လူအတော်များများ လွတ်နေကြတဲ့
နမာဇ် ဝါဂျိဗ်အချက် 2 ချက်ကို ပြောပြပါမယ် ။
ရကူအ်လုပ်ပြီး မတ်တပ်ပြန်ရပ်တဲ့အခါ
ခါးကို ဆန့်နေအောင် ရပ်ပြီးမှ
အဲ့လိုမျိုး ခါးကို ဆန့်နေအောင်
မတ်မတ်ပြန်ရပ်ဖို့ ဝါဂျိဗ် ဖြစ်ပါတယ် ။
ခါးကို သေချာမတ်မတ် မရပ်ပဲ
စဂ်ျဒဟ်ကို သွားလိုက်ကြလို့ပါ ။
အဲ့လို ခါးကို သေချာမတ်မတ် မရပ်ပဲ
နမာဇ် ဝါဂျိဗ် အချက်တချက်ကို
ပထမ စဂ်ျဒဟ် သွားပြီး ပြန်ထိုင်တဲ့အခါမှာ
ခန္ဓာကိုယ်ကို တည့်မတ်စွာ ထိုင်ပြီးမှ
ဒုတိယ စဂ္်ဒဟ္ကို သြားရမွာပါ ။
အဲ့လို စဂ်ျဒဟ် 2 ခုကြားမှာ
ခန္ဓာကိုယ်ကို တည့်မတ်စွာ ထိုင်ဖို့ ဝါဂျိဗ်ပါ ။
ခေါင်းလေးနည်းနည်းမော့ပြီးတာနဲ့
ဒုတိယ စဂ်ျဒဟ် သွားတတ်ကြလို့ပါ ။
အဲ့လို စဂ်ျဒဟ် 2 ခုကြားမှာ
ခန္ဓာကိုယ်ကို တည့်မတ်စွာ မထိုင်ခြင်းက
နမာဇ် ဝါဂျိဗ်အချက်တချက်ကို
ပေါ့သေးသေး မတွက်လိုက်ကြပါနဲ့ ။
နမာဇ် စည်းမျဉ်းစည်းကမ်းအရဆိုလျှင်
နမာဇ် ဝါဂျိဗ် အချက်တွေကို
မေ့လျော့ပေါ့ဆပြီး လွှတ်လိုက်မိလျှင်
စဂ်ျဒဟ် စဟ်ဝဒ် ထိုက်ပါတယ် ။
သိသိကြီးနဲ့ လက်လွှတ်လိုက်မည်ဆိုလျှင်တော့
နမာဇ် ပျက်ပါတယ် မပိုင်တော့ပါ ။
ရကူအ်ကပြန်အထ မတ်မတ်ရပ်ဖို့နဲ့
စဂ်ျဒဟ် 2 ခုကြား တည့်မတ်စွာထိုင်ဖို့ ကို
ဝါဂျိဗ် အချက်တွေမှန်း သိသွားကြပါပြီ ။
အခုလို သိသွားပြီးတဲ့နောက်ပိုင်းမှာ
မိမိကိုယ်မိမိပြန်ဆန်းစစ်ကြပါ ။
အရင်က မသိလို့ အဲ့ဒီ ဝါဂျိဗ်အချက်တွေ
လွတ်ခဲ့ပါက သောင်ဗဟ် ဖတ်လိုက်ပါ ။
ကြက်အစာကောက်သလို မရတော့ပါ ။
သိသိကြီးနဲ့ လွှတ်မယ်ဆိုရင်တော့
နမာဇ် ပျက်ပါတယ် မပိုင်တော့ပါ
အားလုံးပဲ လိုက်နာနိုင်ကြပါစေ
اَلسَلامُ عَلَيْكُم وَرَحْمَةُ اَللهِ وَبَرَكاتُهُكيف حالكانا بخير الحمد لله في أمان اللهاَلسَلامُ عَلَيْكُم وَرَحْمَةُ اَللهِ وَبَرَكاتُهُ
وَعَلَيْكُم السَّلَام وَرَحْمَةُ اَللهِ وَبَرَكاتُهُ
سبحان اللهالحَمْدُ ِلله
0 تعليقات