အဗူစွဖ်ယားန်ရယ်
အခ်နဆ်ဗင်န်ရှရီးက်ရယ်
ဒီကာဖိရ်သုံးဦးဟာ
တမန်တော်မြတ်ကြီး
ကုရ်အာန်ဖတ်တာကို နားထောင်ဖို့
လူတွေမသိအောင် ခိုးပြီး ထွက်လာခဲ့တယ်။
ထူးခြားချက်တစ်ခုက သူတို့သုံးဦးဟာ
အတူတူတိုင်ပင်ပြီး လာကြတာမဟုတ်ဘူး။
တစ်ယောက်ကို တစ်ယောက်
အသိမပေးပဲ ထွက်လာကြတာဖြစ်တယ်။
သူတို့သုံးဦးဟာ ကုရ်အာန်အသံကို
တစ်ယောက် တစ်ထောင့်စီကနေ
နားထောင်ရင်း တစ်ညလုံးကုန်ဆုံးသွားတယ်။
မမျှော်လင့်ပဲ လမ်းမှာဆုံမိကြတဲ့အခါ တစ်ယောက်ကို
တစ်ယောက်ပြန်ပြောကြတယ်။
နားထောင်ပြီးတဲ့အခါမှာ
မင်းလုပ်ရပ်ကမကောင်းဘူးလို့
တစ်ယောက်ကိုတစ်ယောက် အပြစ်ပြောကြတယ်။
သူတို့တွေဆုံးဖြတ်လိုက်ကြတယ်။
နောက်နောင်ကို ဒါမျိုးခိုးပြီးနားမထောင်တော့ဘူး။
တကယ်လို့များ
သူတို့တွေရဲ့လုပ်ရပ်ဟာ
တခြားသောအရဗ်တွေသိသွားရင်
အားလုံးအီမာန်ရှင်တွေဖြစ်ကုန်ကြမယ်။
ဒီလိုဆုံးဖြတ်ပြီးကိုယ့်အိမ်ကိုယ်ပြန်သွားကြတယ်။
နောက်ညမှာ သူတို့တွေရဲ့စိတ်ထဲမှာ ကုရ်အာန်ကို
နားထောင်ချင်စိတ်တွေ ဖြစ်ပေါ်လာပြန်တယ်။
အထက်ပါအတိုင်း တစ်ယောက်ကိုတစ်ယောက် သတင်းမပေးကြပဲ ကိုယ်စီကိုယ်စီတိတ်တဆိပ်ထွက်လာပြီး
အိမ်ရဲ့ထောင့်တွေမှာ
ခိုးပြီးကုရ်အာန်ဖတ်တာကို နားထောင်နေကြတယ်။
မနက်မိုးလင်း အိမ်ပြန်တော့ လမ်းမှာ
ဆုံကြပြန်တော့
တစ်ယောက်ကို တစ်ယောက်ပြစ်တင်ပြန်တယ်။
ထိုကာဖိရ်ခေါင်းဆောင်သုံးဦးဟာ နောက်တစ်ခါ
နားမထောင်တော့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒီလိုပဲတတိယညကိုရောက်တော့
သူတို့ရဲ့စိတ်များဟာ ကုရ်အာန်ရဲ့ချိုမြမှု
ကုရ်အာန်ရဲ့ အရသာတို့ကို ထပ်မံခံစားဖို့
မလွှဲမရှောင်သာ တိတ်တဆိပ်ရောက်လာကြပြန်တယ်။
ထုံးစံအတိုင်း မနက်မိုးလင်းတဲ့အခါ အိမ်ပြန်ကြတော့
လမ်းမှာ ဆုံကြပြန်တယ်။
ဒီတစ်ခါတော့ ကိုယ်စီကတိတည်ကြမယ်။
နောက်ညမှာ
တမန်တော်ရဲ့ကုရ်အာန်ဖတ်သံကို နားမထောင်မိဖို့
ပြောဆိုိကာ အိမ်ပြန်သွားကြတယ်။
သို့သော် နောက်နေ့မနက်မှာ
အခ်နဆ်ဗင်န်ရှရီးက်က
မိမိတောင်ဝှေးကိုယူပြီး
အဗူစွဖ်ယာန်စီကို ရောက်လာတယ်။
အဗူစွဖ်ယာန်ကိုမေးတယ် အသင်ပြောပါ ။
ဒီကုရ်အာန်နဲ့
ပတ်သက်ပြီး ဘယ်လြိုမင်လဲ-?
အဗူစွဖ်ယားန်ဟာ အသံလေးလေးကြီးနဲ့
ကုရ်အာန်ဟာ
မှန်ကန်သောကျမ်းဖြစ်ကြောင်းကိုဖြေတယ်။
ထိုအခါ
အခ်နဆ်ကလည်း ပြောတယ်။
ငါလည်းအဲ့လိုပဲ မြင်တယ်။
ပြီးနောက်မှာ အဗူဂျဟလ်စီကိုရောက်သွားတယ်။
သူ့ကိုလည်း
အစောကလို ကုရ်အာန်ကို ဘယ်လိုမြင်လဲမေးတော့
အဗူဂျဟလ်ကဖြေတယ်။
ရှင်းရှင်းပြောရရင် ငါ့မျိုးရိုးနဲ့
အဗ်ဒ်မနာဖ်မျိုးရိုးဟာ အမြဲတမ်းဆန့်ကျင်ဘက်ပဲ။
ခေါင်းဆောင်လမ်းပြမှုအပိုင်းမှာ သူတို့မျိုးရိုးက
ဘယ်နေရာမှာ ဦးဆောင်လဲ။
သူတို့နဲ့အမြဲယှဉ်ပြိုင်နေဖို့ပဲ။
သူတို့ဟာ နောက်လိုက်တွေအပေါ်
ဘယ်လောက် ကောင်းပြမလဲ ။
သူတို့ထက် ငါတို့ ကောင်းအောင်လုပ်ပြီး ပြသဖို့ပဲ။
သူတို့ဟာ ဘယ်အရာအပေါ်မှာ ခေါင်းဆောင်လဲ ။
သူတို့အနောက်ကို မလိုက်ဖို့ပဲ။
အရဗ်တစ်ခွင်လုံးသိတယ်။
ငါတို့မျိုးအနွယ်၂စုဟာ ဂုဏ်ရည်တူတဲ့အမျိုးအနွယ်
တွေဆိုတာ။
အဲ့လိုပြိုင်ဆိုင်နေတဲ့အခြေအနေမျိုးမှာ
သူတို့အမျိုးအနွယ်က နဗီတစ်ပါးပွင့်တယ်။
သူအပေါ် ကောင်းကင်က ဝဟီကျ
တယ်ဆိုတော့ ငါတို့အမျိုးအနွယ်ရဲ့ တာဝန်က
ဆန့်ကျင်နေဖို့ပဲ ဆိုတာ ပေါ်လွင်နေပြီပဲ ။
ဒါကြောင့်ငါတို့မှာ ခွန်အားရှိသလောက်နဲ့
ရအောင်ဆန့်ကျင်ပြီး ရအောင်တွန်းလှန်ဖို့ ဆုံးဖြတ်
ထားလိုက်တယ်။
ငါတို့အမျိုးအနွယ်ဟာ သူတို့အမျိုး
အနွယ်ကို ရအောင်ယှဉ်မယ်။
သူ့အပေါ်လုံးဝ အီမာန်
ယူမှာ မဟုတ်ဘူး။
မိတ်ဆွေများခများ-
ဒီအဖြစ်အပျက်မှာ သိရတာတစ်ခုက
အစ္စလာမ်ရဲ့ အကြီးမားဆုံး ရန်သူဖြစ်လင့်ကစား
ကုရ်အာန်ကို
သဘောပေါက် နားလည်တယ်ဆိုတာဟာ
ကုရ်အာန်ရဲ့
မုအ်ဂျေဇဟ်တစ်ခုပါပဲ။
📗الخصائص الکبری للسیوطی📗
{بحوالہ: سلف صالحین کے ایمان افروز واقعات، ص۔ ۱۲۱}
လေးစားလျှက်
မော်လဝီ မုဟမ္မဒ်အစ္စမာအီးလ် ဥက္ကံ
Reshare to HJ Muhammad Swadiq
0 Comments