အီမန်ရှင်တိုင်းအတွက်ကတော့ တန်ဖိုးမဖြတ်နိင်သည့် ရတနာသိုက်ကြီးပါ။
အစ္စရာရုလ်ဖာသေ့ဟာကျမ်းနှင့် အလ္လာမာအေမာမမ်ကျမ်းတွင် ရေးသားဖေါ်ပြထားပါသည်။
❤️ အကြင်မည်သူမဆို ဖဂျရ်ဖရဇ် နှင့်စွန္နသ် နမာဇ်ကြားအလည်တွင် စူရဟ်ဖာသေဟာကို ဗီစ်မိလ္လာ နှင့်တွဲဖက်၍ စဉ်ဆက်မပြတ်ဖတ်ရွတ်သရဇ္ဇျယ်ခြင်းပြုခဲ့ပါမူ မိမိအလိုရှိရာကိုရရှိသွားပေလိမ့်မည်။
❤️ အစဉ်အမြဲဖတ်ရွတ်နေသူသည် ဆင်းရဲနွမ်းပါးသူဖြစ်ပါက ကြွယ်ဝချမ်းသာသွားလိမ့်မည်
❤️ အကြွေးတင်ရှိနေသူဖြစ်ပါမူ ထိုအကြွေးများအား ပေးဆပ်နိင်စွမ်းရရှိသွားလိမ့်မည်။
❤️ ရောဂါဝေဒနာရှင်ဖြစ်ပါမှု လျှင်မြန်စွာ ပျောက်ကင်းချမ်းသာမှု့ကိုရရှိသွားလိမ့်မည်။
❤️ အင်အားချိနဲ့သူဖြစ်နေပါမူ အင်အားတောင့်တင်းသူဖြစ်လာလိမ့်မည်။
❤️ လူသာမန်ဖြစ်ပါမှု ဂုဏ်သိက္ခာရှိပြီးလူအများ၏
လေးစားခြင်းခံထိုက်သော အဆင့်အတန်းရှိသူဖြစ်လာလိမ့်မည်။
❤️ မိမိကိုယ်တိုင်ပင် ယခင်က ဤအဆင့်အတန်းမျိုးအားရရှိလိမ့်မည်ဟု စဉ်းစားတွေးတောခဲ့ဖူးလိမ့်မည်မဟုတ်ပေ။
❤️ မိုးကောင်းကင်နှင့် မြေပထဝီ၏ နေရာတိုင်းတွင် လူအများ၏ချစ်ခင်နှစ်သက်မှု့ကို ရရှိပေလိမ့်မည်။
❤️ ထိုသူ၏နုတ်လျှာမှထွက်သောစကားက အစရ် စူးရှမှု့ဖြစ်လိမ့်မည်။
❤️ ထိုသူ၏ကောင်းမှု့လုပ်ရပ်တိုင်းသည် ကဘူလ်ပြုလက်ခံခြင်းတွင်ရှိနေပေလိမ့်မည်။
❤️ ရန်သူကပင်လျှင် ၎င်းသူအားမြင်တွေ့ပါက ကြောက်ရွံ့တုန်လှုတ်နေလိမ့်မည်။
❤️ ဖတ်ရွတ်နေသမျှကာလပတ်လုံး ငြိမ်းချမ်းသာယာ ပျော်ရွှင်နေရလိမ့်မည်ဖြစ်ပေသည် ဟူ၏။
(အလ္လာဟ်ဟို့အက်ဘရ်ကဗီးရာ)
မှတ်ချက်အနေဖြင့်တင်ပြရေးသားလိုသည်မှာ
ဤကျင့်စဉ်နှင့်ပတ်သက်၍ မူရင်းကျမ်းပြုသူက
အရေအတွက်ကိုဖေါ်ပြရေးသားထားခြင်းမရှိပါ။
ဖဂျရ် ဖရဇ်နှင့်စွန္နသ်၏ကြားဟုသာဖေါ်ပြထားပါ၏။ အချိန်အစဉ်ပြေသလို မိနစ်(၂၀) - နာရီဝက်ခန့် ဖတ်နိင်သ၍ ဖတ်ရွတ်နိင်ပေသည်။
ထိုအအ်မာလ်ပြုနိင်ရန်အတွက်လည်း ကျမ်းရှင်ကိုယ်တိုင်က လူအများဖတ်ရွတ်နိင်စေရန် ခွင့်ပြုချက်ပေးထားပြီးဖြစ်ပေသည်။
အဓိကမှာမှု နမာဇ်(၅)ကြိမ်ကိုလက်မလွှတ်ပါနှင့်။ နမာဇ်မရှိသူအတွက်မှာ အစ္စလာမ်ဟူသော သာသနာတွင် မည်သည့်ဝေစုမှမရှိပေ။
ကျွန်ုပ်နှင့်တကွ မိတ်ဆွေများအားလုံးကို အအ်မာလ်၏ အားအင်ဖြင့် အရှင့်ခဇာနာတော်မှ အကျိုးအမြတ်ရယူနိင်ကြပါစေဟု ဒိုအာဆုမွန်ပြုပါသည်။
ပြန်လည်ဝေဌသူ Kate Murphy
0 تعليقات