Ad Code

Assalamualikum

အလ္လာဟ်နဲ့ပဲ ဖြစ်တယ် နမားဇ်ကို ဗလီမှာပဲဖတ်မယ်!

အလ္လာဟ်နဲ့ပဲ ဖြစ်တယ် နမားဇ်ကို ဗလီမှာပဲဖတ်မယ်! 

(အဆုံးထိဖတ်ပေးပါ ရှယ်ပါ)

မက္ကာဟ် နဲ့ မဒီနာက ကျောင်းတော်ကြီးနှစ်ခုလုံးပိတ်ထားရတယ်ဆိုတာ ဟာသ မဟုတ်ဘူး ညီနောင် ကမ္ဘာ့ မွစ်လင်မ် အွမ္မသ် တခုလုံးနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်တယ် ဒါပေါ့သေးသေးကိစ္စကြောင့် ပိတ်ထားရတယ်များထင်နေလားး?

‌ဒါနဲ့ပတ်သက်လို့ ကျနော့်ကိုယ်တွေ့ဖြစ်ရပ်တခုပြောပြမယ် နားထောင် ၁၉၉၆ ခုနှစ်ရဲ့ ဟဂ်ျ မှာကျနော်ရှိနေတယ် ဘာဖြစ်လဲဆိုတော့ ကျနော်တို့ အားလုံး မီနာ မှာရှိနေတဲ့အချိန် မီနာကမ့်တခုကမီး စလောင်တဲ့ မီးဟာ ဘယ်လိုမှ ထိန်းလို့မရတဲ့အဆုံးဖြစ်လာတယ် အဲ့အချိန်မှာ ကျနော့်ဘေးက မီးသတ်တပ်ဖွဲ့နဲ့ ရဲတွေ သူတို့ရဲ့ ဝေါ်ကီတော်ကီကတဆင့်ပြောနေတာကို ကျနော်ကြားလိုက်ရတယ် "အချိန် နှစ်နာရီအတွင်း မီနာ ကမ့်တခုလုံးကို ဖျက်သိမ်းပြီး ဟာဂျီတွေကို အမြန်ဆုံး မက္ကာဟ်ကို ပြန်ထွက်ခိုင်းပါတဲ့" တဖက်မှာ မီးတွေကြီးလာတယ် ဂက်စ်တွေ ထ ပေါက်ပြီး ကမ့်တခုနဲ့ တခု မီးတွေကူးစက်လာနေတယ် မီးနဲ့အတူ လေတွေပါတိုက်လာတော့ ထိန်းချူပ်ဖို့ ပိုခက်လာတာကို တွေ့ရတယ် လူတွေအားလုံးအပြေးအလွှာဖြစ်နေချိန်မှာ ဘယ်လိုမှ မေ့လို့ မရတဲ့အဖြစ်တခုကိုမြင်တွေ့လိုက်ရတယ် အဲ့ဒါဘာလဲဆိုတော့ အာလင်မ်ကြီးတယောက်က ချက်ချင်းထရပ်ပြီး ဘာပြောလဲဆိုတော့ 
‌" အို ညီနောင်အပေါင်းတို့ ဘယ်သူမှ မပြေးကြပါနဲ့ စူရာဟ် ယာစီးန် ကိုသာ ထိုင်ဖတ်ကြပါ ဒီမီးမှာ ဘာအစွမ်း ဘာအရည်အချင်းမှ မရှိဘူး ကျနော်တို့ဟာ ဟဂ်ျ ကိုရောက်နေတာဖြစ်တယ် မီနာမှာဖြစ်တယ် ယာစီးန်သာ ထိုင်ဖတ်ပါ ကစမ်ကျိန်ပြောပါတယ် ဒီမီးရပ်သွားမှာဖြစ်ပါတယ် " တဲ့
‌စဉ်းစားကြည့် ဒီလူဟာ အာလင်မ်ဖြစ်နေပေမယ့် သူဘယ် စကားကို ဘယ်မှာလာပြောလဲကြည့် သူတတ်မြှောက်ထားတဲ့ အိလ်မ် ကို ဘယ်လိုပုံစံနဲ့ အသုံးချရမှန်းမသိဘူး reality ground မှာဖြစ်နေတဲ့ အနေအထားမှာ သူ့ရဲ့ အိလ်မ်က လူ အားလုံးကို လမ်းမှားကို တွန်းပို့လိုက်တယ်ဆိုတာကို သူ့ သတိမထားမိဘူး .... ကျနော်အဲ့တုန်းကအသက်ငယ်ငယ်ပဲရှိသေးတယ် but ကျနော် ချက်ချင်းထ ရပ်ပြီး သူ့စကားကို နားမထောင်ဖို့ တခြားကမ့်က သူတွေလည်း ယာစီးန် ဖတ်နေရင်းကနေ ထပြေးနေကြပြီး မီးဘေးလွတ်ဖို့ ကိုယ့်အသက်ကိုယ်ကယ်ဖို့ယာစီးန် ဖတ်ရုံနဲ့မရဘူး အလ္လာဟ်ကိုယ်တိုင်ဆင်းလာပြီး ငါမင်းတို့ကို ခြေထောက်နှစ်ချောင်းပေးထားတာဘာလုပ်ဖို့လဲ မေးတဲ့အထိ ခင်ဗျာတို့ စောင့်နေမှာလား လို့ ကျနော်ထအော်တော့မှ လူအများစုအသိဝင်လာပြီး အထုပ်တွေကောက် မ ပြီး မက္ကာဟ်ကို ပြေးကြတယ် အဲ့တော့မှ အဲ့အာလင်မ်ကိုယ်တိုင် ကမ့်ထဲကနေ လူတွေကို ထွက်ပြေးဖို့ စ အော်တော့တယ်..တကယ်တော့ သူ့ရဲ့ နှလုံးသားက အလ္လာဟ်နဲ့ အလ္လာဟ်အမိန့်အပေါ်မှာ ထားတဲ့ချစ်စိတ်က အလွန်းအကျူ းဖြစ်နေတာကို ကျနော်သတိထားမိလာတယ်.... နောက်နေ့ ကျနော့်တို့မီနာ ပြန်ရောက်တဲ့အချိန် မီနာ ကမ့်တခုလုံး လောင်းကျွမ်းပြီး ပြာ ပဲ ကျန်ခဲ့တယ်..... 
‌ကုရ်အာန်ကပြောနေတယ် လူတယောက် ငတ်ပြီး သေရမယ့် အဖြစ်မျိူ းမှာ စားစရာ ဝက်သားက လွဲလို့ စားစရာမရှိတဲ့ အချိန်မှာတောင် အသက်ကယ်ဖို့ ဝက်သားကို သုံးဆောင်ခွင့်ပေးထားတယ် ( အလ္လာဟ်အရှင် ဒီလိုအဖြစ်မျိူ းကနေ အားလုံးကို ထိန်းသိမ်းတော်မူပါစေ) ဒီနေရာမှာ လူတယောက်ရဲ့ အသက်ကို ကယ်တင်ဖို့ ဘယ်လောက်အရေးကြီးသလဲ မိမိအသက်ကို မိမိကိုယ်တိုင် ကာကွယ်ဖို့ ဘယ်လောက်အရေးပါသလဲ သဘောပေါက်ကြသလား ... 
‌တကယ်ပါ မယုံမရှိနဲ့ ကျနော်တို့ ထဲမှာ အဲ့လိုအာလင်မ်တွေရှိတယ် မစားနဲ့ကွာ အငတ်ခံသေလိုက်လို့ ပြောမယ့် အာလင်မ်တွေလည်းရှိတယ်... 
‌အဲ့တော့ပြောချင်တာ လက်ရှိအခြေအနေအရ မက္ကာဟ်နဲ့ မဒီနာ ရဲ့ ပိတ်ထားတဲ့ အခြေအနေဟာ အွမ္မသ်တခုလုံးအတွက် ကြေကွဲစရာဖြစ်ပါတယ် အလ္လာဟ်ဘက်က ဟဂ်ျ ကာလမရောက်ခင် အမြန်ဆုံးဒီ Virus ကပ်ရောဂါဆိုးကြီးကို ရပ်တန့်ပေးပါစေ (အာမီးန်) ပြောချင်တာက နာကြင်စရာဖြစ်ရပ်ဆိုပေမယ့်လည်း ဒီလို လုပ်ရခြင်းရဲ့ အကြောင်းအရာက ဘာအတွက်လဲ လူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ရောဂါတွေမကူးစက်စေဖို့ဆိုတာကို နှလုံးသွင်းဖို့ပဲ ဖြစ်ပါတယ်။ 
‌အခုလည်းလူအများစုရှိသေးတယ် လက်ရှိအခြေအနေမှာတောင် ဖြစ်ချင်ရာဖြစ် သေချင်ရင်သေ ဗလီမှာပဲ နမားဇ်ဖတ်ရမယ် အလ္လာဟ်လက်ထဲမှာပဲသေခြင်းတရားရှိတာ ဘယ်ရောဂါ ဘယ်သူ့လက်ထဲမှာမှ မရှိဘူး ဆိုတဲ့ သူတွေ အများကြီးပဲ တချိူ့ တားနေလျက်နဲ့ ဗလီတွေမှာ နမားဇ်စုဖတ်နေကြတုန်း အလ္လာဟ်လုပ်မှ ဖြစ်မယ်လို့ပြောနေသူတွေကို မေးကြည့်လေ ခင်ဗျာတို့ ကလေးတွေကို ချွန်ထက်နေတဲ့ ဓားတွေနဲ့ ဘာလို့ ပေးမကစားလဲ ပေးထားလေ ပြောပါအုံး ဓားထဲမှာလည်း ပြတ်စေတဲ့ အစွမ်းသတ္တိ အလ္လာဟ်ပေးမှ ပြတ်မှာ မဟုတ်ရင် မပြတ်ဘူးလို့ ပြောပြီး ကလေးတွေလက်ထဲ ဓားပေးကစားတဲ့ လူကြီး ဘယ်နှစ်ယောက်ရှိလဲ ပြောကြည့်ပါလား အဲ့တော့ ရိုးရှင်းတယ် ကလေးနဲ့ ဓားကို ဝေးဝေးထားရသလို အခုဖြစ်နေတဲ့ ဗိုင်းရက်စ် ကလည်း ဓားလိုပဲ သူနဲ့ ဝေးဝေးနေရတယ် ဆိုတာ ခင်ဗျားတို့သဘောပေါက်ဖို့ လိုတယ်။ 
‌(မွဖ်သီ မန့်က်) 
‌ဘာသာပြန် ;‌အနဲကြီး
ကျော်ဇင်လတ်(ကံသာကုန်း)

Post a Comment

0 Comments

Close Menu