Advertisement

Responsive Advertisement

တရားသောလိုအင်ဆန္ဒပြည့်ဝစေရန်

 



 တရားသောလိုအင်ဆန္ဒပြည့်ဝစေရန်


တရားသောလိုအင်ဆန္ဒ ပြည့်ဝရေးနှင့်စပ်လျဉ်း၍ ဤအမလ်ကျင့်စဉ်ကို ဟဇရသ် နဂ်ျမွဒ်ဒီးန်(ရဟ) သခင်က တင်ပြခဲ့ခြင်းဖြစ်သည်။


တရားသော လိုအင်ဆန္ဒတိုင်းပြည့်ဝရန်..ရည်ရွယ် ချက်ဖြင့် သောကြာည(မြန်မာအခေါ် ကြာသပတေးည) နောက်ဆုံးယံတွင် နဖိလ်နမာဇ်(၂)ရကအသ်ကို ဖော်ပြပါအတိုင်း ဝတ်ပြုပါလေ။


 ပထမရကအသ်တွင်...

စူရဟ်ဖာသိဟဟ်ဖတ်ပြီး 

စူရဟ်ကာဖိရူးန်(၁၀)ကြိမ် ရွတ်ဖတ်ပါ။ ထို့နောက်


 ဒုတိယရကအတ်တွင် စူရဟ်ဖာသိဟဟ်ဖတ်ပြီးနောက် စူရဟ်အိခ်လားဆ်ွ(၁၀)ကြိမ်ရွတ်ဖတ်ပါ။


နမာဇ်ပြီးဆုံး၍ စလာမ်လှည့်ပြီးသောအခါ ...

စဂ်ျအပိုတစ်ကြိမ်ဦးချ၍ စဂ်ျဒဟ်တွင် ....

ဒရူးရှရီးဖ်(၁၀)ကြိမ်၊ 

ကလေမဟ်သမ်ဂျီဒ်(ခေါ်)တတိယကလေမဟ်(၁၀) ကြိမ်ရွတ်ဖတ်ပါ။ 


ထို့နောက် ပိုစ့်ဓါတ်ပုံရှိ ဒုအာကိုရွတ်ဖတ်ပြီးနောက် မိမိ၏လိုအင်ဆန္ဒကို အလ္လ့ာဟ်ထံတော်ပါးတွင် လျှောက်ထားတင်ပြပါ။ 


လျှောက်ထားတင်ပြပြီးသောအခါ ...

ယားရဗ်ဗိ အကြိမ်(၁၀၀၀)ဆိုပြီးနောက်

 မိမိ၏ ဦးခေါင်းကို စဂ်ျဒဟ်မှ ပြန်မလိုက်ပါ။ 

အင်န်ယှာအလ္လာဟ်၊ တရားသော လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝပေလိမ့်မည်။

(ကုရ်အာန်ဒိုအာကုထုံးများ)


#crd နှင်းစိုးမိုး အစ္စလာမ့်စာပေတိုက် 

မျှဝေသူ Subah Fiza Subah Fiza Official

Post a Comment

0 Comments