🌻အိမ်ထောင်တစ်ခုတည်ထောင်ပြီးရင်
သေတဖန်သက်တစ်ဆုံး အိမ်ထောင်
ရေးအဒွန့်ရှည်ဖို့ထိန်းသိမ်းရမှာပါ။
ဒါကိုပဲအစ္စလာမ်က အားပေးတာပါ။
🌻တကယ်မြတ်နိုးလို့အစ်လာမ့်ဘောင်အတွင်းကနေ
အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတယ့်
အလ္လာဟ့်ကို ကြောက်တယ့်သူတိုင်းက
အိမ်ထောင်ကွဲတာ ကိုမလိုလားပါဘူး။
🌻နေကာဟ် ဆိုတာကိုက သက္ကဝါ တရား
လက်ဆုပ်လက်ကိုင်ပြု ပြီး
အိုအောင်မင်းအောင် ပေါင်းပါ့မယ်လို့့ဂတိသစ္စာနှံလိုက်ခြင်းပါ။
🌻သို့သော် ခင်ပွန်းဖြစ်သူ နှင့် ဇနီးသည်
တစ်ယောက်ယောက်စိတ်ထဲမှာ
အလ္လာဟ်ကြောက်စိတ် နည်းလာတာနဲ့အမျှ
နေကာဟ်ဆိုတယ့်ချစ်ခြင်းနဲ့
ရစ်သီထားတယ့် ကြိုးလေးကို
အချ ု ပ်အနှောင်လို့စိတ်ထဲမှာ မြင်လာတော့တယ်။
😥တကယ်တော့ အလ္လာဟ်ကြောက်စိတ်နည်းလာခြင်းက အဓိကအကြောင်းခံပါ။
ဒါကတော့ ငြင်းလို့မရပါဘူး။
⚠တခါတရံ အလ္လာဟ်ကြောက်စိတ်ကင်းမဲ့ခြင်းက
မိသားစု ဝတ္တရား ပျက်ကွက်ခြင်းအဆင့် ကျော်ပြီး သူစိမ်းအမျိ ုးသမီး ကိုနှစ်သက်ခုံမင်လာတယ့်
အဆင့်ထိရောက်သွားတတ်ပါတယ်။
🔺အဲဒီလို အခြေအနေ မျိ ု းကြုံရလာချိန်မှာ
ဇနီးသည် တွေအရမ်းပူလောင်ကြရပါတယ်။
မခံမရပ်နိုင်ဖြစ်ပြီး ပြဿနာမီးဟာ
ပိုပြီးတောက်လောင်လာပါတော့တယ်။
နောက်ဆုံးအိမ်ထောင်ကွဲတယ့်
အဆင့်ထိပါရောက်သွားတယ်။
❓ဒီလို အခြေအနေမျိ ု းတွေမှာ ဇနီးသည်တွေဟာ
ကိုယ့်ရဲ့တရားဝင်ခင်ပွန်းကို ကိုယ့်ဘက်
ပါလာအောင်ဘယ်လို လုပ်ရမလဲ?
💥အိမ်ထောင်ရေးကို
ဘယ်လိုဆက်လက်ထိန်းသိမ်း ရမလဲဆ်ိုတယ့်အချက်ကို
စဉ်းစားရအခက်ဆုံး ဖြစ်မှာ သေချာပါတယ်။
💟အိမ်ထောင်ရေးလည်း အဆင်ပြေချင်တယ် ။သဝန်တိုစိတ်ကြောင့် ခင်ပွနိးသည်ကိုဒေါသလည်းထွက်ရတယ်။
ပြောမိ ဆ်ိုမိတယ်။
ဒီလိုနဲ့ကောင်းတယ့်ရလဒ် တစ်ခုထွက်မလာပဲ ကွဲပြဲခြင်းနဲ့အိမ်ထောင်ရေးဟာ
အဆုံးသတ်သွားရတယ်။
💥ဒီနေ ရာမှာ ပထမဆုံး ဇနီးသည်စဉ်းစားရမယ့်
အချက်က
"ငါ့ယောက်ျားက ငါ့ကိုပစ်ထားပြီး
အခြားမိန်းမ ကိုမှ ဘာလို့ခုံမင်နေတာလဲ?
💥ငါက တရားဝင် ဇနီးမယားတစ်ယောက်
ဖြစ်တယ်။
ဟိုအမျိ ု းသမီးမှာရှိပြီး ငါ့မှာမရှိ
တယ့်အချက်က ဘာဖြစ်နိူင်လဲ?"ပေါ့
💥ဒေါသထွက်ပြီးအဖြေတခု တော့ရလိမ့်မယ်။
"ဟ်ိုမိန်းမ က ငါ့ယောက်ျားကို ဘယ်လို ပလူး
ပလဲ လုပ်ပြီး သူ့ဘက်ပါအောင်လုပ်လဲမှမသိ
တာ/ ဘယ်လိုချွှဲ ပြ နွဲ့ပြလဲမှမသိတာ /ဘယ်
လို သူ့ဘက်ပါအောင် စည်းရုံးလဲမှမသိတာ
စ သဖြင့်ပေါ့…"
💥 အဲဒီတော့ ဟရာမ် ကို ကျ ူ းလွန်တယ့် သူစိမ်း
မိန်းမတစ်ယောက်က ဟရာမ်နည်းနဲ့ပလူးပလဲ
လုပ်ပြီး အမျိ ု းမျိ ုးမူယာမာယာ တွေသုံးပြီး
ယောက်ျား တစ်ယောက်ကို ကိုယ့်ဘက်ပါအောင်လုပ်နိုင်တယ်ဆိုရင်
💥တရားဝင်ဟလာလ်ဖြစ်တယ့်
ဇနီးမယားတစ်ယောက်က
ကိုယ့်ယောက်ျားအကြိုက် ချွှဲပြနွဲ့ပြ စိုးပြနွဲ့ပြတာ
အလိုလိုက်ပြီး
အကြိုက်ဆောင်တာ လုပ်ပေးနိုင်ရမှာပေါ့…
🌀အမျိ ု းသမီးတစ်ယောက်က
ဟဇ်ရသ်ထာနဝီသခင်ဆီကို
အခုလိုစာရေးပြီး
အကြံဥာဏ်တောင်းတယ်။
"ဆရာသခင်ကြီးရှင့် !ကျွန်မ ယောက်ျားက
ကျွန်မကို ဂရုမစိုက်ဘူး။
အိမ်နားက အမျိ ုး သမီးတစ်ယောက်နဲ့လည်း
ရှုပ်နေပါတယ်။
တခါတလေ ကျွန်မဆီတောင် ပြန်မအိပ်ပါဘူး။
ကျွန်မဘာလုပ်ရမလဲဆိုတာ အကြံ ပေးပါ"
✅ဟဇ်ရသ်ထာနဝီသခင်ကြီးက အခုလိုစာပြန်
ရေးပြီးလမ်းညွှန်လိုက်ပါတယ်။
"အလုပ်နှစ်ခု လုပ်ရပါမယ်။
အလုပ်တစ်ခုကတော့
ခင်ပွန်းသည်ရဲ့ အမိန့်နာခံရမယ်။
ခိဒ်မသ်လုပ်ရမယ်။
ကပ်ပြီးချွဲတာမျိ ု း လည်းလုပ်ရမယ်။
နောက်အလုပ်တစ်ခုက တော့
အလ္လာဟ့်ထံမှာဒိုအာလုပ်ရမယ်။
ကျွန်တော်လည်း
ဒိုအာလုပ်ပေးပါ့မယ်။ နေ့စဉ်အမလ်
အနေနဲ့ဒိုအာဖတ်ချင်ရင်တော့ အကြီးအကဲ
တွေတင်ပြထားတယ့်ဒိုအာကိုရေးပေးလ်ိုက်
ပါတယ်။
♥ဒရူးဒ်ရှရီးဖ် အဖွင့် အပိတ်(၁၁)ကြိမ် နဲ့တကွ
"يالطيف ياودود"
"ယာလသွီးဖု ယာဝဒူးဒု" အကြိမ် (၁၁၀၀)
ဖတ်ပါ"
⚠ဇနီးမယားကအနေအထိုင်မမှန်ပါကလည်း
ယောက်ျားဖြစ်သူက အထက်ပါဒိုအာကိုဖတ်
နိုင်ပါသည်။
ဒိုအာလိုလားလျက်
Inamulhasan Mazahiri
0 Comments