Ad Code

Assalamualikum

❀ ❆ ❀ ❆ ❀ ﷽❆ ❀ ❆ ❀ ဒိုအာ........ထိထိမိမိလေးတစ်ခု ┄┅════❁❁════┅┄



အာရဗီကျေးတောသားတစ်ယောက်ဟာ


တမန်တော်မြတ်[صلي الله عليه وسلم]ရဲ့

ထံတော်ပါး[ရောင်ဇာဟ်]အရှေ့ကို 

ရောက်သောအခါ 


သူ့အနေနဲ့ အလ္လာဟ်ထံတော်မှာ 

ဒိုအာတောင်းခံတယ်.............


သူတောင်းခဲ့တဲ့ ဒိုအာလေးက ထိထိမိမိနဲ့

သုံးသွားတဲ့ စကားလေးတွေက

အံသြစရာကောင်းပါတယ်။


သူလိုမျိုး ဒိုအာ ကျနော်တို့ တောင်းချင်ရင်

တောင်းလို့ရတာပေါ့ 


သူရဲ့ တောင်းခံပုံက တမန်တော်မြတ်ရဲ့

[ရောင်ဇာဟ်]အရှေ့မှာရပ်ပြီး................"


အိုအလ္လာဟ် ဒါကတော့ အရှင့်အချစ်တော်ဖြစ်ပြီး

ကျွန်တော်ကတော့ အရှင့်ကျေးကျွန် 

တစ်ယောက်သာဖြစ်တယ်...."


''ရှိုင်သွားန်''ကတော့ ကျွန်တော်ရဲ့ရန်သူဖြစ်ပါတယ်။


အို............အလ္လာဟ်ရှင်  အကယ်၍

 အရှင်ဟာ ကျွန်တော့် အပြစ်တွေကို

''မားအ်ဖ်'' လုပ်ပြီ ခွင့်လွတ်လိုက်မယ်ဆိုရင်..


"အရှင့်ရဲ့" အချစ်တော်ဟာ ပျော်သွားပါလိမ့်မယ်။


"အရှင့်ရဲ့"ကျွန်"ဟာလည်း 

အောင်မြင်ပါလိမ့်မယ်။


"ကျွန်တော်ရဲ့"ရန်သူ"ဟာ ရှုံးနိမ့်သွားပါလိမ့်မယ်။


အို့.....အရှင်သခင် အကယ်၍ အရှင်ဟာ .....


ကျွန်တော်မျိုးကို "မာအ်ဖ်"မလုပ်ခဲ့ဘူးဆိုရင်

"အရှင့်ရဲ့"အချစ်တော်ဟာ ပူဆွေးသောက

ရောက်ရပါလိမ့်မယ်။


"အရှင့်ရဲ့"ကျွန်"ကျွန်တော်ဟာ

 ရှုံးနိမ့်သွားပါလိမ့်မယ်။


"ကျွန်တော်ရဲ့"ရန်သူ"ဟာ ပျော်ရွှင်သွားပါလိမ့်မယ်။


အို.....အလ္လာဟ်အရှင်မြတ် အရှင်ဟာ

"မိမိ"အချစ်တော်ကို ပူဆွေးသောကရောက်စေပြီး


မိမိရဲ့ ဗာန်ဒါဟ်ကို ရှုံးနိမ့်စေပြီး မိမိရဲ့ ရန်သူကို

ပျော်ရွှင်စေတာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ 


ဒါဟာ အရှင့်ရဲ့ ဂုဏ်သိက္ခာနဲ့

ဆန့်ကျင်ဘက် သာဖြစ်ပါတယ်။

 

ကျွန်တော့်ကို ဖန်ဆင်းတော်မူတဲ့ အရှင် 

ကျွန်တော်ဟာ အာရဗ်တစ်ယောက်ဖြစ်ပါတယ်။


ကျွန်တော်တို့ ဓလေ့မှာ ခေါင်းဆောင်

တစ်ယောက် ကွယ်လွန်သွားပြီဆိုရင် 


ကွယ်လွန်သွားတဲ့ ခေါင်းဆောင် ကဗရ်အပေါ်မှာ 

"ကျွန်"တွေကို သူကောင်းပြု ကြပြီး


"ကျွန်" အဖြစ်ကနေ လွတ်လပ်ခွင့် 

ပေးလိုက်ကြပါတယ်။


ကျနော်အခုရပ်နေတဲ့ ဒီနေရာဟာ....

တစ်လောကလုံးရဲ့ ခေါင်းဆောင်ဖြစ်သူ


နှစ်ဘဝ နှစ်ဌဏရဲ့ ခေါင်းဆောင်ဖြစ်သူ


တမန်တော်မြတ်(صلي الله عليه وسلم )ရဲ့

ကဗရ်ရှိတဲ့ [ရောင်ဇာဟ်]တော် အရှေ့မှာပါ။


အဲ့ဒီအတွက် အရှင့်ရဲ့ကျေးကျွန် 

ကျွန်တော်မျိုးကို ဂျဟန္နမ် မီးကနေ 

သူကောင်းပြု ပြီး ကင်းလွတ်စေတော်မူပါ။

အာမီးန်


         crd

 

Post a Comment

0 Comments

Close Menu