(၁)စူရာဟ်များအား ရှေ့နောက်အစဉ်လိုက်မတွဲပဲ
ပြောင်းပြန်တွဲခြင်း။ဆိုလိုသည်မှာအရင်လာ
သည့်စူရာဟ်ကိုဒုတိယရက်အသ်တွင်တွဲပြီး
နောက်မှလာသည့်စူရာဟ်ကိုပထမရက်အသ်
တွင်တွဲခြင်း။ဥပမာ ပထမရက်အသ်တွင်စူရာဟ်
"ကွလ်အအူးဇို့ဗိရဗ္ဗင်န်နားစ်..."တွဲ၍ ဒုတိယရက်
အသ်တွင် "ကွလ်အအူးဇို့ဗိရဗ္ဗင်န်လ်ဖလက်..."
တွဲခြင်း။ပထမ ရက်အသ်တွင် "ကိုဟုဝလ္လာဟ်ို့
အဟဒ်...."တွဲ၍ဒုတိယရက်အသ်တွင် "သဗ္ဗသ်
ယဒါ..."တွဲခြင်း စသဖြင့်................
(၂)ပထမရက်အသ်တွင်တွဲသောစူရာဟ်နှင့်ဒုတိယ
ရက်အသ်တွင်တွဲသောစူရာဟ်အကြားတွင်စူရာဟ်
အတိုတစ်ပုဒ်ချန်ထားခဲ့ခြင်း။ဥပမာ ပထမရက်အသ်
တွင် "သဗ္ဗသ်ယဒါ..."တွဲပြီးနောက် ဒုတိယရက်အသ်
တွင် သူ့နောက်တွင်အစဉ်လိုက်လာရှိသော "ကွလ်ဟု
ဝလ္လာဟို့အဟဒ်...."ကိုမတွဲပဲချန်ထားခဲ့ပြီး"ကွလ်အ
အူးဇိူ့ဗိရဗ္ဗင်န်လ်ဖလက်...."တွဲခြင်း.....
(ကြားထဲတွင်ကျော်ထားခဲ့သောစူရာဟ်သည်
စူရာဟ်အရှည်ဖြစ်ပါက ပြဿနာအလျင်းမရှိပေ။)
(၃)နှစ်ရက်အသ်စလုံးတွင် အကြောင်းမဲ့ အတလိ
စူရာဟ်တစ်ပုဒ်တည်းက်ိုသာဖတ်ခြင်း။ဥပမာ
ပထမရက်အသ်တွင်"ကွလ်ဟုဝလ္လာဟ်ို့အဟဒ်"
တွဲပြီးနောက် ဒုတိယရက်အသ်တွင်လည်း"ကွလ်ဟု
ဝလ္လာဟ်ို့အဟဒ်"ကိုနောက်တစ်ကြိမ်ထပ်တွဲခြင်း။
(မေ့လျော့၍သော်လည်းကောင်း/စူရာဟ်တစ်ပုဒ်
တည်းကိုသာအလွတ်ရသောကြောင့်လည်းကောင်း
တစ်ပုဒ်တည်းကိုတွဲမိပါကမက်ရူးဟ်လည်းမဖြစ်
ပေ။)
(၄)အာယသ်အတိုအရှည်အားဖြင့်အရမ်းကွာဟမှု
မရှိသောစူရာဟ်နှစ်ပုဒ်အားတစ်ရက်အသ်တွင်
တစ်ပုဒ်ဆီတွဲ၏။ထိုသို့တွဲသောအခါ ဒုတိယ
ရက်အသ်တွင်တွဲသောစူရာဟ်သည်ပထမရက်အသ်
တွင်တွဲသောစူရာဟ်ထက် အာယသ်အရည်အတွက်
(၃)အာယသ် (သို့)ထိုထက်ပိုရှည်ခြင်း။ဥပမာ ပထမ
ရက်အသ်တွင်သုံးအာယသ်ရှိသော စူရာဟ်"ဝလ်အ
က်ဆ်ွရ်"တွဲပြီး ဒုတိယရက်အသ်တွင် အာယသ်(၉)
အာယသ်ရှိသော စူရာဟ်"ဝိုင်လွလ်လိကုလ္လိဟုမဇ
သိလ်လုမဇသေ့.."တွဲခြင်း။
#မက်ရူးဟ်ဖြစ်သည်ဆိုသည်မှာနမားဇ်တွင်မပြုသင့်သောစဝါးဗ်အားလျော့နည်းမှုဖြစ်စေသောအချက်ဖြစ်
သည်ဟုဆိုလိုသည်။မက်ရူးဟ်ဖြစ်သော်လည်းနမားဇ်
သည်ခြွင်းချက်မဲ့ပိုင်ပါသည်။
#အထက်ဖေါ်ပြပါမက်ရူးဟ်ဖြစ်စေသောအချက်
များသည်ဖရက်ဇ်နမားဇ်များတွင်သာမက်ရူးဟ်ဖြစ်
စေသည်။စွန္နသ် နှင့်နဖိလ်နမားဇ်များတွင် မက်ရူးဟ်
မဖြစ်စေပါ။
الدر المختار وحاشية ابن عابدين (رد المحتار) (1/ 546)
"ويكره الفصل بسورة قصيرة وأن يقرأ منكوساً، إلا إذا ختم فيقرأ من البقرة. وفي القنية: قرأ في الأولى "الكافرون" وفي الثانية "ألم تر" أو " تبت" ، ثم ذكر يتم، وقيل: يقطع ويبدأ، ولا يكره في النفل شيء من ذلك.
الدر المختار مع شرحه ردالمحتار (الشامي) (1 / 546):
"لا بأس أن يقرأ سورةً ويعيدها في الثانية.
(قوله: لا بأس أن يقرأ سورةً إلخ ) أفاد أنه يكره تنزيها، وعليه يحمل جزم القنية بالكراهة، ويحمل فعله عليه الصلاة والسلام لذلك على بيان الجواز، هذا إذا لم يضطر، فإن اضطر بأن قرأ في الأولى: {قل أعوذ برب الناس} الناس أعادها في الثانية إن لم يختم، نهر"
Inamulhasan Mazahiri
0 تعليقات