ဂျာဒူ ဂျင် ထိနေပြီလား
ခင်ဗျား အိမ်မက်ထဲမှာ ခဏ ခဏ မြွေ ကဘရ်စတန် ကျွဲနှစ်ကောင်
သုံးကောင် ခွေးကိုက်ခံရမှုများကို မကြာ မကြာ မြင်မက်နေပြီဆိုလျှင်
သဘောပေါက်လိုက်ပါ။ ဂျာဒူ ရှိုင်သွာန် ဂျင်န် တို့ရဲ့ တိုက်ခိုက်မှုကို
ခံနေရပြီ ကုသမှုစလုပ်ပါ မကုသဘူးဆိုလျှင် စီးပွါးရေး အိမ်ထောင်ရေး
လူမှုရေးထိခိုက်နိုင်အားလုံးကို အလ္လာဟ်ထိန်းသိမ်းတော်မူပါစေ
ရိုးရိုးရေတစ်ခွက်ထဲကို ဒရူးဒ် သေအီဗရာဟီးမ် (၁)ကြိမ်ဖတ်ပြီး
ရေထဲကို မန်းမှုတ်မယ်။
၂။ စူရာဟ်ဖာသွေဟာကို အာအူဇိုတစ်ကြိမ်ဗိစ်မိလ္လာဟ်နဲ့
စူရာဖာသွေဟာတွဲပီး (၁၀)ကြိမ် ရေထဲကို မန်းမှုတ်မယ်။
ဗိစ်မိလ္လာဟ် တွဲပြီး စူရာဟ်ဖလားက် (၁၀)ကြိမ်ဖတ်ပြီး မန်းမှုတ်မယ်။
ဗိစ်မိလ္လာဟ်နဲ့တွဲပြီး စူရာဟ်နားစ်ကို (၁၀)ကြိမ်မန်းမှုတ်မယ် ရေထဲ။
ဗိစ်မိလ္လာဟ်နဲ့တွဲပြီး အာယသွလ်ကုရ်စီ (၁၀)ကြိမ် ဖတ်ပြီးရေထဲ
မန်းမှုတ်မယ်။ ပြီးရင်တော့မန်းထားတဲ့ရေကို သောက်လိုက်ရမယ်။
အကယ်လို့သောက်လိုက်တဲ့လူက ရေရဲ့အရသာက ချဉ်နေတယ် ဆိုရင်
သူဂျာဒူထိထားပြီးပါပြီ
အကယ်လို့ ရေက ခါးနေတယ်ဆိုရင် သူ့မှာကြီးမာစွာ
ဂျင် အစရ် ရှိနေပါတယ် ။
အကယ်လို့ရေက ချဉ်လည်းမချဉ်ဘူး ခါးလဲမခါးဘူး
ဆိုရင် ဘာအရသာမှမရှိပဲ ရေသောက်ရသလိုပဲဆိုရင်
ဘာဂျာဒူမှမရှိသလို ဂျင်န်အစ်ရ်လည်း မရှိပါဘူး
ဤ စမ်းသပ်နည်းလေးကို
ဖရ်ဇ် နမားဇ် ဖတ်ပြီးနောက် ပြုလုပ်လို့ရပါသည်။
မိတ်ဆွေများ အချိန်မကုန် ငွေမကုန်
စိတ်မပင်ပန်းရလေအောင်
မိမိတို့ကိုယ်တိုင် လက်တွေ့စမ်းသပ်ကြည့်ရှုနိုင်ဖို့။
#မှတ်ချက် အလ္လာဟ်သျှင်ကိုအဓိကအားကိုးပီး ထိုအမလ်ကိုလုပ်ပါ။
အရာအကုန် အလ္လာဟ်သျှင့်လက်တော်တွင်သာရှိသည်။
။
Credit:
====================================================
#စူရဟ် ဖလက် (အာရုဏ်တက်ချိန် ကဏ္ဍ) သည် မဒီနဟ်ရွှေမြို့တော်၌
ကျရောက်ခဲ့သော စူရဟ်ဖြစ်သည်။ အာယသ်တော်ပေါင်း ၅ အာယသ်ပါ
ရှိသည်။
ဤစူရဟ်၌ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ဂုဏ်နာမတော်တစ်ခုကို
တင်ပြ၍ အရာ ၄ ခု၏ ဘေးအန္တရာယ်အသွယ်သွယ်မှ ခိုလှုံမှု အကာ
အကွယ်ရယူရန် အမိန့်ပေးထားပါသည်။
(၁) ခပ်သိမ်းကုန်သော အဖန်ဆင်းခံတို့၏ ဘေးအန္တရာယ်အသွယ်သွယ်မှ
ခိုလှုံမှု အကာအကွယ်ယူရန်။
(၂) အမှောင်၏ ဘေးအန္တရာယ်အသွယ်သွယ်မှ ခိုလှုံမှု အကာအကွယ်ယူရန်။
(အမှောင်၌ ဖြစ်တတ်သော ဘေးအန္တရာယ်များမှာ … သူခိုး၊ ဓါးပြ၊ သားရဲ
တိရိစ္ဆာန်များ၊ အဆိပ်အတောက်ရှိသော ပိုးမွှားများ၊ ရှိုန်သွာန်များ၊ ဂျင်နာသ်
များ၏ အန္တရာယ်များ၊ ဆင်းရဲခြင်းအမှောင်၊ လမ်းမှားခြင်း၏ အမှောင်၊ စိတ်
ဒုက္ခဖြစ်ခြင်း၏ အမှောင် အားလုံး၏ ဘေးအန္တရာယ်များမှ ခိုလှုံမှု အကာ
အကွယ်ယူရန်။)
(၃) အထုံးအဖွဲ့များ၌ ရွတ်ဖတ် မန်းမှုတ်သော မိန်းမတို့၏ ဘေးအန္တရာယ်အသွယ်သွယ်မှ ခိုလှုံမှု အကာအကွယ်ယူရန်။ (ဂျာဒူ ပရောဂါ အောက်လမ်း
ပညာစသည်တို့ကို အမျိုးသားများလည်း ပြုလုပ်လေ့ရှိသော်လည်း ဤစူရဟ်
၌ အမျိုးသမီးများကို အဓိက ရည်ညွှန်းရခြင်းမှာ များသောအားဖြစ် ဂျာဒူပ
ရောဂါ မန်းမှုတ်ခြင်း စသည်တို့ကို အမျိုးသမီးများသည် အမျိုးသားများ
ထက် ပိုမို ယုံကြည်စွာ လုပ်လေ့ရှိသောကြောင့် ဖြစ်သည်။)
(၄) မနာလို ငြူစူသောသူတို့၏ ဘေးအန္တရာယ်အသွယ်သွယ်မှ ခိုလှုံမှု
အကာအကွယ်ယူရန်။
ဤစူရဟ်၌ အလ္လာဟ်အသျှင်မြတ်သည် တမန်တော်မြတ်ကြီးမှ တဆင့် မိမိ၏
အဖန်ဆင်းခံလူသားတို့အား သင်္ခန်းစာပေးသည်မှာ အမျိုးမျိုးအဖုံဖုံသေ ဘေး အန္တရာယ်များမှ လွတ်မြောက်ရန် လုံခြုံမှုပေးနိုင်သူမှာ အလ္လာဟ်အသျှင်မြတ်
တစ်ပါးတည်းသာလျှင်ဖြစ်သည်။ အဖန်ဆင်းခံအားလုံးကို ဖန်ဆင်းတော်မူ
သော လွှမ်းမိုးချုပ်ကိုင်တော်မူသော အသျှင်မှာ အလ္လာဟ်အသျှင်မြတ်တစ်
ပါးတည်းသာလျှင်ဖြစ်သည်။ အလ္လာဟ်အသျှင်မြတ်၏ အလိုတော်မရှိဘဲ
မည်သည့် အဖန်ဆင်းခံ၊ မည့်အရာမှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိ
ခိုက်နစ်နာအောင် လုပ်နိုင်စွမ်းအလျဉ်းမရှိပါ။
မုဟမ္မဒ် ရှိုအိုင်ဗ် မဟ်မူဒီ
Reshare to HJ Muhammad Swadiq
0 Comments