထူးခြားချက်မှာ သူခိုးနှင့် ထောက်လှမ်းသူ တစ်ဦးတစ်ယောက် မြို့ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုက်နက် အော်မြည်ကာ သတင်းပေးလေတော့သည်။ ထိုအခါ မြို့စောင့်က လိုက်လံရှာဖွေ၍ သူခိုးအား ဖမ်းဆီးလိုက်သည်။
(၂) ပျောက်ဆုံးသွားသော ပစ္စည်းအတွက် ဗုံကြီးတစ်လုံး ပြုလုပ်ထား၏။ အကယ်၍ တစ်ဦးတစ်ယေက်၏ ပစ္စည်း ပျောက်ရှသွားပါက ထိုဗုံကြီးကို တီးလိုက်လျှင် ပျောက်သွားသောပစ္စည်းရှိသည့်နေရာကို ပြသလိုက်သည်။
(၃) ထူးဆန်းသော ရေကန်တစ်ကန် ပြုလုပ်ထားသည်။ ထိုရေကန်၌ အမျိုးမျိုးအဖုံဖုံသော အဖျော်ယမကာများ ရောနှောထည့်ထားသည်။ သို့သော် မိမိသောက်လိုသော ဖျော်ရည်အား ခပ်လိုက်သည်နှင့် ထိုဖျော်ရည် ပါလာသည်။ သောက်သုံးသူအနေနှင့် မိမိသောက်လိုသော ဖျော်ရည်ကို စိတ်တိုင်းကျသောက်နိုင်သည်။ စင်စစ်တွင် ကန်ထဲ၌ ဖျော်ရည်မျိုးစုံ ရောပြွမ်းထားရှိလေသည်။
(၄) အံ့သြဖွယ်ကောင်းသော ကြေးမှုံမှန်တစ်ချပ် နမ္မရူးဒ် ဘုရင့်နန်းဆောင်အတွင်း ထားရှိသည်။ ယင်းမှန်တွင် အဝေးတစ်နေရာရောက်နေသောသူ၏ ရုပ်သွင်နှင့် အခြေအနေကို ကြည့်ရှုတွေ့မြင်နိုင်သည်။
(၅) နမ္မရူးဒ်ဘုရင်၏ နန်းဆောင်အပြင်ဘက်၌ အပင်ကြီးတစ်ပင် စိုက်ပျိုးထားသည်။ ထိုအပင်ကြီး၏ အရိပ်အာဝါသသည် တိုင်းပြည်ရှိ လူဦးရေ အတိုးအလျော့အလိုက် အရိပ်မှာလည်း ကျယ်ပြန့်ခြင်း ကျုံသွားခြင်း ရှိလေသည်။ အကယ်၍ တိုင်းပြည်၌ လူဦးရေတိုးပွားလာပါက အပင်၏ အရိပ်မှာလည်း မူလအပင်၏ အရိပ်ထက် များစွာကြီးမားကျယ်ပြန့်စွာ အရိပ်ဖြစ်ပေါ်လာသည်။ အကယ်၍ လျော့နည်းသွားပါက အပင်အရိပ်မှာလည်း လူဦးရေအလိုက် သေးငယ်သွားသည်။
(၆) ရေကန်တစ်ကန် ရှိသည်။ ထိုရေကန်၏ အံ့ဖွယ်ထူးခြားချက်မှာ ပစ္စည်းတစ်ခုကို သူပိုင်သည်၊ ငါပိုင်သည်ဟု အငြင်းပွားနေပါက ထိုသူနှစ်ဦးကို ရေကန်ထဲဆင်းစေလိုက်သည်။ ပိုင်ရှင်အမှန်ဖြစ်သူသည် ကန်ထဲ၌ ခါးဝက်အထိသာ ရေမြုပ်ပြီး လိမ်လည်သူဖြစ်ပါက ရေကန်၌ ရေနစ်မြုပ်၍ သေဆုံးသွားရလေသည်။
စဟရ် အမှောင့်ပယောဂအား ကုစားနည်း
(ခ) စူရာဖလက်ပ်နှင့် စူရာနားစ်တို့ကို (၁၁)ကြိမ်စီ ဖတ်၍ မုန်ညင်းဆီတွင်း မန်းမှုတ်ပါ။ ၎င်းနောက် ပယောဂထိထားသော ရောဂါသည်၏ မျက်စိ၊ နား၊ နှားခေါင်းဝ၊ လက်သည်းခွံ၊ ခြေသည်းခွံ အားလုံးတွင် ပွတ်လိမ်းပါ။ ((ကျန်ရှိသော နည်းများကို ဤနေရာ၌ ဖော်ပြရန် မသင့်သဖြင့် စာအုပ်တွင်သာ ဖတ်ရှုလေ့လာပါ။))
ဗဟုသုတ
ဒမီရီ (ရဟ)က မိန့်သည်မှာ ဂျင်န်အားလုံးသည် အိဗ်လီးစ်၏ မျိုးဆက်များ ဖြစ်ကြသည်။ ဖရဈရျှသာ ကောင်းကင်တမန် မျိုးဆက်တွင် မပါဝင်ကြပါ။ အဘယ့်ကြောင့်ဆိုသော ဖရဈရျှသာမြားတှငျ အမျိုးသား၊ အမျိုးသမီးဟူ၍ မရှိသလို မျိုးဆက်ပြန့်ပွားခြင်းမျိုးလည်း မရှိပါ။ ၎င်းပြင် ဂျင်န်များထဲမှ အမိန့်ဖီဆန်သူ ဆိုးသွမ်းသူများကို ရှိုက်သွာန်ဟု ခေါ်ဆိုပေသည်။
ရှိုက်သွာန်များ၌လည်း အုပ်စုအမျိုးမျိုး ရှိကြပြီး ပုံစံအသွင်တစ်မျိုးစီဖြင့် လူသားများကို နှောင့်ယှက်ဖျက်ဆီးကြလေသည်။
ရှိုက်သွာန်အုပ်စုတစ်စုမှာ လူသားများ စိတ်သောက အမျိုးမျိုးရောက်ရန်နှင့် ဘေးဒုက္ခအမျိုးမျိုး ဖြစ်စေရန် လှုံ့ဆော်ကြသည်။ ယင်းအုပ်စုအား စီဗာဟ် ဟု အမည်ပေးထားသည်။
နောက်ထပ် အုပ်စုတစ်ခု၏ အမည်မှာ အအ်ဝရ် ဖြစ်သည်။ ၎င်းတို့သည် လူပျိုအပျိုများ ဇိနာအမှုကျူးလွန်စေရန် လှုံ့ဆော်ပေးသည်။
တတိယအုပ်စု၏ အလုပ်မှာ တစ်ဦးတစ်ယောက်သည် အိမ်ထဲသို့ စလာမ်မပေးဘဲ ဝင်ရောက်ပါက ထိုရှိုက်သွာန်သည်လည်း ၎င်းနှင့်အတူ အိမ်ထဲသို့ ဝင်ရောက်လာပြီး မိသားစုအတွင်း ပြဿနာဖြစ်ပေါ်စေရန် အနှောင့်အယှက်ပေးလေသည်။ ယင်းရှိုက်သွာန်အုပ်စုကို ဝါစင်မ်ဟု ခေါ်တွင်သည်။ ((ထို့ကြောင့် အပြင်မှ အိမ်တွင်းသို့ဖြစ်စေ၊ ရုံး၊ ဆိုင် အစရှိသည်တို့အတွင်းသို့ ဝင်ပါက စလာမ်ဆို၍ ဝင်ရမည်။ ဝင်သူသည် အဖေဖြစ်စေ၊ ခင်ပွန်းဖြစ်စေ၊ အဖိုး အဖွား လူကြီးလူကောင်း အုပ်ချုပ်သူ ဥက္ကဌပင်ဖြစ်စေ ဘုရင်ပင်ဖြစ်စေ မည်သူမဆို စလာမ်ဆို၍ ဝင်ရပေမည်။ ငါက ဒီနေရာက လူကြီးပဲ အဖေပဲ ခင်ပွန်းပဲ ဘာပဲ ညာပဲဟု စိတ်တွင်းတွေးကာ စလာမ်မဆိုလျှင် ရှိုက်သွာန်ကတော့ ခင်ဗျားဘာကြီးပဲ ဖြစ်နေပါ့စေ သူပါ အတူဝင်လာကာ ပြဿနာရှာမည်သာဖြစ်၏။ ထို့ကြောင့် တစ်နေရာရာသို့ ဝင်ရောက်ပါက စလာမ်ဆိုပါ။ အားလုံးကြားအောင် အော်ဆိုနေရန် မလိုအပ်ပါ။ သာမာန်အသံဖြင့် စလာမ်ပြုလျှင် လုံလောက်ပါသည်။ အဓိက ဝင်ရောက်ချိန် စလာမ် ပါရှိရန် လိုအပ်သည်။))
စတုတ္ထရှိုက်သွာန်အုပ်စုမှာ ဝလ်ဟားန်ဖြစ်သည်။ ၎င်းတို့၏ တာဝန်မှာ နမားဇ်ဆောက်တည်နေသူ၏ နှလုံးသားအတွင်း ဝဆ်ဝဆာ အတွေးပေါင်းစုံကို ထည့်သွင်း၍ နှောက်ယှက်ကြလေသည်။
သံပုရာသီးရှိသည့်အိမ်သို့ ဂျင်န် မဝင်နိုင်ခြင်း
ဂျင်န်များ၏ အကျင့်အမူတစ်ရပ်မှာ ရှောက်ချိုသီးနှင့် သံပုရာသီးရှိသည့်အိမ်အတွင်းသို့ ဝင်ရောက်ခြင်း မရှိပါ။
အိမာမ်အဗူလ်ဟစန်အလီဗင်န်ဟစန်သခင်က အမိန့်ရှိခဲ့သည်။ (သခင်သည် ဂျင်န်များ၏ တရားသူကြီးဟု နာမည်ကျော်ခဲ့သူ ဖြစ်၏) ဂျင်န်တစ်ဦးသည် ကြှနျုပျထံသို့လာ၍ စာဖတ်လေ့ရှိသည်။ တစ်ရက် လာနေကျအချိန်ထက် နောက်ကျသွားလေရာ သခင်က အကျိုးအကြောင်း မေးမြန်းလိုက်၏။ ထိုအခါ ဂျင်န်က ယနေ့သခင်ကြီးအိမ်၌ သံပုရာသီးရှိနေသောကြောင့် ကြှနျုပျမဝငျဘဲ ဤသို့ နောက်ကျရခြင်းဖြစ်သည်။ ကြှနျုပျတို့ ဂျင်အမျိုးအနွယ်များသည် သံပုရာသီးရှိနေသောအိမ်အတွင်းသို့ ဝင်ခြင်းမရှိပါ ..... ဟု အဖြေပေးလေသည်။
ဟဒီးစ်တော်တစ်ရပ်တွင် ... အနီရောင်ရှိသော ခိုငှက်နှင့် ရှောက်ချိုသီးကို ကြည့်ရှုခြင်းအား တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် နှစ်ခြိုက်တော်မူလေသည် ဟု ဆင့်ပြန်လာရှိပေသည်။
ဂျင်န်များကို အိပ်မက်လျှင်
(က) တစ်ဦးတစ်ယောက်သည် အိပ်မက်၌ ဂျင်န်များကို ကုရ်အာန်သင်ပေးနေသည်ဟု မြင်မက်ပါက "" ဥစ္စာနှင့် ရာထူး တိုးပွားအံ့""
(ခ) မိမိအိမ်ထဲသို့ ဂျင်န် ဝင်လာသည်ဟု မြင်မက်လျှင် " သူခိုးရန်မှ စိုးရိမ်ဖွယ်ရှိ၏ "
(ဂ) အိပ်မက်၌ ရူးနေသူကိုလည်းကောင်း၊ သို့မဟုတ် မိမိကိုယ်တိုင် ရူးသွားသည်ဟုလည်းကောင်း မြင်မက်သော် "ထိုသူသည် အတိုးအညွန့်စားသုံးသူ ဖြစ်အံ့ "
(ဃ) တစ်ဦးတစ်ယောက်သောသူက ဂျင်န်များနှင့် အလုပ်အတူတူလုပ်ကိုင်နေသည်ဟု မြင်မက်ပါက " မိမိအပေါ် လူလည်ကျမည့်သူနှင့် ကြုံကြိုက်ရအံ့ "
-----။-----
{{မော်လာနာကာရီမုဟမ္မဒ်ယူနွတ်(စ်) (မအူပင်) ပြန်ဆိုရေးသားသော တိရိစ္ဆာသုတကမ္ဘာနှင့် အဖိုးတန်ဆေးနည်းများ စာအုပ်မှ ကူးယူတင်ဆက်ပါသည်။}}
အလ်မုဖီးဒ်
ရမ်ဇာန်/ ၂၇/ ယောင်မုလ်အရ်ဗာအ်/ ဟိဂျရီ ၁၄၃၆
0 Comments