Ad Code

Assalamualikum

စီးပွားရေး အဆင်ပြေစေမယ့် အမလ် (၃)ခု

 


၁/ တစ်နေ့ ဆွဟာဗာတစ်ပါးက

တမန်တော်မြတ်

(ဆွလ္လလ္လားဟုအလိုင်းဟိဝစလာမ်) 

ထံပါးမှာ အိမ်ရဲ့စီးပွားရေး အဆင်မပြေမှု၊

အိမ်ရဲ့ကျပ်တည်းမှု တွေအတွက် လာပြီး 

လျှောက်ထားတယ်။


{အို-ကိုယ်တော် , ကျွန်တော့ကို ကူညီပါ၊

သနားပါ။


ကျွန်တော့ရဲ့အိမ်မှာစီးပွားရေး 

အလွန်ကြပ်တည်းပါတယ်၊

မိသားစု တွေ စားလို့သောက်လို့ 

မလောက်မငှ ဖြစ်နေပါတယ်


ကျွန်တော့်ရဲ့ အခက်အခဲတွေကို

ကူညီပေးပါလို့ပြောတော့...}


တမန်တော်မြတ်

(ဆွလ္လလ္လားဟုအလိုင်းဟိဝစလာမ်)က

 သူ့ကိုအမိန့်ရှိတော်မူတယ်။


{သင် အလုပ် (၃)ခု ကို မလုပ်နိုင်ဘူးလား...

အိမ်မှာ နေ့စဉ် အလုပ်( ၃)ခု

 ပါးပါးလေးတွေ 

မလုပ်နိုင်ဘူးလား....}


{ဟာ...ကိုယ်တော် လုပ်နိုင်တာပေါ့}


{အဲ့ဒီ အလုပ်( ၃)ခု ကို မှန်မှန်လုပ်၊ 

လုပ်ပြီး အခြေအနေ 

ဘာထူးလဲ ငါ့ကို ပြန်လာပြောပြ}


မိတ်ဆွေတို့ ဒီအမလ် (၃)ခု ကို 

သေချာမှတ်ထားပါ...


အာခေရသ် ရဲ့ အကျိုးအတွက် 

ပြောနေတာမဟုတ်ဘူး... 


ဒွန္နယာ ရဲ့ အရေးအတွက်ကို ပြောနေတာ... 


ဒီ ဟဒီးဆ် ကို ဆင့်ပြန်တဲ့ သူတွေရဲ့

 အောက်မှာ 

ဘာရေးထားလဲဆိုတော့ ...


လက်တွေ့ကျင့်စဉ်၊

လက်တွေ့ ဒီအမလ် ကို 

လုပ်ပြီး အကျိုးခံစားသွားရတယ့် 

သူတွေ ပြန်ဆင့်ပြန်နေတာ။


အမလ်(၃ )ခု ကို ဘာအတွက် 

လုပ်ခိုင်းတာလဲ ဆိုတော့ 


အိမ်မှာစားဝတ်နေရေး 

အဆင်မပြေလို့ ၊ 

အိမ်မှာ ကျပ်တည်းလွန်းအားကြီးလို့ 


* အဲ့ဒီ အလုပ်( ၃)ခု ထဲမှာ 

ပထမ အလုပ် က ဘာလဲဆိုတော့....


မင်း အပြင်ကနေ ပြန်လာပြီးတော့

 အိမ်ထဲကိုဝင်တော့မယ်ဆိုရင်

 အိမ်ထဲမှာ လူရှိသည်ဖြစ်စေ၊

မရှိသည်ဖြစ်စေ အိမ်ထဲဝင်ခါနီးမှာ

 စလာမ် ပေးပြီးမှ ဝင်}


* ဒုတိယ လုပ်ရမယ့်အလုပ်က ...


အိမ်ထဲကိုဝင်ရင် ဒရူးဒ်ရှရီးဖ် 

အရှည် ရရင်လဲ ဖတ်၊

မရရင်လဲ အတိုကောက်

(ဆွလ်လလ္လာဟ်ဟိုအလိုင်းဟိဝဆွလ္လမ်)

 (၁)ကြိမ် ဖတ်ပါ


* တတိယ အလုပ် က ဘာလဲဆိုတော့....

 စူရာအစ်ခ်လားဆ်ွ( ၁)ကြိမ် ဖတ်လိုက်ပါ


ဒါလေးပဲ လွယ်လွယ်လေးရယ်၊

လူတိုင်း လုပ်နိုင်တယ် မှလား။


{အဲ့ဒီ အလုပ် ၃ခု လုပ်ပြီး သင် ငါ့ဆီကို 

တစ်ပတ်နေရင် ပြန်လာခဲ့...}


တစ်ပတ်နေပြီးတော့ ပျော်ပြီး

 ပြန်ရောက်လာတယ်....


{ကိုယ်တော် ကျွန်တော့အခက်အခဲတွေ အားလုံးကို အလ္လာဟ်က

ပြေလည်အောင်လုပ်ပေးလိုက်ပြီ}


တမန်တော်မြတ်

(ဆွလ္လလ္လားဟုအလိုင်းဟိဝစလာမ်) 

ဆက်ပြီး အမိန့်ရှိတယ်။


{ဒီ အမလ် အပေါ်မှာ အမြဲတမ်းရပ်တည်ပါ }


ဒီဟဒီးစ် ကို ဆင့်ပြန်တဲ့သူက 

ဘာထပ်ပြီးပြောပြလဲဆိုတော့


အခုပြောပြခဲ့တဲ့ စူရာအစ်ခ်လားဆ်ွ ရဲ့ 

အမလ်ကြောင့် ကျွန်တော် တစ်ယောက်ထဲရဲ့ 

အခက်အခဲ ပဲ ပြေလည်သွားတာမဟုတ်ဘူး။


အဲ့ အမလ်ကို ကျွန်တော် လုပ်ခဲ့တဲ့အပေါ်မှာ 


ကျွန်တော့်ရဲ့ ဘေးပတ်ဝန်းကျင် မှာရှိတဲ့ 

အိမ်နီးချင်း တွေရဲ့အခက်ခဲတွေပါ

 ပြေလည်သွားတယ် ဆိုပြီးတော့ 

တင်ပြထားတယ်။


၂/ နောက်ဟဒီးစ် တစ်ပုဒ်မှာ လာရှိတယ်။


အကြင်သူဟာ တစ်နေ့ ကို 

စူရာအစ်ခ်လားဆ်ွ

အကြိမ်၂၀၀ ဖတ်မယ်ဆိုရင် 


ကုသိုလ်ပေါင်း ၁၅၀၀ ၊

ရေးမှတ်ခြင်း ခံရတယ်


နက်ဖြန် ကေယာမသ် နေ့ကျရင် 

"စွဗ်ဟားနလ္လာဟ်" 


တစ်လုံးမဖတ်ခဲ့ရလို့

ဂျန္နသ် ထဲဝင်ဖို့အရေး တစ် 

နေလိမ့်မယ်။ 


"အလ်ဟမ်ဒိုလစ်လ္လာဟ်" တစ်ကြိမ်

မဖတ်မိခဲ့လို့ နောင်တတွေရနေလိမ့်မယ်။


{တစ်ကြိမ် ပိုဖတ်ခဲ့မိလိုက်ရင်၊

တစ်ကြိမ် ပို ဆိုခဲ့မိလိုက်ရင်

အကောင်းသား}ဆိုပီး


အကြင်သူဟာ စူရာအစ်ခ်လားဆ်ွ ကို 

တနေ့အကြိမ် ၂၀၀ ဖတ်လိုက်မယ်ဆိုရင် 

သူ့ရဲ့အာမာလ်နမာလ် မှာ 

ကုသိုလ်ပေါင်း ၁၅၀၀ ကို 

အလ္လာဟ်က ရေးမှတ်တော်မူလိမ့်မယ်။


၃/ နောက်ထပ် ဟဒီးစ်တစ်ပုဒ် မှာ 


တမန်တော်မြတ်ကြီး

(ဆွလ္လလ္လားဟုအလိုင်းဟိဝစလာမ်) 

အမိန့်ရှိတော်မူတယ်။


အကြင်သူဟာ နေ့စဉ် နေ့ရဲ့ အစ မှာ 


"စူရာအစ်ခ် လားဆွ်" ကို ၁ကြိမ်


"စူရာဖလပ်က်" ၁ကြိမ်


"စူရာနားစ်" ၁ကြိမ် စီ ဖတ်လိုက်မယ်ဆိုရင် 


တစ်နေ့တာ ရင်ဆိုင်ရမယ့် အန္တရယ် တွေ အားလုံးကနေပြီးတော့ အလ္လာဟ် ဆီမှာ

 ခိုလှုံခွင့် တောင်းခံလိုက်တာနဲ့ 

အတူတူပဲ ဆိုပြီး အမိန့်ရှိထားတယ်။


၄/ နောက်ဟဒီးစ် တစ်ပုဒ်မှာလာရှိတယ်။


ဟဇရသ်အဘူအိုမာမာ(  )

သခင် ဆင့်ပြန်တယ်။


တမန်တော်မြတ်

(ဆွလ္လလ္လားဟုအလိုင်းဟိဝစလာမ်)

သခင် မိန့်တော်မူတယ်။


အကြင်သူသည် ဖရပ်ဇ်နမားဇ် 

ဖတ်ပြီးတိုင်း 

"အာရသွလ်ကုရ်စီ" ၁ကြိမ် နဲ့ 

"စူရာအစ်ခ်လားဆ်ွ" ၁ကြိမ် 

ဖတ်လိုက်မယ်ဆိုရင် 


ဒီ ပုဂ္ဂိုလ် ဂျန္နသ်ထဲ ကို ရောက်ဖို့အတွက် 

သေခြင်းတရား က လွဲလို့ 

ဘယ်အရာ ကမှ 

မတားဆီးနိုင်ဘူး။


သဘောက ဒီအမလ် က

 သူ့ကို တိုက်ရိုက် ဂျန္နသ် ထဲကို 

ပို့ပေး မှာ ။


 လောလောဆယ် မသေသေးတဲ့အတွက် 

မောသ် က သူ့ကို အတားအဆီး 

လုပ်ထားတယ်။


ဂျန္နသ်ကတော့ သူ့အတွက် သေချာတယ်။


၅/ နောက်ထပ် ဟဒီးဆ်တော်ထဲမှာ 

လာရှိတယ်။


အကြင်သူဟာ ရောဂါဖြစ်ပြီး အိပ်ယာထဲ လဲနေတဲ့ အချိန်

ဖတ်နိုင်ရွတ်နိုင်တယ်ဆိုရင် 

အဲ့ဒီရောဂါသည် ကို 

"စူရာအစ်ခ်လးဆ်ွ" များများဖတ်ခိုင်းပါ။


"စူရာအစ်ခ်လားဆ်ွ" ဖတ်ရင်းနဲ့ ပဲ 

အဲ့ရောဂါနဲ့ အဲ့အိပ်ယာပေါ်မှာ

 သေသွားခဲ့မယ်ဆိုရင် 


ဒီ "စူရာ အစ်ခ် လားဆ်ွ" ရဲ့ 

ဘရ် ကသ် နဲ့ သူ့ကို 

ကဗရ် အဇားဗ် ကနေ 

ဖယ်ရှားခြင်း ခံရလိမ့်မယ်။ 


ဘယ် အဇားဗ် မှကို 

သူခံရမှာ မဟုတ်တော့ဘူး။


၆/နောက်ဟဒီးစ် တစ်ခုမှာ 

ဆွဟာဗာ တစ်ပါးက

ခရီးသွားတာ နဲ့ ပတ်သက်ပြီးတော့

လျှောက်ထားတယ်။


{ကျွန်တော်မျိုး ခရီးစဉ် မှာ 

အဆင်မပြေမှု တွေ

ဖြစ်တာကများပါတယ်။

စားရေးသောက်ရေး

နေထိုင်ရေးက အစ 

အဆင်မပြေမှူတွေများတယ်။}


တမန်တော်မြတ်ကြီး

(ဆွလ္လလ္လားဟုအလိုင်းဟိဝစလာမ်)က

 သူ့ကိုမိန့်တော်မူတယ်။


{စူရာကားဖေရူးန်


စူရာသွန္နဆွရ်(အိဇာဂျားအ)


စူရာအစ်ခ်လားဆ်ွ 

အဲ့စူရာ ၃ပုဒ် ကို သင် ရပြီလား...


ရတယ်ဆိုရင် သင့် ခရီးစဉ် မှာ

 အဲ့ဒီစူရာ ၃ပုဒ် ကို 

များများဖတ်သွား ...


သင် ခရီးစဉ် တစ်လျှောက်လုံး 

ကောင်းမွန်တဲ့ အခြေအနေတွေကို 

အမြန်ဆုံး 

မြင်တွေ့ရလိမ့်မယ်}


အဲ့ဒီနောက် ဒီဆွဟာဗာက 

ခရီးကနေ ပြန်လာတဲ့

အခါမှာ ကိုယ်တော့်ကို ဘာတင်ပြလဲဆိုရင်...


{ကျွန်တော်မျိုးရဲ့ ပစ္စည်းတွေက 

နည်းသော်လည်းပဲ 

ခရီးစဉ်တစ်လျှောက် မှာ 

အလ္လာဟ် ဘရ်ကသ်ပေးတယ်...


ခရီးစဉ်တစ်ခုလုံးမှာ

 ဒီအမလ် ရဲ့ ဘရ်ကသ်နဲ့ 

သိက္ခာရှိရှိ နဲ့ ဖြတ်သန်းခဲ့ရတယ်ဆိုပြီး

 တင်ပြခဲ့တယ်}


၇/ နောက်ဟဒီးစ်တော် တစ်ခုမှာ 

ဘာလာရှိလဲဆိုတော့....


အကြင်သူဟာ ဖဂျရ်နမားဇ် 

ဖတ်ပြီးတိုင်း 

"စူရာအစ်ခ်လားဆ်ွ" ကို 

အနည်းဆုံး တစ်ကြိမ် 

ဖတ်လိုက်မယ်ဆိုရင်

 တစ်နေ့တာလုံးအတွက် 

ဒီပုဂ္ဂိုလ်ကို ရှိုက်သာန် က

 ဂိုနာဟ် ဘက်ကို 

တွန်းမပို့နိုင်တော့ဘူး။

 ဒီ "စူရာအစ်ခ်လားဆ်ွ' ကို 

တစ်ကြိမ် ဖတ်လိုက်ခြင်းက

 ဂိုနာဟ်များကနေ 

ရှောင်ရှားနိုင်ဖို့ သူ့ကို 

ထိန်းသိမ်းသွားလိမ့်မယ်

ဆိုပြီး အမိန့်ရှိထားပါတယ်။


အားလုံးဒိအမလ်ကို လုပ်နိုင်တဲ့အရေချင်း

အလ္လာဟ် ပေးသနားတော်မူပါစေ

إرسال تعليق

0 تعليقات

Close Menu