Ad Code

Assalamualikum

#အမျိုးသမီးတွေဘာကြောင့်အဇာန်မဆိုရတာလဲ 🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹



အမျိုးသမီး၏အသံသည် 'စသရ်'
ဖုံးကွယ်ထားရမည့်အထဲတွင် ပါဝင်သော် လည်း လိုအပ်ချိန်တွင်သူစိမ်းအမျိုးသားနှင့် စကားပြောဆိုခွင့်၊ဖုန်းနားထောင်ခွင့် ရှိပေ သည်။

သို့သော်လည်း အမျိုးသမီးတို့၏အသံတွင် စွဲဆောင်မူ့ရှိသည်ဖြစ်၍
ဖေကဟ်ပညာရှင်များက အမျိုးသမီးများ အဇာန်ဆိုခြင်းကို တားမြစ်ထားပါသည်။

အဇာန်ကို အသံကောင်းကောင်းဖြင့်ပေးရသည်ဖြစ်၍ အမျိုးသမီးများ အဇာန်ပေးလျှင် ဖိသ်နာ
ဖြစ်မှာ စိုးရိမ်ရပါသည်။

၎င်းရဲ့အထောက်အထားမှာ
ရေဒီယို၊တီဗွီ မှအစီအစဉ်တင်ဆက်သူ အမျိုးသမီးများတွင်ချစ်ခင်သူများစွာရှိပေ
သည်။အသံ ဂျာဒူ ကလည်း မိမိ၏ အစရ်
ကိုဖြစ်စေပါသည်။

ဤသည်ကြောင့် သူစိမ်းတို့နှင့်
စကားပြောသောအခါ သင့်လျော်သော အသံနေအသံထားဖြင့်ပြောဆိုရန်အမိန့်
ပေးထားပါသည်။ မတတ်သာ၍ အရောင်း
အဝယ် အပေးအယူကိစ္စကို ကိုယ်တိုင် လုပ်ကိုင်နေရသောအမျိုးသမီးတို့သည် ပိုမိုသတိထား၍ စကားပြောဆိုကြရမည်။
အမျိုးသားတွေကတော့ အစထဲက
ပုလင်းထဲထည့်လိုကြသည်။

အကယ်၍ အမျိုးသမီးတစ်ဦးတစ်ယောက် ကအနည်းငယ်အလျှော့ပေးဆက်ဆံ
သည်ကိုတွေ့ရသည်နှင့် ကိစ္စအဝေးကြီး
သို့ ရောက်သွားတတ်ပေသည်။

အမျိုးသမီးအချို့ ကျောက်မျက်ရတနာ လက်စွပ် လက်ကောက်ဝယ်ယူရာ၌ပင် ဆိုင်ရှင်အမျိုးသားအား ဝတ်ပေးပါဟု ပြောဆိုကြသည်။ တစ်ဦးလက်ကိုတစ်ဦးပေးလိုက်ပြီဆိုမှ
တော့ နောက်ဘာကျန်ဦးမလဲ။

ဆရာဝန် သမားတော်တို့နှင့် ရောဂါ အခြေအနေပြရာ၌လည်းအထူး သတိထား သင့်ပေသည်။
ခန္ဓာကိုယ်ဆေးကုရင်း နှလုံးသား၏ရောဂါ ရသွားမှာစိုးရပေသည်။
များစွာသောဆရာဝန်များ ရောဂါသည် အမျိုးသမီးကိုဆေးကုရင်းကိုယ်တိုင် အချစ်ရောဂါရသွားကြသည်။

အချို့လူတို့ မိမိတို့၏သမီးပျိုကို
အများသားဆရာထံ ကျူရှင်ယူရန်
ပို့ပေးကြသည်၊ကျူရှင်ပေးရန်မိမိအိမ်ခေါ် သင်ကြသည်။
ပုံစံနှစ်ခုလုံးတွင်ရလဒ်အနေဖြင့်မကောင်းပါ

ရှရီအသ်တရားတော်ကို မေ့လျော့ပေါ့ဆမူ့ကြောင့် နိဂုံးသည် အမြဲမကောင်းဖြစ်တတ်ပေသည်။

တပည့်ကဆရာနှင့်အတူထိုင်စကားပြော
ခွင့် ရသွားသည်။
တစ်ဦး၏ကိုယ်ရေးကိုယ်တာတစ်ဦးက ပြောဆိုရင်း သိရှိခွင့်ရသွားသည်။ 
ဟရာမ် တံခါးပေါက်များပွင့်လာအောင် ရှိုက်သွာန်ကသွေးထိုးလှုံ့ဆော်သည်။
ကျူရှင်သင်ရင်း အပူအပင် ရသွားတော့ သည်။

အမျိုးသားများကလည်း အမျိုးသ္မီးတို့နှင့် စကားပြောဆိုရာတွင်သတိထားရမည်။

အမျိုးသမီးတို့အနေဖြင့် သူစိမ်း
အမျိုးသားတို့နှင့် စကားစမြည်
ပြောဆိုခြင်းသည်လည်း ဇေနာ၏ အကြောင်းခံများထဲမှ ကြီးမားသော အကြောင်းခံတစ်ခုဖြစ်ပါသည်။

ဤအတွက်ကြောင့်ပင် ကျမ်းတော်
မြတ်ကုရ်အာန်က အမိန့်ပေးထား
သည်မှာ 

'အမျိုးသမီးတို့သည် သူစိမ်း
အမျိုးသားတို့နှင့် စကားပြောရ
လျှင် မိမိတို့၏အသံကို စွဲဆောင်
မူ့မရှိစေနှင့်။မပျော့ပြောင်းစေနှင့်။
စကားတန်ဆာဆင်၍ လှပသော
အနေဖြင့်မပြောနှင့်။'

အလ္လာဟ်ရှင် အမိန့်ရှိတော်မူသည်မှာ. .

'နောက် သင်မတို့သည် စကားကို
ချိုသာပျော့ပြောင်း မပြောဆိုကြ
နှင့်။စိတ်တွင်းရောဂါရှိသူတို့သည်
အသင်မတို့ကို မက်ထားလာကြမည်။ အသင်မတို့ကောင်းသောစကားကိုဆိုကြပါ။ '

ပရ်ဒါအတွင်းမှ ပြောဆိုရချိန်တွင်လည်း မိမိတို့အသံကို ချိုသာစွာစွဲဆောင်မူ့ ရှိသောလေသံမျိုးမဖြစ်ပေါ်စေနှင့်။
အသံနေအသံထားကို ခပ်ပြတ်ပြတ်ပြော ရမည်။အမျိုးသား၏ရာဂစိတ်ကို ကြွစေမည့် အပြောမျိုးများမှ ရှောင်ရမည်။

နူးညံ့ပျော့ပြောင်းစွာမပြောနှင့်၊
ရှင်းလင်းပြတ်သားစွာပြောဆိုပါ။
တိုတိုပြောပါ။နှစ်ခွန်းနှင့်ပြီးမည့်စကားကို တစ်ခွန်းတည်းနှင့်ပြောပါ။ အမျိုးသားသည် တစ်ခွန်းမှ နောက်တစ်ခွန်းပြောရဲအောင်
မဖြစ်စေနှင့်။

အမျိုးသားနှင့်အမျိုးသမီးတို့ကြား
အတင့်ရဲစွာ စကားပြောရဲလာပါက
ကိစ္စရှေ့ကိုတိုးလာသည်။
တစ်ဦးနှင့်တစ်ဦး တွေ့ချင်လာသည်။

ကုရ်အာန်မှာအထောက်အထားလာရှိသည်
နဗီများ တစ်သိန်းနှစ်သောင်းကျော်လာရှိသည်။
ထိုအထဲမှ တစ်ဦးမှ လောကမှာ
အလ္လာဟ်ရှင်အား မြင်တွေ့ရန်
ဆန်ဒမထားကွ။
တမန်တော်မူဆာ(အ)တစ်ပါးသာ ပြောခဲ့သည်။

'အို. . .ကျွန်တော်မျိုး၏ ရဗ်
ကျွန်တော်မျိုးကို မိမိအားဖူးတွေ့
ခွင့်ပေးသနားပါ'

မုဖတ်စ်စစ်ရ် အကျယ်ပြန်သောပညာရှင် တို့က ရေးကြသည်မှာ
တမန်တော်မူဆာ(အ)သည်
တူရ်တောင်ပေါ် တွင် အလ္လာဟ်ရှင်နှင့် စကားပြောရန်သွားလေ့ရှိသည်။ သို့ဖြစ်၍'ကလီမွလ္လာဟ်'ဖြစ်သည့်အတွက် ကြောင့် ၎င်း၏စိတ်တွင် ချစ်သူအစစ် ကိုကြည့်ရှု့ရန် ဆန္ဒဖြစ်ပေါ်လာသည်။

ဤအကြောင်းအရာအရ
ပထမ ပြောဆိုသည့်အဆင့်ကိုကျော်လွှား ရသည်။
ထို့နောက် ကြည့်ချင် မြင်ချင်စိတ်
ဖြစ်လာသည်။မြင်ပြန်တော့တွေ့ချင်စိတ်
ဖြစ်လာသည်။

ပရ်ဒါ ပြုတ်ကျသွားပြီဆိုတော့
သူ၏နိဂုံးရလဒ်က သိက္ခာကျခြင်း
အရှက်ကွဲခြင်းကလွဲ၍ ဘာမှမရှိတော့ပေ။

(Ref; ဟဇ်ရသ်မော်လာနာယူနွတ်စ်
ပါလန်ပူရီဆွာဟိဗ်၏ 'ပြန့်ကျဲနေ
သောပုလဲလုံးများ' )

Thar Chaw

Post a Comment

0 Comments

Close Menu