Ad Code

Assalamualikum

အလိုက်သိတတ်သောမိန်းမ

သတိ မျက်ရည်ထိန်းနိုင်မှ ဖတ်ပါ..စုံတွဲတွေ ချစ်သူတွေ 
လင်မယားတွေ ဒီစာကို ဖတ်သင့်တယ်..ချစ်ခင်မူ့တိုးလိမ့်မယ်....

တစ်ချို့ကပြောတယ်...
မိန်းမကိုပေးလိုက်ပြီးတဲ့ငွေဟာ
ပြန်တောင်းဖို့အရမ်းခက်တယ်တဲ့..
အကုန်မပေးဘဲကိုယ့်အတွက်ချန်ပြီးဖွက်ထားရတယ်ပြောလို့
ဟိုအရင်က သူမသိဘဲ တစ်ကိုယ်ထဲ
သုံးခဲ့ဖူးတာတွေက သိပ်ကိုမှားသွားခဲ့တယ်။

ကျွန်တော် နေမကောင်းဖြစ်ချိန်နေ့ရက်များစွာ
ဝင်ငွေမရှိလို့ဆေးခန်းပြဖို့ဝေလာဝေး
ဆန်ဝယ်ဖို့တောင်ငွေမရှိတဲ့အခါ
ကျွန်တော်မသိတဲ့ သူ့စုဗူးလေးကိုဖောက်တယ်။

မိန်းမမှာစုထားတာရှိတယ်ပြောပြီးကျွန်တော့်နဖူးကို
အသာစမ်းလို့ဆေးခန်းသွားမယ်ဆန်၀ယ်မယ်
ဘာမှစိတ်မပူနဲ့တဲ့..ကျွန်တော်လေ သူ့အပြုံးတွေကိုကြည့်
ကျွန်တော့်အပြုအမူတွေကိုပြန်သတိရတော့....
ရင်ထဲမှာဆို့နင့်သွားခဲ့ရဖူးတယ်။

တစ်ချို့ကပြောတယ်...မိန်းမဆိုတာ ကိုယ့်အပေါ်
မီးသေနေရမယ်တဲ့ ကိုယ်ပြောတာဘာမဆို
လိုက်နာတဲ့သူမျိုးဖြစ်ရမယ်ဆိုလို့...
ဟိုအရင်တစ်ခါက အလုပ်ကအပြန်သူ့ကိုအိမ်မှာ
မတွေ့တော့စိတ်တိုပြီးစကားများကြရတဲ့အခါ
သူ့ကိုလက်နဲ့ရွှယ်လိုက်မိတာ သိပ်ကိုမှားသွားတယ်

ကျွန်တော့လက်ကိုသေချာကြည့်ပြီး သူဟာလေ
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်။
အခုရွယ်လိုက်တဲ့လက်အတွက်..
လက်စွပ်လေးသူသွားလုပ်တာတဲ့။

အဲဒီလိုနဲ့ သူ့မျက်နှာကိုကြည့်ပြီး
ရင်ထဲမချိအောင် နာကျင်ခဲ့ရဖူးတာလဲရှိတယ်။

တစ်ချို့ကပြောတယ်ကိုယ့်မိဘလောက်ဘယ်အရာမှ
ှအရေးမကြီးဘူးတဲ့ကိုယ့်မိဘကို အဓိကပြုစု
စောင့်ရှောက်ရမယ်ဆိုလို့ဟိုအရင်တုံးက
ကျွန်တော့်မိဘအတွက်ကိုပဲ အမြဲတမ်းဦးစားပေးပြီး
သတိတရနဲ့ပေးကမ်းခဲ့တာကအိမ်ထောင်ရှင်
ကျွန်တော့အတွက်တော့သိပ်ကိုတစ်ကိုယ်ကောင်း
ဆန်သလိုဖြစ်သွားမှန်းသိခဲ့ရဖူးတယ်။

ကျွန်တော့်မိဘအတွက်ပုံမှန်ပေးနေကြငွေလေးကို
သက်သက်ဖယ်လိုက်မိတဲ့ လကုန်ရက်တစ်ရက်မှာ
မိန်းမကပြောတယ်

အခုဒီလခအထဲကနေ ယောင်္ကျားဆီမှာပိုက်ဆံ
ံနည်းနည်းလောက်မပိုဘူးလားတဲ့....
ဟာ ..... မိန်းမကလဲကွာ ဘယ်ကလာပိုရမှာလဲ ဒီမှာအခုခွဲခြမ်းလိုက်တာအားလုံးကွက်တိဘဲလေ
ဘာလုပ်မလို့လဲလို့ပြန်မေးလိုက်တော့
မျက်နှာနဲနဲညှိုးပြီး ဘာမှမဟုတ်တော့ပါဘူး
ယောင်္ကျားရယ်တဲ့.....

ဒီလိုနဲ့ဘဲ ကျွန်တော့်မိဘဆီကိုငွေပို့ပြီး နောက်နေ့မနက်မှာ
မိန်းမရဲ့ဖုန်းဆီကို ဖုန်း၀င်လာတော့မိန်းမက
ဖုန်းနားမှာမရှိဘူး ရေအိမ်ထဲသွားနေလို့
ကျွန်တော်ကောက်ကိုင်လိုက်တယ်။

ဖုန်းကို နားအနားကိုကပ်လိုက်ပြီး ဟယ်လိုလို့
မလုပ်ရသေးခင်မှာဘဲ တဖက်ကအလောတကြီးနဲ့
စကားစပြောပါတော့တယ်

သမီးလား......
အမေအခုအရေးကြီးနေလို့ သမီးဆီကို
ထက်ပြီးဖုန်းခေါ်လိုက်ရတာသမီးဆီကနေ
အမေပိုက်ဆံပြောထားတာ အဆင်ပြေနိုင်လားသမီးလေး
ဒီမှာသမီးအဖေကလဲတော်တော်လေး
နေမကောင်းဖြစ်နေတယ် ။ ဒီနှစ်ကမိုးအရမ်းရွှာလို့
သီးနှံတွေလဲရေနစ်တော့အမေတို့ဆီမှာ
တော်တော်လေးအခက်အခဲဖြစ်နေတယ်သမီးရယ်
သမီးမှာအဆင်ပြေရင် အမေ့ကိုပိုက်ဆံနည်းနည်း
လောက်ကူပါအုံးနော်တဲ့...

နားထဲကြားလိုက်ရတဲ့အသံကြောင့် ကျွန်တော်ဟာ
ဆွံ့အသွားမိတယ်

တဖက်က ဆက်ပြောတယ် ဟယ်လို ဟယ်လို သမီးလေး အမေပြောတာကြားလားတဲ့

" အော်
အမေ့သမီးမဟုတ်ပါဘူးအမေ ကျွန်တော်ပါ
အမေ့သမီးက နောက်ဖေးသွားနေလို့
ကျွန်တော်ဖုန်းကိုင်လိုက်တာပါ"

ဟယ်
အမေက သမီးထင်လို့ စကားတွေလောလောနဲ့
ပြောလိုက်မိတာပါ အားနာလိုက်တာသားရယ်တဲ့

ကြည့်စမ်းး ကျွန်တော်ကို ယောက်ခမလုပ်သူက
အားနာလို့တဲ့လေသူ့သမီးရဲ့ရှာစာမရှိတော့
သူပြောတဲ့စကားအတွက် ကျွန်တော့်ကိုအားနာသွားမှာပေါ့
ကျွန်တော်ချက်ချင်းဘဲ စကားပြန်ပြောလိုက်ပါတယ်

ဟာ မဟုတ်တာဘဲအမေရယ် ကျွန်တော့်ကို
ဘာအားနာစရာရှိလို့လဲအမေတို့အခတ်အခဲကို
ကျွန်တော်လဲအခုလိုသိမှဖြစ်မှာပေါ့ ဘာမှစိတ်မပူနဲ့နော်
ကျွန်တော်အမေ့သမီးနဲ့တိုင်ပင်ပြီး
အမေတို့အခတ်အခဲကိုအဆင်ပြေအောင်လုပ်မှာပါ
မပူနဲ့တော့နော်

ကျွန်တော့်ရဲ့စကားကြောင့် တစ်ဖတ်ကဖုန်းသံထဲမှာ
တရှုံ့ရှုံ့နဲ့ငိုနေသံကိုကြားနေရတယ်
ကျွန်တော်မကြားရက်လို့ ဖုန်းကိုပြန်ချလိုက်ပြီး
အနောက်ကိုလှည့်လိုက်တော့

သြော် မိန်းမလုပ်သူက ကျွန်တော့်အနောက်နားမှာ
ရောက်နေတာကိုးဖုန်းပြောနေတဲ့အသံတွေကို
သူကြားသွားပြီဘဲမျက်ရည်တွေရစ်ဝဲနေတဲ့ မိန်းမရဲ့
မျက်နှာကိုကြည့်ပြီး ကျွန်တော်သူ့ကိုပြုံးပြလိုက်ပါတယ်

အဲ့ဒီ့နောက် သူ့အနားကထွက်လာခဲ့ပြီး
ကျွန်တော်သတိထားလိုက်မိတာကကျွန်တော့်မိန်းမဟာ
သူ့မိဘကိုကျွေးချင်ပေးချင်တာလေးတွေရှိခဲ့ပေမယ့်
တစ်ချိန်လုံးကျွန်တော့်မျက်နှာကိုကြည့်ပြီး
လင်မယားချင်းတောင် ပြောရမှာအားနာနေခဲ့တာ
တွေရှိလိမ့်မယ်ဆိုတာပါပဲ။

ဒီလိုမျိုးအဖြစ်တွေ သူခံစားခဲ့ရတာ
ဘယ်လောက်တောင်များနေခဲ့မလဲလို့တွေးမိတော့
ကျွန်တော့်စိတ်ထဲလုံး၀မကောင်းခဲ့ဘူး။

ကျွန်တော်ဟာ ကိုယ့်မိဘတစ်ဘက်တည်းကိုပဲ
ဂရုစိုက်မိခဲ့တာမဟုတ်လား။တကယ်ဆိုရင်
သူ့မိဘဘက်ကိုလဲ ကျွန်တော်ဂရုစိုက်မိခဲ့ရမှာပေါ့၊

အေးအတူပူအမျှဆိုတဲ့သဘောတရားမှာ
သူ့မိဘအတွက်တော့ သူ့ကိုပူပင်စေခဲ့ပြီး
ကိုယ့်မိဘအတွက်တော့ ကိုယ်ကအေးမြစေ
ခဲ့တယ်မဟုတ်လား.....
ကျွန်တော့်မိန်းမကို ကျွန်တော်ချစ်တယ်ဆိုတာ ဘာလဲလို့
ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်မေးနေမိခဲ့တယ်။

အဲဒါကြောင့် ကျွန်တော်ပြောချင်တာကတော့လေ
အိမ်ထောင်တစ်ခုမှာ ဇနီးမယားဆိုတာငွေကြေးဥစ္စာနဲ့အတူ
အခြားကိစ္စတွေမှာ ကျွန်တော်တို့ယောင်္ကျားတွေ
သတိမပြုမိတဲ့အခွင့်အရေးတော်တော်များများ
ဆုံးရှုံးနေခဲ့ရတာတွေ အများကြီးရှိလိမ့်မယ်ဆိုတာပါပဲ။

တကယ်တော့ ဘေးစကားတွေဟာအလကားပါဗျာ
ကိုယ့်ရဲ့အိမ်ထောင်ရေးဟာ ကိုယ်တိုင်အသိဆုံးဖြစ်ရင်
ကိုယ်တိုင်ကပဲ အကောင်းဆုံးတွေးခေါ်နိုင်ပြီး အကောင်းဆုံးသာယာချမ်းမြေ့မှုကို
တည်ဆောက်နိုင်ကြမှာပါ။
အားလုံး ကျမ္မာချမ်းသာကြပါစေ....လေးစားလျှက် .....

#Crd

إرسال تعليق

0 تعليقات

Close Menu