ဟစ်ဂျရီ (2) ခုနှစ် ရမသွာန်လ (17) ရက်၊ ခရစ်သက္ကရာဇ် (624) ခုနှစ် မတ်လ (17) ရက် နေ့တွင် ဗဒရ် စစ်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုစစ်ပွဲတွင် မုဟာဂျိရ် (77) ပါး နှင့် အန်စွာရီ (236) ပါး စုစုပေါင်း (313) ပါးတို့သည် ကာဖိရ်မုရ်ှရိက် အယောက် (1000) နီးပါးနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုဆွဟာဗဟ် (رضي اللّٰه عنهم أجمعين) သာဝက (313) ပါးထဲမှ (14) ပါး ရှဟီးဒ်ဖြစ်ခဲ့ကြသည်။
ထိုရှဟီဒီ (14) ပါးထဲမှ ပထမဦးဆုံး ရှဟီးဒ်ဖြစ်ခဲ့သော သာသနာ့ အာဇာနည်မှာ ဟဇရသ် အုဗိုင်ဒဟ် အိဗ်နို့ ဟာရိဆ် (رضي اللّٰه عنہ) ဖြစ်သည်။
ထိုရှဟီဒီထဲတွင် အသက်အငယ်ဆုံးသော သာသနာ့ အာဇာနည် ဆွဟာဗီမှာ အသက် (16)နှစ်သာ ရှိသေးတဲ့ ဟဇရသ် အုမိုင်ရ် အိဗ်နို့ အဗီဝက္ကာဆ်ွ (رضي اللّٰه عنہ) ဖြစ်သည်။
ရှဟီဒီ အာဇာနည် (14) ပါးတွင်
မုဟာဂျိရ် ဆွဟာဗဟ် (6) ပါး နှင့်
အန်စွာရီ ဆွဟာဗဟ် (8) ပါး ဖြစ်သည်။
မုဟာဂျိရ်
*** ***
(1) ဟဇရသ် အိုဗိုင်ဒဟ် အိဗ်နို့ ဟာရိစ် ﴾رض﴿
(2) ဟဇရသ် အိုမိုင်ရ် အိဗ်နို့ အဗီဝက္ကားဆ်ွ ﴾رض﴿
(3) ဟဇရသ် ဇွရ်ှရှေမာလိုင်န် အိဗ်နို့ အမ်ရ် ﴾رض﴿
(4) ဟဇရသ် မိဟ်ဂျအ် အိဗ်နို့ စွာလေ့ဟ် ﴾رض﴿
(5) ဟဇရသ် အာကိလ် အိဗ်နို့ ဗိုကိုင်ရ် ﴾رض﴿
(6) ဟဇရသ် ဆုဖ်ဝါးန် အိဗ်နို့ ဝဟ်ဗ် ﴾رض﴿
အန်စွာရီ
**** ****
(1) ဟဇရသ် စအဒ် အိဗ်နို့ ခိုင်ယ်စမာဟ် ﴾رض﴿
(2) ဟဇရသ် မုဗရ်ှရှိရ် အိဗ်နို့ အဗ်ဒိလ်မွန်ဇိရ် ﴾رض﴿
(3) ဟဇရသ် ယဇီးဒ် အိဗ်နို့ ဟာရိဆ် ﴾رض﴿
(4) ဟဇရသ် အိုမိုင်ရ် အိဗ်နို့ ဟိုမာမ် ﴾رض﴿
(5) ဟဇရသ် ရာဖီအ် အိဗ်နို့ မိုအလ္လာ ﴾رض﴿
(6) ဟဇရသ် ဟာရိဆဟ် အိဗ်နို့ စိုရာကဟ် ﴾رض﴿
(7) ဟဇရသ် အောက်ဖ် အိဗ်နို့ ဟာရိဆ် ﴾رض﴿
(8) ဟဇရသ် မိုအောင်ဝိဇ် အိဗ်နို့ ဟာရိဆ် ﴾رض﴿
📝 စာအုပ်ပြုစုသူ ...
အလ်ဟာဂ်ျ မုဟမ္မဒ် အိုမရ် (မြင့်နိုင်)
📘 စာအုပ်အမည် ...
ဗဒရ် နှင့် ဗဒရီ ဆွဟာဗဟ်များ
🌴 Noor Mohammad 🌴
🗓️ 02 / 07 /2019 🗓️
0 تعليقات