မေးမြန်းတင်ပြချက်အရ
ဒုအာသည် အချိန်တိုင်းမှာ တောင်းလို့ရပါသည်။ လက်ခံခြင်းလည်းခံရမည်။ အချိန်တိုင်းမှာ အလ္လာဟ်အသျှင် လက်ခံမယ်ဆိုပြီး မျှော်လင့်ချက်ထားရမည်။ တစ်ချို့သောနေရာများတွင် ပိုပြီးဒုအာလက်ခံလေ့ရှိသည်။ ဤအတိုင်းပဲ တစ်ချို့သောအချိန်ကာလတွင် ပိုပြီးဒုအာလက်ခံလေ့ရှိသည်။ ထို့အပြင် ဒုအာတောင်းသည့်အခါ ဒုအာ၏ရိုသေသမှု့များရှိပါသည်။ ထိုရိုသေသမှု့များ ပြုလုပ်ပြီး ဒုအာ တောင်းမည်ဆိုပါက ဒုအာပိုလက်ခံနိုင်သည်။
{1} ဒုအာတောင်းသည့်အခါ ထားရှိရမည့်ရိုသေ သမှု့များ
(၁) ဟရာမ်အစားအသောက်စားခြင်း၊ ဝတ်ဆင်ခြင်း၊ ရှာဖွေခြင်းမှ ရှောင်ရှားခြင်း။
(၂) အိခ်လာဆ်ွဖြင့် ဒုအာတောင်းခံခြင်း (ဆိုလိုသည်မှာ နှလုံးသားထဲတွင် မိမိလိုအပ်ချက်များကို အလ္လာဟ်အသျှင်မြတ်မှလွဲ၍ မည်သူမျှ မဖြည့်ဆည်းပေးနိုင်ဘူးဟု မှတ်ယူခြင်း။)
(၃) ဒုအာမတောင်းခင်အလျင်မှာ ကောင်းမှု့ တစ်ခုခုလုပ်ဆောင်ခြင်း၊ ပြီးနောက် ဒုအာတောင်းသည့်အခါ " "အိုး....အလ္လာဟ်အသျှင် ကျွန်တော်မျိုးသည် အလ္လာဟ်အသျှင် နှစ်သက်ဖို့အတွက် ကောင်းမှု့တစ်ခုလုပ်ခဲ့ပါသည်။ ထိုကောင်းမှု့၏ ဗရ်ကသ်ဖြင့် ကျွန်တော်မျိုးရည်ရွယ်ထားသော ကိစ္စရပ်တစ်ခုအား ဖြည့်ဆည်းပေးသနားတော်မူပါ" ဟု ဆိုပြီးတောင်းခံခြင်း။
(၄) ခန္ဓာကိုယ်သန့်ပြန့်စွာဖြင့် ဒုအာတောင်းခံခြင်း။
(၅) ဝူဇူဖြင့် ဒုအာတောင်းခံခြင်း။
(၆) ကိဗ်လာဟ်ဘက်သို့ မျက်နာမူပြီး ဒုအာတောင်းခံခြင်း။
(၇) သရှဟ်ဟုဒ်ပုံစံထိုင်ခြင်း။
(၈) ဒုအာ၏အစနှင့်အဆုံးတွင် အလ္လာဟ်အသျှင်မြတ်အား ချီးမွမ်းထောပနာပြု ခြင်း။
(၉) ဒုအာ၏အစနှင့်အဆုံးတွင် ကိုယ်တော်မြတ်ကြီး (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ဒရူးဒ်မေတ္တာပို့သခြင်း။
(၁၀) လက်နှစ်ဖက် ဖြန့်ပြီးတောင်းခံခြင်း။
(၁၁) လက်နှစ်ဖက်ကို ပခုံးနှင့်တပြေးညီ ထားခြင်း။
(၁၂) ရိုကျိုးစွာဖြင့် ထိုင်ခြင်း။
(၁၃) မိမိ၏လိုအပ်ချက်များ၊ မတတ်စွမ်းနိုင်မှုများကို တင်ပြခြင်း။
(၁၄) ဒုအာတောင်းသည့်အခါ မိုးကောင်းကင်ဘက်သို့ မကြည့်ရှု့ခြင်း။
(၁၅) အလ္လာဟ်အသျှင်၏ မြင့်မြတ်သောနာမတော်များ၊ ဝိသေသများကို ဖတ်၍ ဒုအာတောင်းခံခြင်း။
(၁၆) ဒုအာကို ကာရံ(အလိုက်)များဖြင့် မတောင်းခံခြင်း။
(၁၇) အကယ်၍ ဒုအာသည် ကဗျာပုံစံဖြစ်ပါမူ သီချင်းအလိုက်များဖြင့် မတောင်းခံခြင်း။
(၁၈) ဒုအာတွင် နဗီတမန်တော်များ၊ သူတော်စဉ်များ၏ ဝစီလဟ်(အကြောင်းခံ)ထား တောင်းခံခြင်း။
(၁၉) အသံတိုးတီးစွာ ဒုအာတောင်းခံခြင်း။
(၂၀) မိမိလိုအပ်ချက်များနှင့်အတူ တမန်တော်
မြတ်ကြီး (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)
တောင်းခံခဲ့သော ဒုအာများကိုလည်း
ရွတ်ဖတ်ခြင်း။
(၂၁) ဒီန်ကိစ္စများ၊ လောကီ၏လိုအပ်ချက်များ
များစွာပါဝင်သော ဒုအာကိုတောင်းခံခြင်း။
(၂၂) ဒုအာတွင် ပထမ မိမိအတွက်တောင်းခံ
ခြင်း၊ ပြီးနောက် မိမိ၏မိဘအတွက်တောင်းခံ
ခြင်း၊ ပြီးနောက် မုစ်လင်မ်အားလုံးအတွက်
တောင်းခံခြင်း။
(၂၃) အကယ်၍ အေမမ်ဖြစ်မည်ဆိုလျင် မိမိ
တစ်ယောက်ထဲအတွက်မတောင်းပဲ မုက်သဒီ
အားလုံးအတွက်ပါ တောင်းခံပေးခြင်း။
(၂၄) ယုံကြည်ချက်အပြည့်ဖြင့်
ဒုအာတောင်းခံခြင်း။
(၂၅) လိုလိုလားလားဖြင့် ဒုအာတောင်းခံခြင်း။
(၂၆) တက်နိုင်သလောက် နှစ်နှစ်ကာကာဒုအာ
တောင်းခြင်း။ မိမိ ဒုအာကို လက်ခံမယ်ဆိုပြီ
ပြည့်ပြည့်ဝဝ မျှော်လင့်ချက်ထားခြင်း။
(၂၇) ဒုအာတွင် မိမိလိုအပ်ချက်တစ်ခုစီတိုင်းကို
အကြိမ်ကြိမ်တောင်းခံခြင်း။ အနည်းဆုံးသုံး
ကြိမ်လောက် တောင်းခံခြင်း။
(၂၈) ဒုအာတောင်းသည့်အခါတွင် ငိုပြီးတောင်း
ခံခြင်း။ မငိုပါက ငိုခြင်းအောင်ဆောင်၍
တောင်းခံခြင်း။
(၂၉) အပြစ်တစ်ခုခုလုပ်ဆောင်ဖို့၊ ဆွေမျိုး
အဆက်အသွယ်ဖြတ်တောက်ဖို့အတွက်
ဒုအာမတောင်းခံခြင်း။
(၃၀) ဖြစ်ပြီးသား ကိစ္စရပ်ကိုမတောင်းခံခြင်း။.
(ဆိုလိုသည်မှာ ပမာအားဖြင့် အရပ်ရှည်သူသည်
အရပ်ပုဖို့အတွက် ဒုအာတောင်းခံခြင်း။)
(၃၁) မဖြစ်နိုင်သော ကိစ္စရပ်တစ်ခုခုအား
မတောင်းခံခြင်း။
(၃၂) အလ္လာဟ်အသျှင်၏ ရဟ်မသ်ဂရုဏာ
တော်ကို မိမိအတွက်သီးသန့်လုပ်ပြီး
မတောင်းခံခြင်း။
(၃၃) မိမိ၏လိုအပ်ချက်အားလုံးကို အလ္လာဟ်
အသျှင်မြတ်စီကသာ တောင်းခံခြင်း။
(၃၄) ဒုအာတောင်းသူကော နားထောင်သူကော
ဒုအာအဆုံးတွင် အာမီန်းဆိုခြင်း။
(၃၅) ဒုအာပြီးဆုံးပြီးနောက်တွင် လက်နှစ်
ဖက်ကို မိမိမျက်နာအား ပွတ်သပ်ခြင်း။
(၃၆) မက်ဗူလ်လက်ခံသောဒုအာများတွင်
အလျင်စလို မပြုလုပ်နှင့်။
(ဆိုလိုသည်မှာ ကျွန်တော်မျိုးသည် ဒုအာတောင်း
ခံပြီးပြီး၊ အခုထိ ထိုကိစ္စမအောင်မြင်သေပါဆိုပြီး
မပြောလေနှင့်။)
{2} ဒုအာပိုပြီးလက်ခံနိုင်သောအချိန်များ
(၁) ကဒရ်ညမြတ်။(ရမ်ဇန်လမြတ်၏ နောက်ဆုံး
ဆယ်ရက်၏ "မ"ညများ ၂၁၊ ၂၃၊ ၂၅၊ ၂၇၊ ၂၉)
(၂) အရ်ဖသ်နေ့။
(၃) ရမ်ဇန်လမြတ် တစ်လလုံး။
(၄) ဂျွမ်အဟ်နေ့နှင့်ည။
(၅) နေ့စဉ်နေ့တိုင်း၏ ညအစ၊ ညအဆုံး၊
ညအလယ်၊ စဟ်ရီအချိန်။
(၆) ဂျွမ်အဟ်နေ့တွင် အေမမ်ခုသ်ဗဟ်ဖတ်ဖို့
ထိုင်သည့်အချိန်ကနေ နမာဇ်ပြီးဆုံးသွားသည့်
အချိန်၏ ကြားအချိန်။ အေမမ်ခုသ်ဗဟ်ဖတ်နေ
သည့်အချိန်တွင် ဒုအာတောင်းမည်ဆိုပါက
နုတ်ဖြင့်မတောင်းပဲ စိတ်ဖြင့်တောင်းခံခြင်း။
ခုသ်ဗဟ်တွင် အေမမ်သည် ဒုအာစာပိုဒ်များကို
ဖတ်ပါ အာမီန်းကို စိတ်ထဲမှာဆိုခြင်း။
(၇) ဂျွမ်အဟ်နေ့အဆွရ်အပြီးကနေ
နေမဝင်ခင်အချိန်ကြား။
{3}#ဒုအာပိုပြီးလက်ခံနိုင်သောအခြေနေများ
(၁) အဇာန်ပေးနေချိန်။
(၂) အဇာန်နှင့်အေကာမသ် ကြားချိန်။
(၃)
ပြီးနောက်အချိန်။
(၄) စစ်မြေပြင်တွင် လိုင်းစီနေသည့်အချိန်။
(၅) စစ်မြေပြင်တွင် အပြင်အထန်တိုက်ခိုက်
နေချိန်။
(၆) ဖရဇ်နမာဇ်များပြီးနောက်အချိန်။
(၇) စဂ်ျဒဟ်ပြုနေသည့်အချိန်။ သို့သော်
ဖရဇ်နမာဇ်များ၏စဂ်ျဒဟ်တွင် မတောင်းသင့်ပေ။
(၈) ကုရ်အာန်ဖတ်ပြီးနောက်အချိန်။
ကုရ်အာန်ခသမ်သိမ်းပြီးနောက်အချိန်။
(၉) ဇမ်ဇမ်ရေသောက်သုံးချိန်။
(၁၀) သေအံစဲစဲဖြစ်နေသောသူ၏နားကို
လူများရောက်ရှိလာသောအချိန်။
(၁၁) ကြက်တွန်းသံကြားချိန်။
(၁၂) မုစ်လင်မ်များ စုရုံးချိန်။
(၁၃) ဇိကိရ်၏ထိုင်ဝိုင်းများမှာ ရှိနေချိန်။
(၁၄) အေမမ်သည်
ဖတ်ပြီးနောက်အချိန်။
မှတ်ချက် အေမမ် ဖတ်ပြီးနောက်
တွင် အာမီန်းပဲဆိုရမည်။ တစ်ခြားဒုအာမဖတ်
ရပေ။ အဘယ်ကြောင့်ဆိုသော် " အာမီန်း "
ဆိုသော စကားလုံးသည် ဒုအာဖြစ်သည်။
(၁၅) နမာဇ်အတွက် အေကာမသ်ပေးချိန်။
(၁၆) မိုးရွာသောအချိန်။
(၁၇) ကအ်ဗဟ်ကျောင်းတော်ကို မြင်သည့်အချိန်။
စူရဟ် အန်အာမ်အာယသ် ( ) တွင်
" အလ္လာဟ်" ဆိုသော စာလုံးနှစ်လုံးကြားတွင်
ခနနား၍ ဒုအာတောင်းခံခြင်း။
{4} #ဒုအာပိုပြီးလက်ခံသောနေရာများ
(၁) ကအ်ဗဟ်ကျောင်းတော်၏တံခါးဝတွင်။
(၂) ဟဂ်ျရေအစ်ဝဒ်နားတွင်။
(၃) အမဲရောင်ကအ်ဗဟ်ကျောင်းတော်၏
ရေတလျောက်အောက်တွင်။
(၄) အမဲရောင်ကအ်ဗဟ်ကျောင်းတော်၏
အတွင်းထဲတွင်။
(၅) ဇမ်ဇမ်ရေတွင်းနားတွင်။
(၆) ဆွဖဟ်၊ မရ်ဝဟ်တောင်ပေါ်တွင်။
(၇) စအီ ဆွဖဟ် မရ်ဝဟ်တောင်နှစ်ခုကြားပြေး
သည့်အချိန်။
(၈) မကာမေအိဗ်ရာဟီးမ် နောက်တွင်။
(၉) အရ်ဖာသ်ကွင်းပြင်တွင်၊ မုဇ်ဒလေဖဟ်တွင်၊
မီနာဟ်တွင်။
(၁၀) ရှိုင်သွာန်ကိုခဲပေါက်သောနေရာ
သုံးနေရာတွင်။
(၁၁) ကိုယ်တော်မြတ်ကြီး (ဆွလ္လလ္လာဟုအလိုင်း
ဟိဝစလ္လမ်) ၏ မြင့်မြတ်လှသော
ရောင်ဒွဟ်တော်နားတွင်။
{5} #ဒုအာအမြန်ဆုံးလက်ခံခြင်းခံရသော
#ပုဂ္ဂိုလ်များ
.
(၁) အခက်ခဲရောက်ရှိနေသော ပုဂ္ဂိုလ်၏ဒုအာ။
(၂) နှိပ်စက်ညှင်းပန်းခြင်းခံရသော
ပုဂ္ဂိုလ်၏ဒုအာ။
(၃) သားသမီးအတွက် တောင်းခံပေးသော
မိဘ၏ဒုအာ။
(၄) တရားမျှတသော ဘုရင်၏ဒုအာ။
(၅) လူကောင်းလူမွန်တို့၏ဒုအာ။
(၆) မိဘအမိန့်နာခံသော သားသမီး၏ဒုအာ။
(၇) ခရီးသယ်၏ဒုအာ။
(၈) ရိုဇာသယ်၏ ဝါဖြေချိန်တွင်
တောင်းသောဒုအာ။
(၉) မုစ်လင်မ်တစ်ဦ မှ နောက်မုစ်လင်မ်
တစ်ဦး အတွက် တောင်းပေးသောဒုအာ။
(၁၀) ဟာဂျီသည် ဟဂ်ျမှပြန်လာနေချိန်တွင်
တောင်းခံသောဒုအာ။
မူရင်းရေးသူအား credit ပေးပါသည်
ရှာဖွေတင်ပြသူ Kate Murphy
30.10.2023 ( 5:09 ) pm
0 Comments