Ad Code

Assalamualikum

🔘ဇမ်ဇမ်ရေ၌အခြားရေရောခြင်း🔘



🔲ဇမ်ဇမ်ရေသည် ဗရ်ကသ်နှင့်ပြည့်စုံသော
ရေဖြစ်သော်ငြားလည်းသန့်ခြင်း/မသန့်ခြင်းနှင့် ရောနှောခြင်းကိစ္စများတွင် ၎င်း၏အမိန့်သည် အခြားရေများကဲ့သို့ပင်ဖြစ်မည်။ သို့ပါ၍ ဇမ်ဇမ်ရေ၌ အညစ်ကြေးတစ်စုံတစ်ရာကျသွားပါက  မသန့်ဖြစ်သွားမည်ဖြစ်သည်။

🔲ထိုနည်း၎င်း ဇမ်ဇမ်ရေ၌ ၎င်း၏အတိုင်းအတာထက်သာပို၍ ရိုးရိုးရေရောနှောလိုက်ပါက ထိုရေသည်ဇမ်ဇမ်ရေမမည်တွင်တော့ပေ။
ရေအားလုံးသည်ရိုးရိုးရေဖြစ်သွားမည်ဖြစ်သည်။
 🔲အကယ်၍ရောနှောသည့်ရေသည်ဇမ်ဇမ်ရေ၏အတိုင်းအတာထက်လျှော့နည်းနေပါက ရေအားလုံးသည် ဇမ်ဇမ်ရေဖြစ်သွားမည်ဖြစ်သည်။

🔲သို့ပါ၍ဇမ်ဇမ်ရေအစစ်ကိုသာ(နည်းလင့်ကစား)လက်
ဆောင်ပေးသင့်ပါသည်။
ရောနှောမည်ဆိုပါက ဇမ်ဇမ်ရေ၏အတိုင်းအတာထက်နည်းသောရေကိုသာရောနှောရမည်ဖြစ်သည်။

🔲ဇမ်ဇမ်ရေအား အမည်မပျောက်ပဲ
များများပွားစေလိုပါက/ဦးစွာဇမ်ဇမ်ရေ၏ အတိုင်းအတာထက်နည်းသော ရိုးရိုးရေကိုရောပါ။ ပြီးနောက် အနည်းငယ်သုံးစွဲလိုက်ပြီး ကျန်ရှိသောရေထက်နည်းသော ရိုးရိုးရေကို ဒုတိယအကြိမ်ရောပါ။ ဤအတိုင်း သုံးလိုက် ရောလိုက်ပြုလုပ်ခြင်းအားဖြင့် ဇမ်ဇမ်ရေသည် အမည်မပျောက်ပဲ ပွားသွားမည်ဖြစ်သည်။
သို့သော်ရေရောသည့်အခါတိုင်း ရောသည့်ရေသည် ကျန်သည့်ရေထက် နည်းရမည်ဖြစ်သည်။

🔲ဇမ်ဇမ်ရေဖြင့် ကျင်ကြီးကျင်ငယ်ဆေးကြောခြင်း /ဂျနာဗသ်ဖြစ်ပြီး ၎င်းရေဖြင့်ရေချိုးခြင်း/အစရှိသည့်ညစ်ညမ်းသောကိစ္စများ၌ သုံးစွဲခြင်းသည် "မက်ရူဟ်"ဖြစ်သည် ။(ကြည့်-انوار المناسك)

မောင်လာနာ မွဖ်သီ ဟိုဇိုင်ဖွာဟ် (ကာစေမီ-ဒီယိုဗန်)မော်လမြိုင်

Like & follow our page 
https://www.facebook.com/Islamic-Knowledge-Myanmar-100619214668549/

Post a Comment

0 Comments

Close Menu