ဤ ဝဇီဖာ သည် အလွန်ကြီးကျယ်သော
ဝဇီဖာ ဖြစ်သည်။
တမန်တော်မြတ် [ ဆွလ္လလ္လာဟုအလိုင်ဟိ၀စလ္လာမ် ]
မိန့်တော်မူသည်။
[ လာဟောဝ်လ ၀လာကူး၀သ အိလ္လာဗိလ္လာဟ် ] သည်
[ ၉၉ ] ပါးသော ရောဂါဝေဒနာများ၏
ဆေးတစ်ခွက်ဖြစ်သည်။
ထိုအထဲတွင် အသေးဆုံးသော ရောဂါမှာ
သောက ဖိစီးခြင်း ဖြစ်သည်။
[ လာဟောဝ်လ ၀လာကု၀သ အိလ္လာဗိလ္လာဟ် ]
အကြင်သူသည် ဤ ကလေမာဟ်တော်အား
နေ့စဉ် ကြိမ်ဖန်များစွာ ရွတ်ဆိုနေလေ့ရှိသော်
လောကီနှင့် တမလွန်ဆိုင်ရာ ရောဂါပေါင်း [ ၉၉ ] ပါး၏ ဆေးသဖွယ်ဖြစ်မည်။
[ မစ်ရ်ှကာသ် ကျမ်း ]
[ လာဟောဝ်လ ၀လာကူး၀သ အိလ္လာဗိလ္လာဟိလ်
အလီယိလ် အဇွီးမ် ] ကို
နေ့စဉ် အကြိမ် [ ၆၀ ] ဖတ်ရွတ်ပြီး
ရေထဲ၌ မန်းမှုတ်ကာ
သောက်သုံးပေးပါ။
အင်န်ရှာအလ္လာဟ်!
သောကဗျာပါဒ အပေါင်းမှ
ကင်းဝေးမည် ဖြစ်သည်။
၎င်းပြင် စိတ်နှလုံး ပူပင်ခြင်းအတွက်
ဤ အမလ် သည်
အလွန်အကျိုးသက်ရောက်သော
အမလ် ဖြစ်ပါသည်။
၎င်းပြင် ဤ သပ်စ်ဗီ တော်ကို နေ့စဉ်
အကြိမ် [ ၃၀၀ ] ရွတ်ဖတ်ခြင်းဖြင့်
မိမိ၏သောကများကို အရှင့်ထံလွဲအပ်ပြီး
မိမိကိုယ်တိုင် အပူကင်းစွာ နေနိုင်မည် ဖြစ်ပါသည်။
ဟဇရသ် အိဗ်နေ့အဗ်ဗားစ်[ ရသွေ့ ] သခင်
ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်[ ဆွလ္လလ္လာဟုအလိုင်ဟိ၀စလ္လာမ် ]
အမိန့်ရှိသည်မှာ
လူတစ်ဦးက ဝမ်းနည်း ပူဆွေးမှုဒုက္ခ
ဝိုင်းလိုက်ပြီဆိုရင်
ဒီ ၀ဇီဖာ ကိုတောက်ရှောက်ဖတ်ပါ။
လူတွေကို ပူဆွေးမှုမှ ကင်းဝေးသွားမည်။
[ လာဟောဝ်လ ဝလားကူးဝသ အိလ္လာဗိလ္လာဟ် ]
ဘူခါရီ မုစ်လင်မ် ဟဒီးစ်မှာ လာရှိတယ်။
ဤဝဇီဖာသည် [ ဂျ န္နသ်ရဲ့ စည်းစိမ်ထဲက
စည်းစိမ်တစ်ခုဖြစ်တယ် ]
ဘယ်သူအချစ်ထား ဖတ်မလည်း
ထိုသူ ဂျ န္နသ် သွားရမယ်။
[ လာဟောဝ်လ ဝလားကူးဝသ အိလ္လာဗိလ္လာဟ် ]
သိရ်မေသီဟဒီးစ်တွင် လာရှိသည်။ ဤ ဝဇီဖာသည်
[ ဂျ န္နသ် တံခါးများထဲမှ တံခါးတစ်ခုဖြစ်တယ် ]
နောက် ရေဝါယသ်တစ်ခု လာရှိသည်မှာ
တစ်ခါဖတ်ရင် ဖရိရ်ှသာတစ်ပါး
ဆင်းသက်လာသည်။
ဘယ်နှစ်ခေါက်ဖတ်မယ်
ဖရိရ်ှသာတွေဆင်းသက်ကြမယ်။
ဘာလို့ဆင်းတာလည်း
ရောဂါသည် ရောဂါပျောက်ရန်ဖြစ်တယ်။
သင်တို့ဖတ်တာနဲ့
အလ္လာဟ်ရှင်က ဖရိရ်ှသာကို ဆင်းခိုင်းစေတယ်။
ဤ ဝဇီဖာက ကျွန်ုပ်တို့ရဲ့စည်းစိမ်တွေ
သားသမီးတွေ ခန္ဓာကိုယ်ကို စောင့်ရှောက်တယ်။
ရှိုင်သွာန်က ဖတ်ခွင့်မပေးဘူး ဒါဖတ်ရင်
ရှိုင်သွာန် ဒုက္ခရောက်ပြီး ပြေးစေတယ်။
တမန်တော်မြတ် [ ဆွလ္လလ္လာဟုအလိုင်ဟိ၀စလ္လာမ် ]
အမိန့်ရှိတယ်။
အရဖသ်ကွင်းမှာ ဤ ဝဇီဖာကို
[ ၁၀ ] ကြိမ်ဖတ်မယ်ဆိုရင်
ထိုဖတ်သူသည် ကလေးပမာ ဖြစ်သွားသည်။
[ လာဟောဝ်လ ဝလားကူးဝသ အိလ္လာဗိလ္လာဟိလ်
အလီးယူလ်အဇွီးမ် ]
အားလုံးကို လက်တွေ့ အမလ်လုပ်နိုင်တဲ့
သောင်ဝ်ဖီးက်
အလ္လာဟ်အသျှင် ချီးမြှင့်တော်မူပါစေ။ အာမီးန်။
Nurr- copy from #ရန်နိူင်စိုး🕋🕋🕋
0 تعليقات