ဝူဇူ၏ထွဋ်မြတ်မှု
==========
ဟဇရသ်အဗူဟူရိုင်ရာဟ်သခင်က ဆင့်ပြန်တယ် တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူတယ်။
မွတ်စ်လင်မ်တစ်ယောက်ဟာ ဝူဇူပြုလုပ်တဲ့အခါ မျက်နှာကို သစ်လိုက်တယ်ဆိုရင် အဲ့ဒီမျက်နှာသစ်လိုက်တဲ့ရေတွေနဲ့အတူ (သို့)နောက်ဆုံးရေစက်နဲ့အတူ အဲ့ဒီလူရဲ့မျက်လုံးဖြင့် ပြုလုပ်ခဲ့တဲ့အပြစ်တွေ အားလုံးဟာ ခွင့်လွှတ်ပေးခြင်းခံလိုက်ရပါတယ်။
အဲ့လိုပဲ လက်ကိုဆေးလိုက်တဲ့အခါ လက်ကကျသွားတဲ့ရေတွေနဲ့အတူ (သို့)နောက်ဆုံးရေစက်နဲ့အတူ လက်ဖြင့်ပြုလုပ်ခဲ့တဲ့ အပြစ်တွေအားလုံး ခွင့်လွှတ်ပေးခြင်းခံလိုက်ရပါတယ်။
အဲ့လိုပဲ ခြေထောက်ကိုဆေးလိုက်တဲ့အခါ ခြေထောက်ကကျသွားတဲ့ရေနဲ့အတူ (သို့)နောက်ဆုံးရေစက်နဲ့အတူ ထိုသူ ခြေထောက်ဖြင့်ပြုလုပ်ခဲ့တဲ့အပြစ်တွေကို ခွင့်လွှတ်ပေးခြင်းကိုခံလိုက်ရပါတယ်။
နောက်ဆုံးမှာတော့ ထိုသူဟာ အပြစ်များက ကင်းစင်သွားတဲ့သူတစ်ဦး ဖြစ်သွားပါတော့တယ်။
(မွတ်စ်လင်မ်ကျမ်း ဟဒီးစ်နံပတ် ၂၄၄)
အပြစ်များကင်းစင်ခြင်းဆိုတာဟာ ဂိုနာဟ်စွဂီရာဟ် သေးငယ်သော အပြစ်များ ကင်းစင်သွားခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။
(မုဖ်သီဗရှီရွလ္လာဟ်-မဟ်မူဒီ၊ကာစီမီ)
0 Comments