ဖဂျရ်အာဇာန်မှာ
အတ်စ်ဆွလာသုခိုင်းရွမ္မိနန်းနောင်ဝ်
ဘာလို့ထည့်ပေးရသလဲ ဆိုတဲ့သမိုင်းကြောင်းပါ
တမန်တော်မြတ်လက်ထက်က
တရက်
ဟဇရသ် ဗစ်လား သခင်က
ဖဂျရ်အာဇန် ပေးပြီးတဲ့အခါ
တမန်တော်မြတ်ကြီးက
ဗလီဝတ်ကျောင်းတော်ထဲကို
ကြွမြန်းမလာသေးတော့
ခါတိုင်းဆိုရင်
အာဇန်သံကြားတာနဲ့ တမန်တော်မြတ်က
ဗလီဝတ်ကျောင်းတော်ကို
ကြွမြန်းလာနေကြ ဆိုတော့
ဒီနေ့ တမန်တော် ခရီးများသွားနေလို့လား
နေထိုင်မကောင်းများ ဖြစ်နေလို့လား
စသဖြင့် အတွေးအချို့နဲ့
တမန်တော်မြတ် ရဲ့အိမ်ကို
လှမ်းပြီး မေးကြည့်လိုက်လေတယ်
တမန်တော်မြတ်ကြီးရဲ့ ဇနီးတော်
ဟဇရသ် အာအေရှာ သခင်မကြီးက
ကိုယ်တော်အိပ်နေကြောင်း မနိုးသေးကြောင်း
ပြန်ပြောလေတယ်
အဲ့ဒီအခါ
ဟဇရသ် ဗစ်လား သခင်က
တမန်တော်မြတ် ကြားအောင်
အတ်စ်ဆွလာသုခိုင်းရွမ္မိနန်းနောင်ဝ် ဆိုပြီး
နမာဇ်ဝတ်ပြုခြင်းက အိပ်ခြင်းထက်
သာပိုမွန်မြတ်တယ်ဆိုပြီး လှမ်းပြောလိုက်လေတယ်
ထိုအသံကို တမန်တော်ကြားပြီး
အိပ်ယာနိုးသွားတယ်
ပြီးတော့ အိပ်ယာကထ ဝူဇူလုပ်
အိမ်အပြင်ကို ထွက်လာပြီး
ဟဇရသ် ဗစ်လား သခင်ကို
အခုန စာပိုဒ်လေးကို ပြန်ဆိုခိုင်းတယ်
တကယ်တမ်းဆို
ခေါင်းဆောင်တယောက် အိပ်နေတာကို
မိမိလက်အောက်ငယ်သားတယောက်က
အခုလို လာနှိုးရင် တချို့ခေါင်းဆောင်တွေဆို
စိတ်ဆိုးကောင်း စိတ်ဆိုးမယ်
ဟာ ~~ ငါ့ကို ထတော့ဆိုပြီး နှိုးလည်းရတာပဲ
အခုလို အတ်စ်ဆွလာသုခိုင်းရွမ္မိနန်းနောင်ဝ်
ဆိုပြီး
နမာဇ်ဝတ်ပြုခြင်းက အိပ်ခြင်းထက်
သာပိုမွန်မြတ်တယ်လို့ လှမ်းနှိုးရသလားဆိုပြီး
တချို့ခေါင်းဆောင်တွေဆို
စိတ်ဆိုးနိုင်တယ်
သို့သော်
ကျွန်တော်တို့ရဲ့ နှစ်ဘဝကျေးဇူးရှင်
တမန်တော်မြတ်ကြီးက
စိတ်မဆိုးတဲ့အပြင် အခုန စာပိုဒ်လေးကို
အရမ်း သဘောကျသွားပြီး ပြန်ဆိုခိုင်းလေတယ်
စာပိုဒ်လေးရဲ့ အဓိပ္ပါယ်က
အားလုံးသိပြီးသားပါ
နမာဇ် ဝတ်ပြုခြင်းက အိပ်ခြင်းထက်သာပို
မွန်မြတ်လေတယ်
အဲ့ဒီနေ့ကစပြီး တမန်တော်မြတ်ကြီးက
ဟဇရသ် ဗစ်လားသခင်ကို
ဖဂျရ်အာဇန်ပေးတိုင်း
ဒီ စာသားလေးကို ထည့်ပေးဖို့
အမိန့်ပေးလိုက်လေတယ်
အဲ့ဒီကစပြီး ဖဂျရ်အာဇန်မှာ
အတ်စ်ဆွလာသုခိုင်းရွမ္မိနန်းနောင်းဝ် ဆိုတဲ့ စာသားလေး ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်
🌟🌟🌟🌟🌟🌟
မဒီနာ သား
#crd The Islamic Dawa Myanmar
0 تعليقات