စူရဟ်ကဟဖ် (ဥမင်လိုဏ်ခေါင်းအကြောင်း) သည် မက္ကာဟ်မြို့တွင် ကျရောက်ပြီး အာယသ်တော် ၁၁၀ နှင့် ရုကူ ၁၂ ခုပါဝင်သည်။
**စူရဟ်ကဟဖ်၏ ထူးခြားမှုများနှင့် အကျိုးကျေးဇူးများ**
၁။ ဒဂ်ျဂျာလ်၏ အန္တရာယ်မှ လွတ်ကင်းခြင်း
မွတ်စ်လင်မ်၊ အဗူဒါဝူးဒ်၊ သိရ်မီဇီ၊ နစာအီ၊ မွစ်နဒေအဟ်မဒ် ကျမ်းများတွင် ဟဇရသ်အဗွဒ်ဒရ်ဒါအ် ရသွီယလ်လာဟု အန်ဟုထံမှ ဆင့်ပြန်ချက်လာရှိသည်။
၂။ စူရာကဟဖ်၏ ပထမ ၁ဝ အာယသ်ကို အလွတ်ကျက်မှတ်ထားသူသည် ဒဂ်ျဂျာလ်၏ ပြဿနာဆိုးမှ ထိန်းသိမ်းမှုရရှိမည်။ အချို့ဆင့်ပြန်ချက်တွင် စူရာကဟဖ်၏ နောက်ဆုံး ၁၀ အာယသ်ဟု ပါရှိသည်။
၃။ စူရဟ်ကဟဖ်ဖြင့် နူရ် ရရှိခြင်း
စူရာကဟဖ်၏ ပထမအာယသ်များနှင့် နောက်ဆုံးပိုင်း အာယသ်များကို ဖတ်ရွတ်ပါက ထိုသူ့အတွက် ၎င်း၏ခြေထောက်မှစ၍ ဦးခေါင်းထိ နူရ်တစ်ခုဖြစ်သွားသည်။
စူရာဟ်တစ်ပုဒ်လုံးကို ရွတ်ဖတ်လျှင် ထိုသူ့အတွက် မြေပထဝီမှ မိုးကောင်းကင်အထိ နူရ်ရရှိမည်။
၄။ ကိယာမသ်နေ့တွင် အသုံးဝင်မည့် နူရ်
ဂျုမုအဟ်သောကြာနေ့မြတ်တွင် စူရာကဟဖ်ကို သိလာဝသ်ပြုလျှင် ထိုသူ၏ ခြေထောက်မှစ၍ မိုးကောင်းကင်၏ အမြင့်ဆုံးအထိ နူရ်ရရှိမည်ဖြစ်ပြီး ထိုနူရ်သည် ကိယာမသ်နေ့တွင် အလင်းရောင်အဖြစ် အသုံးဝင်မည်ဖြစ်သည်။
၅။ မဂ်ဖိရသ် ရခြင်း
ပထမသောကြာမှ ယခုသောကြာအထိ ကျုးလွန်မိခဲ့သော ဂုနာဟ်များအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ရမည်။
၆။ ဂုနာဟ်ကနေ ထိန်းသိမ်းပေးခြင်း
သောကြာနေ့တွင် စူရဟ်ကဟဖ်ကို ဖတ်ပါက ထိုနေ့မှစ၍ နောက် ၈ ရက်အထိ ဖစ်သ်နာ( ပြဿနာများနှင့် ဂုနာဟ်ကျုးလွန်ခြင်း ) များမှ ထိန်းသိမ်းမှုရရှိမည်။ ဒဂ်ျဂျာလ်ပေါ်ထွက်လာလျှင်လည်း ၎င်း၏ ဖစ်သ်နာမှ အကာအကွယ် ရရှိမည်။
၇။ စူရဟ်ကဟဖ်၏ ထူးခြားချက်
တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်၏ မိန့်ဆိုချက်အား ဟဇရသ်အနတ်စ် ရသွီယလ္လာဟု အန်ဟုမှ ဆင့်ပြန်ထားသည်။ စူရဟ်ကဟဖ်သည် တစ်ချိန်တည်းတွင် တစ်ပုဒ်လုံး တစ်ပြိုင်တည်းကျရောက်သော စူရဟ်ဖြစ်သည်။ စူရာကဟဖ်ကို ချပေးရာတွင် ဖရိရ်ှသာပေါင်း ၇သောင်း ယူဆောင် ဆင်းသက်လာပေသည်။ ဤသည်ကပင် စူရဟ်ကဟဖ်၏ ထွတ်မြတ်မှုအား ဖော်ကျူးနေပေသည်။
အလ်မုဖီးဒ်
၂၉/ ရှအ်ဗာန်လ/ ဟစ်ဂျရီ ၁၄၃၈ (ယောင်မုလ် ဂျုမုအဟ်)
26/ 5/ 2017 (သောကြာနေ့)
(21/ 2/ 2019 (သောကြာနေ့) (ဒုတိယအကြိမ်)
စာသားကော်ပီယူသူများ date များပါအောင် ကူးပေးပါ။ ကျေးဇူးတင်ပါတယ်။
0 تعليقات