Ad Code

Assalamualikum

💕ရစူလ်ကိုယ်တော်မြတ်ကြီး  မုအ်ဂျေဇာကိုပြသခဲ့သည့် သမိုင်းဝင် ဗီးရေ့ရှီဖာ ရေတွင်း၏ ထူးခြားချက်လေးရပ် ➖➖➖➖➖➖➖➖➖➖➖


🔹တခါက ရစူလ်ကိုယ်တော်မြတ်ကြီး  ထံ မဒီနာမြို့သားများက ရေတွင်းတစ်ခု၏ ရေမှာ ခါး၍ ကျန်းမာရေးနှင့်မသင့်လျော်ကြောင်း အဆိပ်ဓာတ်များရှိကြောင်းလျှောက်ထားကြရာ  ချစ်ရစူလ်ကိုယ်တော်မြတ်ကြီး   က
 á€™ိမိတံတေ ွးတော်ကို ထွေးပေးခဲ့ပြီးနောက် မုအ်ဂျေဇာတော်ဖြင့် ရေများမှာ ချိုမြ၍ သောက်သုံးရန် ကောင်းမွန်လာခဲ့သည်။

🔸ထိုအချိန်မှစ၍ ဒီရေတွင်းမှ ရေကို လူအများသောက်သုံးခဲ့ရာ
 á€”ေမ ကောင်းသူများပြန်လည်သက်သာလာရာ သောက် သုံးသူများကို အရှင်မြတ်ဘက်တော်မှ သက်သာ ပျောက်ကင်းမှု ပေးသနားတော်မူသည့်
အတ ွက် ဗီရေ့ရှီဖာရေတွင်းဟု မဒီနာသားတို့က ခေါ်ဆိုကြသည်။

🔺လ ွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက ယခုထိရှိနေသေးသည့် ဗီရေရှီဖာရေတွင်းမှာ ဆော်ဒီနိုင်ငံ မဒီနာမြို့တော် မတ်စ်ဂျေ့ဒေ့နဗဝီဝတ်ကျောင်းတော်မှ
 á‰á‡ ကီလိုမီတာ ကွာဝေးသည်။ 

▪️ရေတ ွင်းအနက်မှာ ၁၅ မီတာမှ မီတာ ၂၀ အထိနက်သည်။ မဒီနာမှ ဂျစ်ဒါသို့သွားရာလမ်းကြောင်းရှိ 
ဗဒရ်စစ်ပွဲဖြစ်ခဲ့သည့်နေရာဘက်မှ လွယ်ကူစွာ လည်ပတ်လေ့လာနိုင်သည်။ 

အေလာဟုခေါ်ဆိုသည့်ဒေသတွင် ရှိသည့် အဆိုပါရေတွင်းလေးကို ဂူဂဲလ်မြေပုံမှဆိုလျင်
ှ https://goo.gl/mapsGjcWKa1 FN2jyAwDA8 လင့်တ ွင် ရှာဖွေနိုင်သည်။

♦️သမိုင်းကြောင်းအကျဉ်း

ထိုခေတ်အခါက မက္ကာဟ်ရွှေမြို့တော်သို့ 
ဟဂ်ျနှင့်အွမ်ရာသွားသည့် မွတ်စလင်ခရီးသွားများ သောက်သုံးရေအခက်အခဲရှိ၍ အဆင်ပြေစေရန်အတွက် တူးဖော်ပေးခဲ့သည်။ ကံအားလျော်စွာ ရေတွင်းမှ ရေများမှာ ခါးနေပြီး ကျန်းမာရေးနှင့်မညီညွတ်ပဲ သောက်သူများ နာမကျန်းဖြစ်ခဲ့သ ည်။ ဆားဓာတ်မျာလွန်း၍ တိရစ္ဆာန်များပင်  ဖော်ပြပါရေကို မသောက်နိုင်ပေ။

💞ကိုယ်တော်မြတ်ကြီး ﷺမုအ်ဂျေဇာတော်

ကိုယ်တော်မြတ်ကြီး ﷺမုအ်ဂျေဇာတော်ဖြင့် 
တံတွေးတော်ကိုး ထွေးပေးလိုက်ပြီးနောက် ရေများမှာ ရေချိုအဖြစ်ပြောင်းလဲလာပြီး ကျန်းမာရေးအတွက် အလ္လာဟ်အရှင်မြတ်သခင်၏ အသနားတော်ဖြင့် ရှေဖာဖြစ်လာသည်။

💕ကိုယ်တော်မြတ်ကြီး၏
 á€ေတ်အခါကတည်းက ယ နေ့တိုင်ရှိနေခဲ့သည့် ဗီရေရှီဖာရေတွင်းမှာ ဆော်ဒီနိုင်ငံအတွင်း အထင်ရှားဆုံး အကြော်ကြားဆုံး ရှေးဟောင်းသမိုင်းဝင် ရေတွင်းတစ်ခုဖြစ်ပြီး ကမ္ဘာတခွင်မှ လာရောက်လည်ပတ်ကြသူများစွာ ရှိနေသည်။

ဆော်ဒီနိုင်ငံသို့ ဟဂ်ျနှင့်အွမ်ရာပြုရန် လာရောက်ကြသည့် နိုင်ငံတကာမှ မွတ်စလင်မ်များ အစ္စလာမ့်သမိုင်းဝင် ကိုယ်တော်မြတ်ကြီး ﷺမုအ်ဂျေဇာတော်ဖြင့် ရေငန်မှ ရေချိုဖြစ်ခဲ့သည့် ရေတွင်းလေးရှိရာသို့ နှစ်စဉ် လာရောက်လည်ပတ်လေ့ရှိကြသည်။

Ref :  Life in Saudi Arabia
Ksm.mingyi ဘာသာပြန်သည်။

إرسال تعليق

0 تعليقات

Close Menu