Ad Code

Assalamualikum

စူရာဟ်ကဟဖ်နှင့်စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများ

 


 စူရာဟ်ကဟဖ်နှင့်စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများ 


(ဂျိူမိုအာ နေ့နှင့် စူရာ ကဟဖ် သည် အလွန် စပ်ဆက်လျှက်ရှိသည်။ စူရာ ကဟဖ်အကြောင်း ပြည့်ပြည့်စုံစုံ ဖော်ပြချက်တခု ပြန်လည် မျှဝေပေးလိုက်ပါတယ်။)


စူရာကဟဖ် (ဥမင်လိုဏ်ခေါင်းအကြောင်း)သည် မက္ကာဟ်မြို့တွင် ကျရောက်ခဲ့ပြီး အာယသ်တော် (၁၁၀) နှင့် ရုကူ (၁၂)ခုပါဝင်သည်။ 


 စူရာကဟဖ်၏ ထူးခြားမှုများနှင့် အကျိုးကျေးဇူးများ 


မွတ်စ်လင်မ်၊ အဗူဒါဝူးဒ်၊ သိရ်မီဇီ၊ နစာအီ၊ မွစ်နဒေအဟ်မဒ် ကျမ်းများတွင် ဟဇရသ်အဗွဒ်ဒရ်ဒါအ်(ရသွေ့)သခင်ထံမှ ဆင့်ပြန်ချက်လာရှိသည်။ အကြင်သူသည် စူရာကဟဖ်၏ ပထမ ၁၀ အာယသ်ကို အလွတ်ကျက်မှတ်ထားပါက ဒဂ်ျဂျာလ်၏ ပြဿနာဆိုးမှ ထိန်းသိမ်းမှုရရှိမည်။ အချို့ဆင့်ပြန်ချက်တွင် စူရာကဟဖ်၏ နောက်ဆုံး ၁၀ အာယသ်ဟု ပါရှိပေသည်။ 


စူရာကဟဖ်၏ ပထမအာယသ်များနှင့် နောက်ဆုံးပိုင်းအာယသ်များကို ဖတ်ရွတ်ပါက ထိုသူ့အတွက် ၎င်း၏ခြေထောက်မှစ၍ ဦးခေါင်းထိ နူရ်တစ်ခုဖြစ်သွားသည်။ စူရာဟ်တစ်ပုဒ်လုံးကို ရွတ်ဖတ်လျှင် ထိုသူ့အတွက် မြေပထဝီမှ မိုးကောင်းကင်အထိ နူရ်ရရှိမည်ဖြစ်သည်။ 


ဂျုမုအဟ်သောကြာနေ့မြတ်တွင် စူရာကဟဖ်ကို သိလာဝသ်ပြုလျှင် ထိုသူ၏ ခြေထောက်မှစ၍ မိုးကောင်းကင်၏အမြင့်ဆုံးအထိ နူရ်ရရှိမည်ဖြစ်ပြီး ထိုနူရ်သည် ကိယာမသ်နေ့တွင် အလင်းရောင်အဖြစ် အသုံးဝင်မည်ဖြစ်သည်။ ထို့ပြင် ပထမသောကြာမှ ယခုသောကြာအထိ ကျုးလွန်မိခဲ့သော ဂုနာဟ်များအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်ခြင်းခံရမည်ဖြစ်သည်။ သောကြာနေ့တွင် စူရာကဟဖ်ကို ဖတ်ပါက ထိုနေ့မှစ၍ နောက် (၈)ရက်အထိ ဖစ်သ်နာ( ပြဿနာများနှင့် ဂုနာဟ်ကျုးလွန်ခြင်း ) များမှ ထိန်းသိမ်းမှုရရှိမည်။ ဒဂ်ျဂျာလ်ပေါ်ထွက်လာလျှင်လည်း ၎င်း၏ ဖစ်သ်နာမှ ထိန်းသိမ်းမှုရရှိမည်ဖြစ်ပေသည်။ 


တမန်တော်မြတ်(ဆွ)၏ မိန့်ဆိုချက်အား ဟဇရသ်အနတ်စ်(ရသွေ့)သခင်မှ ဆင့်ပြန်ထားသည်မှာ စူရာကဟဖ်သည် တစ်ချိန်တည်းတွင် တစ်ပုဒ်လုံး တစ်ပြိုင်တည်းကျရောက်သောစူရာဖြစ်သည်။ စူရာကဟဖ်ကို ချပေးရာတွင် ဖရိရျှသာပေါငျး ၇သောငျး ယူဆောင်ဆင်းသက်လာပေသည်။ ဤသည်ကပင် စူရာကဟဖ်၏ ထွတ်မြတ်မှုအား ဖော်ကျူးနေပေသည်။ 


ကုရ်အာန်ကျမ်းမြတ်၏ စူရဟ်တိုင်းနှင့် အာယသ်တော်များအား လောကရှိ ဖြစ်ရပ် အခြေအနေများကို အကြောင်းခံပြီး ချပေးထားသည်။ ထို့ကြောင့် စူရဟ်များ အာယသ်များတွင် ယင်းတို့ ကျရောက်လာသည့် နောက်ခံသမိုင်းကြောင်း ဖြစ်ရပ်များ ရှိပါသည်။ စူရဟ်ကဟဖ်ကျရောက်လာရခြင်းတွင် ဖြစ်ရပ်တခုကို အခြေခံထားသည်။ ဂျုမုအဟ်နေ့မြတ်တိုင်းတွင် မုစ်လင်မ်တို့အနေဖြင့် စူရဟ်ကဟဖ်ကို အလေးထား ဖတ်ရွတ်ကြသည်။ ယင်းစူရဟ် ကျရောက်လာရခြင်း၏ နောက်ခံသမိုင်းဖြစ်ရပ်ကိုပါ သိရှိရပါက ပို၍ အရသာရှိမည်ဟု မျှော်လင့်ပါသည်။ စူရဟ်ကဟဖ်သည် တစ်ပုဒ်လုံး တစ်ပြိုင်တည်းကျသည့် စူရဟ်များတွင် ပါဝင်ပြီး မက္ကာဟ်မြို့တွင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိ ဝစလ္လမ် ရှိစဉ်က ကျရောက်သည့် စူရဟ်ဖြစ်သည်။ ယင်းစူရဟ် ကျရောက်လာရခြင်း၏ နောက်ခံသမိုင်းကြောင်းလေးသည်လည်း ဗဟုသုတ ရဖွယ်ရာ ဖြစ်သောကြောင့် အလ်မုဖီးဒ်၏ စာဖတ်သူများအတွက် ဖော်ပြလိုက်ပါသည်။


 စူရာကဟဖ်ကျရောက်ရခြင်းအကြောင်း 


အိမာမ် အိဗ်နေဂျရီးရ် သွစ်ဗ်ရီ(ရဟ်မသုလ္လာဟိအလိုင်းဟ်)က ဟဇရသျအိဗျနအေဗ်ဗါးဈ(ရသွီယလ္လာဟု အန်ဟု)၏ ဆင့်ပြန်မှုအား တဆင့် ပြန်လည် ပြောပြသည်။မက္ကဟ်ရွှေမြို့တော်တွင် တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်၏ နဗူဝသ်၏ သတင်းသည် အလွန် ကျော်ကြားနေသည်။ တမန်တော်မြတ်သည် နောက်ဆုံး နဗီဖြစ်သောသတင်းနှင့် ယင်းသတင်းက ဟိုးလေတကျော်ဖြစ်နေခြင်းကို မနှစ်မြို့သော မက်ကာဟျသားကုရိုကျရျှတို့က မိမိတို့လူနှစ်ယောက် နသွရ်ဗင်န်ဟာရိစ်နှင့် အွတ်က်ဗာဟ်ဗင်န်အဗီမုအီးဒ်တို့အား မဒီနာမြို့ရှိ ယဟူဒီပညာရှင်များထံသို့ စေလွှတ်လိုက်သည်။ ထိုယဟူဒီတို့သည် အရင်ကောင်းကင်ကျ ကျမ်းများဖြစ်သည့် သောဝ်ရာသ်၊ အင်န်ဂျီးလ်တို့ကို တတ်ကျွမ်းသူများ ဖြစ်ကြသည်။ ထိုသူတို့က တမန်တော်မြတ်ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်နှင့် ပတ်သက်၍ မည်သို့များ ထင်မြင်ချက် ပေးမည်နည်းဟူသည့် အတွေးဖြင့် စေလွှတ်လိုက်ခြင်းဖြစ်သည်။


ယဟူဒီပညာရှင်တို့က မက္ကာဟ်သားနှစ်ဦးအား ဤသို့ပြောပြလိုက်သည်။ အသင်တို့က (မိမိကိုယ်ကိုယ်) နဗီဟု ပြောနေသူအား မေးခွန်း ၃ ခုမေးပါ။ အကယ်၍ ထိုမေးခွန်းများ၏ အဖြေကို မှန်ကန်စွာ ဖြေဆိုနိုင်ပါက ထိုသူသည် အလ္လာဟ်နဗီအစစ် ဖြစ်သည်ဟု အသင်တို့ မှတ်ယူလိုက်ပါလေ။ မှန်ကန်စွာ မဖြေနိုင်ပါက ထိုသူသည် နဗီအတုပင်ဖြစ်သည်။


မေးမြန်းရမည့် မေးခွန်းများမှာ (၁)။ ရှေးယခင်က မိမိတို့မြို့မှ ထွက်သွားသော လူငယ်များ၏ အကြောင်းအရာနှင့် အခြေအနေကို မေးပါ။ ဤသို့မေးခိုင်းရခြင်းမှာ ထိုလူငယ်တို့၏ အဖြစ်အပျက်သည် အံ့သြဖွယ်ရာ ကိစ္စရပ်ပင်ဖြစ်သည်။ (၂)။ ကမ္ဘာ၏ အရှေ့အရပ်နှင့် အနောက်အရပ်အပါအဝင် ကမ္ဘာတစ်ခုလုံးသို့ ခရီးထွက်ခဲ့သော ပုဂ္ဂိုလ်၏ အကြောင်းကို မေးမြန်းပါ။ (၃)။ ရူးဟ်ဝိညာဉ်သည် မည်ကဲ့သို့သော အရာဖြစ်သည်နှင့် ပက်သက်၍ မေးပါ။


ကုရိုကျရျှနှဈဦးသညျ မက္ကာဟ်မြို့သို့ပြန်ရောက်လာပြီးနောက် အကြောင်းစုံကို မိမိညီနောင်များအားပြန်ပြောလိုက်သည်။ တဖန် ကိုယ်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်ထံပါးသို့ သွား၍ မေးခွန်းများကို မေးမြန်းလေသည်။ ကိုယ်တော်သည် ကြားနာပြီးသည့်နောက် ထိုမေးခွန်းတို့၏ အဖြေကို မနက်ဖြန်ပေးမည်ဟု ဖြေကြားလိုက်သည်။ သို့သော် အင်န်ရှာအလ္လာဟ် ပြောရန် မေ့လျော့သွားတော်မူပေသည်။ ထိုကုရိုကျရျှတို့သညျလညျး ပြန်သွားကြသည်။ တမန်တော်မြတ်ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်သည် ထိုမေးခွန်းတို့၏ အဖြေကို ပေးရန် အရှင့်ဘက်မှ ဝဟီကို စောင့်စားတော်မူနေသည်။


သို့သော် ကိုယ်တော် ကတိပေးလိုက်သည့်အတိုင်း နောက်တနေ့တွင် မည်သည့်ဝဟီမှ မကျပေ။ ၁၅ ရက်ကြာသည်အထိ ထိုအတိုင်းပင် ရှိနေသည်။ ဂျိဗ်ရာအီးလ် အလိုင်းဟိစ္စလာမ်လည်း မလာပေ။ မက္ကာဟ်သား ကုရိုကျရျှတို့သညျလညျး လှောင်ပြောင်သရော်ကြပေတော့သည်။ ထိုသို့ ဝဟီမလာခြင်းကြောင့် ကိုယ်တော်မြတ်သည် အလွန်ပင် ပူဆွေးသောက ရောက်ရလေသည်။


၁၅ ရက်ပြည့်ပြီးသည့်နောက် ဟဇရသ်ဂျိဗ်ရီးလ်သည် စူရဟ်ကဟဖ်ကို ယူဆောင်၍ ဆင်းသက်လာလေသည်။ စူရဟ်ထဲတွင် ဝဟီနောက်ကျရခြင်း၏ အကြောင်းကိုလည်း တင်ပြထားသည်။ နောက်နောင်တွင် ကိစ္စရပ်တစုံတရာနှင့် ပတ်သက်၍ ကတိပေးမည်ဆိုပါက အင်န်ရှာအလ္လာဟ် ဟုပြောပါ။ တမန်တော်မြတ်၏ ထိုမေ့မှားမှုကို သတိပေးသည့်အနေဖြင့် ဝဟီကျရောက်ခြင်းအား ၁၅ ရက်အထိ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ စူရာကဟဖ်၏ အာယသ်တော် " ဝလာသကူလန်န်န လိရှိင်းအင်န် အိန္နီးဖားအိလွန်းဇာလိကာ ဂဒန် အိလ္လာ အိုင်ယ်းယရှာအလ္လာဟ်" ဖြင့် သတိပေးမိန့်ကြားထားပေသည်။


(ယနေ့ကြှနျုပျတို့သညျ မိမိသဘောဆန္ဒဖြင့် ဘာလုပ်လိုက်မည်။ ဘယ်လိုလုပ်လိုက်မည်။ စသဖြင့် အသံကောင်းဟစ်ကြသည်။ သို့သော် အင်န်ရှာအလ္လာဟ် ဟု စက္ကန့်ဝက်မျှပင်မကြာသော စာသားကို ရွတ်ဆိုရန် မေ့လျော့ထားကြသည်။ အလ္လာဟ်အရှင်မြတ်က မိမိအချစ်တော်တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်ကိုပင် အင်န်ရှာအလ္လာဟ်ကို မမေ့ရန် အထူးသတိပေး မိန့်ထားသည်။ စာသားသည် သေးငယ်သော်လည်း အဘယ်မျှ အရေးကြီးသည်ကို လိုက်နာရန် အသိတရားရှိသူတိုင်း ခန့်မှန်းနိုင်ပါသည်။ စကားချပ်)


စူရဟ်ကဟဖ်တွင် ပါသော အကြောင်းအရာများ

စူရာကဟဖ်ထဲတွင် အဆ်ွဟာဗေကဟဖ်ခေါ် လူငယ်များအကြောင်းကိုလည်း ပြည့်ဝစွာ ပြောပြထားသည်။ ထို့ပြင် ကမ္ဘာအနှံ ခရီးဆန့်ခဲ့သော မွတ်စ်လင်မ်ပြည့်ရှင်ဘုရင်ကြီး ဇွလ်ကရ်နိုင်းန်၏ အကြောင်းကိုလည်း အကျယ်တဝင့် ဖော်ပြထားသည်။ ၎င်းနောက် ရူးဟ်ဝိညာဉ်နှင့် ပတ်သက်သည့် အဖြေကိုလည်း ဖော်ပြထားပေသည်။

(မအာရိဖုလ်ကုရ်အာန်ကျမ်း၊ တွဲ ၅၊ စာ ၅၄၇)


"ကဟ်ဖ်" ဆိုသည်မှာ တောင်တွင်ရှိသော လိုဏ်ခေါင်းကို ခေါ်ဆိုသည်။ ထိုလိုဏ်ခေါင်းသည် ကျယ်ဝန်းပါက ကဟဖ်ဟုခေါ်ပြီး ကျယ်ဝန်းမှု မရှိလျှင် ဂါးရ် ဟု ခေါ်ပေသည်။ လိုဏ်ခေါင်း၌ ဝင်ရောက်၍ ပုန်းအောင်းခဲ့ကြသော သူများကို အဆ်ွဟာဗေကဟဖ်(ဂူတွင်းသားလူများ) ဟုခေါ်ဆိုပြီး ဤစူရဟ်တွင် ယင်းလူငယ်များအကြောင်း ပါရှိသောကြောင့် စူရဟ်ကဟဖ်ဟု ခေါ်တွင်သည်။


စူရဟ်ကဟဖ်တွင် အဆ်ွဟာဗေကဟဖ်၊ တမန်တော်မူစာ နှင့် ခိဇိရ် အလိုင်ဟိစ္စလာမ်တို့ တွေ့ဆုံခြင်းအကြောင်း။ ထို့ပြင် ဇွလ်ကရ်နိုင်းန်ဘုရင်အကြောင်း၊ ယာဂျုးဂ်ျမာဂျုးဂ်ျလူမျိုးများအကြောင်း၊ ကမ္ဘာကြီး၏ အရှေ့နှင့် အနောက်အရပ်တို့အကြောင်း၊ မဂ်ျမအွလ်ဗဟ်ရိုင်းန်ခေါ် မြစ်နှစ်သွယ် ဆုံစည်းရာဒေသ နှင့် အာဗေဟယားသ် ခေါ် ရေရှင်အကြောင်း စသည်များပါရှိသည်။ ထို့ပြင် မုအ်မင်န်တို့အတွက် ဆုံးမစကားများ၊ ဂရုပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဒုအာနှင့် အလ္လာဟ်အရှင်မြတ်သည် စိုးပိုင်တော်မူသောအရှင် ဖြစ်ကြောင်းတို့ ပါဝင်သော စူရဟ်တစ်ပုဒ် ဖြစ်ပါသည်။


ကုရ်အာန်၏ စာလုံးတိုင်း စာလုံးတိုင်း၏ အဓိပ္ပာယ်ရသနှင့် အလိုသဘော ဖွင့်ဆိုချက်တို့ကို နားလည်ပြီး ဖတ်ရွတ်ရသော အရသာသည် ပြောပြရန် စကားလုံးပင်မရှိလောက်အောင် အလွန်ထူးခြားပါသည်။ ထို့ကြောင့် စစ်မှန်သည့်အာလင်မ်များက ပြန်ဆိုထုတ်ဝေထားသည့် ကုရ်အာန်ဘာသာပြန်များကို လေ့လာမှတ်သားကြစေလိုပါသည်။ မိမိဖတ်ရွတ်လိုက်သည့် အာယသ်က ဘယ်လိုအဓိပ္ပာယ်မျိုးကို ဖော်ဆောင်နေတာလဲဆိုတာကို သိရှိ နားလည်နေရမည်ဖြစ်သည်။ အကယ်၍ အခြေအနေမပေးသေးလျှင် အရှင့်ထံမှ ဒုအာတောင်းခံနေပါ။ မိမိ၏ စိတ်ထဲတွင်လည်း ထိုသို့နားလည်ချင်သည့် စိတ်ကို အမြဲမွေးထားပါ။ အင်န်ရှာအလ္လာဟ် တစ်ချိန်ချိန်တွင် အလ္လာဟ်အရှင် အသင့်အား ထိုသို့နားလည်ခွင့်ရမည့် အခွင့်အရေးအား ချီးမြှင့်လိမ့်မည်။


 စူရာကဟဖ်၏ အိပ်မက်သဘော 


အိပ်မက်ထဲတွင် စူရာကဟဖ်အား သိလာဝသ်ပြုလုပ်သည်ဟု မြင်မက်ခြင်း၏ အလိုသဘောမှာ ထိုကဲ့သို့မြင်မက်သူသည် အသက်ရှည်မှုကို ရရှိလိမ့်  မည်။ ထို့နောက် ထိုသူ၏အခြေအနေသည် ကောင်းမွန်လိမ့်မည်။ ထို့နောက် ထိုသူ သွားရောက်စတည်းချမည့် လူမျိုးစုထံမှ အကျိုးကျေးဇူးအား ရရှိခံစားရလိမ့်မည်။


အလ်မုဖီးဒ်


SayaKyawNaing. တဆင့် တင်ပြသည်။


မူရင်းရေးသားတင်ပြသူများအားခရက်ဒစ်ပေးပါသည်။

.

@tMf


မျှဝေသည်

Kate Murphy

إرسال تعليق

0 تعليقات

Close Menu