အိမ်မှာလုပ်ကြည့်ရအောင်🤤( ဝါသနာ ပါသူတွေအတွက်)
-ရေခဲမုန့်ကို နွားနို့နဲ့လည်းလုပ်လို့ရသလို
နို့မှုန့်နဲ့လည်း လုပ်လို့ရပါတယ်။
နွားနို့ဆိုရင် နို့စစ်စစ်နဲ့ပိုကောင်းပါတယ်။
-နွားနို့စစ်စစ် ၁ ပိသာကို ဆူပွက်အောင်ကြို ပါ။
နို့မှုန့်ဆိုရင် ဂရမ် ၂၀၀ကို ရေတစ်လီတာဘူးရှိတဲ့
ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ဖျော်ပါ။
-ကျောက်ကျောမှုန့် စတီးဇွန်း ၁ဇွန်း ၊
ပြောင်းဖူးမှုန့် စတီးဇွန်း ၂ ဇွန်းလောက်ကို
ရေနည်းနည်းထည့်ပြီး အရည်ပျစ်ပျစ်ဖျော်ပါ။
-ပြီးရင် ဆူပွက်နေတဲ့ နို့အိုးထဲကိုလောင်းထည့်ပါ။
သကြားစတီးဇွန်း ၅ဇွန်းနဲ့ဆားနည်းနည်းထည့်ပါ။
မပြတ်မွှေပေးပြီး ပျစ်လာအောင် ကျို ပါ။
-ပျစ်ပျစ်လေးဖြစ်လာရင် မီးဖိုပေါ်ကချပြီးအအေးခံပါ။
အေးတဲ့အခါ ရေခဲသေတ္တာ အပေါ်ကန့်မှာ
၄နာရီလောက်ထည့်ပြီးအအေးခံပါ ။
-ပြီးရင် ရေခဲသေတ္တာထဲကထုတ်ပြီး
သစ်သီးမွှေစက် (Blender)ထဲထည့်ပြီးတစ်မိနစ်လောက်မွှေပါ။
-တကယ်လို့ ချောကလက်ရေခဲမုန့်လိုချင်ရင်
ချောကလက်မှုန့် စတီးဇွန်း ၁၀ဇွန်းထည့်မွှေပါ။
-ဒူးရင်းသီးရေခဲမုန့်လိုချင်ရင် ဒူးရင်းသီးအသားထည့်မွှေပါ။
အချိုးအဆမပေးပါဘူး။
နည်းနည်းထည့်ရင်နည်းနည်းမွှေးမယ်။
များများထည့်ရင် များများမွှေးမယ်။
နှစ်သက်သလောက်ထည့်နိုင်ပါတယ်။
ရေခဲမုန့်အနေအထားကြည့်ပြီး ချင့်ချိန်ထည့်ပါ။
-သီးစုံရေခဲမုန့်လိုရင်တော့ ကျောက်ဖရုံယို ၊ စပျစ်သီးခြောက် ၊
သီဟိုဠ်စေ့ တို့ကိုမွှေပြီးမှ ထည့်ပါ။သမအောင် ဇွန်းနဲ့မွှေပါ။
Blender ထဲထည့်မွှေရင် ကြေကုန်ပါမယ်။
-ကိုယ်လိုချင်တဲ့ရေခဲမုန့်ကို
ဥာဏ်ရှိရင် ရှိသလို ဆန်းသစ်တီထွင်နိုင်ပါတယ်။
#ရေခဲမုန့်လုပ်နည်း 🍨🍦🍧

-မွှေပြီးရင် ရေခဲသေတ္တာအပေါ်ခန်း(ရေခဲခန်း)ထဲပြန်ထည့်ပါ။
၈ နာရီပြည့်ရင် ရေခဲမုန့်ကောင်းကောင်းခဲပါပြီ။
Credit

0 تعليقات