Ad Code

Assalamualikum

#အိမ်ထဲနေနေချိန်ဆိုတော့ ဖတ်ကြည့်ပါ



ကိုယ်တော်မြတ်ကြီး صلى الله عليه وعلى آله وسلم သခင် မိခင်မွန် ဟဇရသ် အာအိရှာဟ် သခင်မ ကို ကြည့်ပြီး ပြောကြားတော်မူတယ် ...

' ဟေ အာအိရှာဟ် စွဗ်ဟားန်နလ္လာဟ်  ... အသင်မက ဂျန္နသ်မှာလည်း ငါကိုယ်တော်ရဲ့ ကြင်ယာဇနီးပြန်ဖြစ်မယ်လို့  ငါကိုယ်တော်သိသိချင်းပဲ သေခြင်းကိုတောင် ပိုနှစ်သက်သွားစေတယ် ' .....

စွဗ်ဟားန်နလ္လာဟ် ... အလ္လာဟ်ရဲ့ကစမ် ကိုယ်တော်မြတ်ရဲ့ အဲ့စကားက ဒီးန်သာသနာနဲ့ ဆက်နွယ်ပြီး ကြင်ယာဇနီးကို ပျော်ရွှင်စေဖို့ပြောကြားခဲ့တဲ့စကားပဲဖြစ်တယ် ... တနည်းအားဖြင့် ကျနော်တို့ကို ဘယ်လိုအိမ်ထောင်ရေးမှာ ဇနီးကြင်ယာတွေနဲ့ ဘယ်လိုပေါင်းသင်းပြောဆိုကြင်နာဂရုဏာထားဆက်ဆံစေရမလဲဆိုတာ သင်ပေးတင်ပြပေးခဲ့တဲ့ သင်ကြားမှုတခုလည်းဖြစ်ပါတယ် ... ဘာကြောင့်လဲဆိုတော့ ...ကိုယ်တော်မြတ်ကြီး صلى الله عليه وعلى آله وسلم သခင်ဟာ အလ္လာဟ်ကိုတောင်မြင်ဖူးတဲ့သူတယောက်အဖို့ ကြင်ယာဇနီးအပေါ်မှာ ဒီလိုစကားပြောဖို့ဆိုတာ ဘာလိုအပ်သလဲ ... ??? ..

တရက်ကိုယ်တော်မြတ်ကြီး صلى الله عليه وعلى آله وسلم  ခရီးစဉ်တခုကနေအဖွဲ့လိုက်ပြန်လာတယ် မိခင်မွန်အာအိရှာဟ် သခင်မ ကြီးလည်း တူတူပါလာတယ် ကိုယ်တော်ဟာ ဆွဟာဗာဟ်အဖွဲ့တခုလုံးကို အရှေ့ကနေ ကြိုသွားစေလိုက်တယ် ... အဲ့နောက် အာအိရှာဟ်သခင်မကို ကိုယ်တော်မြတ်ဘက်ကနေစပြီး အပြေးပြိုင်ကြရအောင်လို့ စပြောတော်မူတယ် ... ဘယ်လောက်တောင်ချစ်ဖို့ကောင်းလဲ ကျနော်တို့ကိုယ်တော် ....အစားအသောက်စားတဲ့အခါ ရံဖန်ရံခါ ကိုယ်တော်မြတ်ကြီးဟာ အာအိရှာဟ် သခင်မကြီး ကိုက်ပြီးချထားတဲ့အသားကိုကိုက်ထားတဲ့နေရာကနေ စားပြတော်မူတယ် သောက်ထားတဲ့ခွက်ဆိုလည်း ပါးစပ်တပ်သောက်ထားတဲ့နေရာကနေ ယူပြီးကျန်တဲ့ရေကိုသောက်သုံးပြသတော်မူခဲ့တယ် .. အလ္လာဟ်ကီကစမ် ... ဒါတွေအားလုံးက ကျနော်တို့အတွက် သင်ခန်းစာအဖြစ်ပြသတော်မူခဲ့တာပဲဖြစ်တယ် ...

ကိုယ်တော်မြတ်ကြီး အိမ်ထဲ၀င်လာတဲ့အခါ အိမ်သူအိမ်သားတွေ ပျော်ရွှင်ကြတယ် .. တခါ အာအိရှာဟ်သခင်မရဲ့ တူတော်မောင်တယောက်ကမေးမြန်းတော်မူတယ် ... ကိုယ်တော်မြတ်ဟာ အိမ်ထဲကအိမ်သူအိမ်သားတွေကို ဘယ်လိုပုံစံဆက်ဆံတော်မူကြောင်းး ... မေးမြန်းတော့ မိခင်မွန် အာအိရှာဟ် သခင်မက မိန့်ကြားတော်မူတယ် ကိုယ်တော်ဟာ အိမ်သူအိမ်သားတွေပေါ်မှာ ကောင်းမွန်စွာဆက်ဆံသလို အိမ်သူအိမ်သားတွေကိုလည်း ရယ်မောပျော်ရွှင်စေအောင် စနောက်တတ်တယ် ကိုယ်တိုင်လည်း ရယ်မောစေတော်မူတယ် ...

ကိုယ်တော်ဟာ  ဒီလိုမျိုးသာယာလှပပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးမိသားစုရေး ကိုဘယ်လို ပြုစုပြိုးထောင်ရမလဲဆိုတာကိုပါ အဓိထားပြီး နမူနာအဖြစ်ပြသခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ယောက်ကျားအများစု အိမ်အပြင်ဘက်မှာ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ဖော်ရွေ ဟားတိုက်ပျော်ရွှင်ကြပေမယ့် အိမ်ထဲရောက်လာတဲ့အခါမှာ ခပ်တည်တည်ခပ်တန့်တန့်ပဲ မိသားစုမိန်းမတွေနဲ့ ရယ်မောခြင်းက သူ့အတွက် ဟရာမ်လို သတ်မှတ်ထားသလားတောင်မှတ်ရတယ် ... အဲ့လိုအိမ်မှာ မိသားစု၀င်တွေကအစ အဲ့လိုအိမ်ထောင်ဦးစီး ယောက်ကျားအိမ်ပြန်လာမှာကိုတောင် ကြောက်ကြရတဲ့ အဖြစ်မျိုးတောင်ရှိနေတယ် ...

(မောင်လာနာ သွာရီးက် ဂျမီးလ် ဆွာဟိဗ်)

Post a Comment

0 Comments

Close Menu