Ad Code

Assalamualikum

ကိုယ်ပိုင်စီးပွားရေးလုပ်ဆောင်နေသော စီးပွားရေးလုပ်ငန်းရှင်များအတွက် ~~~~~~~~~~~~~~~~~~~~~~~~~



ကိုယ်ပိုင်စီးပွားရေးလုပ်ဆောင်နေသော
စီးပွားရေးလုပ်ငန်းရှင်များအတွက်
~~~~~~~~~~~~~~~~~~~~~~~~~

ဗစ္စမစ်လားဟေ့ရဟ်မားနစ်ရဟီးးမ်

   *အလ်မလ်-၁
     
ဒရူးရှရီဖ် -၁၁ခေါက် (အဖွင့် )
စူရာဟ်ကောင်စရ် (အင်န်နာအအိုငိသွိုင်နာ)-၁၂၉ခေါက်
ဒရူးရှရီးဖ် -၁၁ခေါက် ( အပိတ်)

ဤအလ်မလ်သည် လွန်စွာစူးရှ၏။ဖတ်ပြီးပြီးချင်းပင် သိသာ၏။နံနက် ၁ကြိမ်=>ညနေ၁ကြိမ် ဖတ်ရွတ်ပါက ရောင်းဝယ်ဖောက်ကားမှုတိုးတက်ကောင်းမွန်၏။ဝယ်သူကပင်ရောင်းသူကိုပြန်စောင့်ရသည်အထိပင်ဖြစ်သည်။

        ** အလ်မလ်-၂
           
ဆိုင်မဖွင့်မှီ အရင် 
စူရဟ် ဖွာသေဟာ( အလ်ဟမ်းဒိုး) -၃ခေါက်
ယားဂနီးယို့ ယာမွဂ်နီ -၇ခေါကျ ဖတ်ရွတ်ကာ 

ဆိုင်တံခါး သော့များကိုမန်းမှုတ်၍ဆိုင်ဖွင့်ပါ
ပြီးနောက် အက်စ်လားမို့အလိုင်းနာ ဝအားလေ့ဟီ ဝအက်စ် ဟာဘေ့ဟီး ဟုဆိုကာ 
ဆိုင်ကိုစလာမ်ပို့ရမည်။

ထို့နောက် စူရာဟ် အစ်ခ်လာဆွ် -၃ကြိမ် 
ဖတ်ရပေမည်။

ဤအလ်မလ်သည် ဆိုင်၏ရောင်းဝယ်ဖောက်ကားရေးသာမက လုံခြုံမှုကို ပါ ဘရကသ် မင်္ဂလာရှိစေသည်။

***အလ်မလ်-၃
    
ဆိုင်ဖွင့်ပြီးချိန်တွင်

ဒရူးရှရီဖ်-၁၁ခေါက်
စူရာဟ်ဖွာသေဟာ ( အလ်ဟမ်းဒိုး)-၄၁ခေါက်
အာယာသွလ်ကုရ်စီ -၁ခေါက်
စူရာဟ်ယာစီန်း-၁ခေါက်
စူရဟ်ကာဖွေရူးန်-၃ခေါက် (ကွလ်ယာအိုင်းယို့ဟန်း)
စူရာဟ်အိခ်လာဆွ်-၃ခေါက်(ကွလ်ဟို့ဝလ်လားဟို့ )
စူရာဟ်ဖလတ်(က )-၃ခေါက်( ကွလ်အအူးဇို့ဘေရပ်ဘင်န် ဖလတ်က်)
စူရဟ်နားစ်-၃ခေါက်( ကွလ်အအူးဇို့ဘေရပ်ဘင်းန်နာ းစ်)

ဤအလ်မလ်သည် စီးပွားရေးဂျာဒူ နှင့် မကောင်းသောဘေးဘလာများကို ကာကွယ်တားစီးပေးသည်။

 အင်ရှာအလ္လာဟ်-သန့်ရှင်းစင်ကြယ်သော 
စီးပွားရှာဖွေမှုနဲ့အတူ တိုးတက်အောင်မြင်နိုင်သော စီးပွားရေးကို အလ္လာဟ်ဘက်တော်မှ ရဟ်မသ် ဘရကသ်များဖြင့်ချီးမြှင့်တော်မူပါစေ ။ 
အာမီးန်
 
#Kate စုစည်းတင်ပြသည်။
Crdoriginaluploder

 

Post a Comment

0 Comments

Close Menu