အေမာမ်ဘိုခါရီ(ရဟေ့)သခင်ထံမှ
ဆင့်ပြန်ချက်တရပ်လာရှိသည်မှာ-
အကြင်မည်သူမဆိုအောက်ဖေါ်ပြပါအစီစဉ်အတိုင်း၊
စူရာဟ်ဖာသေဟာကိုစွဲမြဲစွာဖတ်ရွတ်ခဲ့ပါမူ၊၎င်း သူသည်
လောကီ၏လိုအပ်ချက်များမှမည်သည့်အခါမျှ
တောင့်တခြင်းရှိလိမ့်မည်မဟုတ်ပေ။
အလ္လာဟ်အရှင်မြတ်သည်၎င်း သူအတွက်အကွယ်မှ
တံခါးများကိုဖွင့်လှစ်ပေးသနားတော်မူမည်ဖြစ်၏။
ထို့နောက်တစုံတခုသောအခက်ခဲအကျပ်
အတည်းနှင့်တွေ့ကြုံရင်ဆိုင်ခဲ့ရပါမူ၊
မိမိတကိုယ်တည်း၊သီးခြားနေရာတခုတွင်
ခန္ဓာကိုယ်အဝတ်အစားသန့်ရှင်းမှုနှင့့််တကွဝိုဇူပြုပြီး၊
နဖိလ်(၂)ရကအသ်ဖတ်ရွတ်ခါ၊စလာမ်လှည့်ပြီးသည့်နောက်
-အိစ်သိစ်ဂ်ဖာရ်အကြိမ်(၇၀)
-ဒရူးဒ်ရှရီးဖ်အကြိမ် (၇၀)
-စူရာဟ်ဖာသေဟာ အကြိမ်(၇၀)ဖတ်ပြီး
အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် မိမိလိုအင်ဆန္ဒကိုရို့
ကျိုးစွာဖြင့်တောင်းဆုပြုပါလေ။
သို့ဆိုပါလျှင်ထိုအအ်မာလ်၏ဘရ်ကသ်တော်မြတ်ဖြင့်
အလ္လာဟ်အရှင်မြတ်သည်၎င်း သူ၏လိုအင်ဆန္ဒကို
ထိုနေ့၌ပင်အလိုပြည့်ဝစေတော်မူမည်ဖြစ်၏။
ထိုသို့သာမကထိုအချိန်၌ပင်အလိုပြည့်ဝစေလျှက်၊
အောင်မြင်မှုကိုပေးသနားတော်မူမည်ဖြစ်ပေသည်။
ထို့အပြင်အရှင်မြတ်သည်မိမိ၏မဟာဂရုဏာဖြင့်
ထိုသူအားတောင့်တကြောင့်ကျရခြင်းအပေါင်းမှ
လွတ်ကင်းစွာထားတော်မူမည်ဖြစ်ပေ၏။
(သဖ်စီရွလ်ဖာသေဟာကျမ်း)
crd
ပြန်လည်ဝေဌသည် Kate Murphy
0 تعليقات