Ad Code

Assalamualikum

ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်) ရဲ့ နောက်ခံ သမိုင်းကြောင်း

─•═▤▤═ ﷽ ═▤▤═•─

     ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်) ရဲ့
            နောက်ခံ သမိုင်းကြောင်း
 ┄┅════❁❁════┅┄

ဟစ်ဂ်ျရီ (317) ခုနစ် ဇူလ်ဟစ်ဂ်ျဂျဟ်လ (7) ရက်
ဘဟ်ရိုင်း (ဘာရိန်း) နိုင်ငံ ရဲ့ အာဏာပိုင် 'အဗူသွာဟိရ်ဆိုလိုင်မားန်' က မက္ကဟ်ရွှေမြို့တော်ကို သိမ်းပိုက်လိုက်တယ်။

အလွန်တရာထိန့်လန့် ကြောက်ရွံနေရတဲ့
အခြေအနေဆိုတော့ အဲ့ဒီနှစ်မှာ ဟဂ်ျပြုလုပ်ဖို့
ခက်ခဲသွားတယ်။ မည်သူတဦး တယောက်မှ အရ်ဖားသ်ကို သွားလို့မရဘူး။

                                         
ဒီအဖြစ်အပျက်ဟာ အစ္စလာမ့်သမိုင်း တလျောက် ပထမဆုံး ဟဂ်ျပြုလုပ်ခြင်းကို ရပ်တန့်ခဲ့တဲ့ အဖြစ်အပျက်တခုအဖြစ် သမိုင်းတွင်ခဲ့တယ်။
اناللہ واناالیہ راجعون

ဘဟ်ရိုင်း(ဘာရိန်း) နိုင်ငံရဲ့အာဏာပိုင် 'အဗူသွာဟိရ် ဆိုလိုင်မားန်' က ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်)ကို အလ္လာဟ်အသျှင်မြတ် အိမ်တော်ကနေ ဘဟ်ရိုင်း (ဘာရိန်း) နိုင်ငံကို ယူဆောင်သွားတယ်။

နောက်ပိုင်းမှာ အဗ်ဗာစီ မင်းဆက်ထဲက ခလီဖာ
'မွတ်က်သဒိရ်ဗိလ္လာဟ်' က 'အဗူသွာဟိရ် ဆိုလိုင်မားန်' ထံမှ ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်) ကို ရွှေဒင်္ဂါး
သုံးသောင်း နဲ့ လဲလှယ်ဖို့  သဘောတူညီမှုပြုပြီး
ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်) ကို အလ္လာဟ်အသျှင်မြတ်
အိမ်တော်သို့ ဟစ်ဂ်ျရီ (339) ခုနှစ်မှာ ပြန်လည်
ယူဆောင်ခဲ့တယ်။

ပြောရမယ်ဆိုရင် (23) နှစ်တိုင်တိုင်
ကအ်ဗဟ်ကျောင်းတော်ကြီးမှာ ဟဂ်ျရေအဆ်ဝဒ်
(ကျောက်နက်) မရှိဘဲ ဖြစ်နေခဲ့တယ်။

ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်) ကို
သဘောတူညီမှုအတိုင်း ပြန်လည်ယူဆောင်ဖို့အတွက် ခလီဖာ မွတ်က်သဒိရ်ဗိလ္လာဟ်က ဒိတ်ဒိတ်ကြဲ အာလင်မ် မုဟဒီးဆ် ရှိုင်းခ် အဗ္ဗဒွလ္လာဟ်နဲ့အတူ အဖွဲ့တဖွဲ့ကို ဘဟ်ရိုင်း (ဘာရိန်း) နိုင်ငံ စေလွှတ်လိုက်တယ်။

♥ အလ္လာမဟ် စူယူသွီး (ရဟ) က
     ဒီအဖြစ်အပျက်ကို တင်ပြတယ် ♥

မုဟဒီးဆ် ရှိုင်းခ် အဗ္ဗဒွလ္လာဟ်နဲ့အဖွဲ့ ဘဟ်ရိုင်း (ဘာရိန်း) နိုင်ငံရောက်တော့ ဘဟ်ရိုင်း (ဘာရိန်း) နိုင်ငံရဲ့ အာဏာပိုင်က အလွန်မွေးကြိုင်ပြီး လှပတင့်တယ်တဲ့ ဂေလားဖ်ထဲကနေ ကျောက်နက်ကို ထုတ်ပေးပြီးပြောတယ်။

 ဒီဟာက ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်) ဖြစ်တယ်။
အသင်တို့ ယူသွားတော့။

မုဟဒီးဆ် ရှိုင်းခ် အဗ္ဗဒွလ္လာဟ် ကပြောတယ်။
ဒါဟာ ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်) မဟုတ်ဘူး။
ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်) မှန်ရင်
ဒီလက္ခဏာ နှစ်ခုရှိရမယ်။

တခုက ရေထဲထည့်ရင် ရေထဲမှာမမြုပ်ဘူး ၊
နောက်တခုက မီးထဲထည့်ရင် ပူမသွားဘူး။

အဲ့ဒီ ကျောက်တုံးကို ရေထဲ ထည့်လိုက်တော့
မြုပ်သွားတယ်။ တဖန် မီးထဲ ထည့်လိုက်တော့ အလွန်တရာ ပူပြီးတော့ ကွဲသွားတယ်။

မုဟဒီးဆ် ရှိုင်းခ် အဗ္ဗဒွလ္လာဟ် ကပြောတယ်။ 
ဒါဟာ ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်) မဟုတ်ဘူး။
နောက်ထပ် ကျောက်တုံးတတုံး ယူလာတယ်။

အဲ့ဒီကျောက်တုံးကို ရေထဲထည့်လိုက်တော့
မြုပ်သွားတယ်။
တဖန် မီးထဲ ထည့်လိုက်တော့
အလွန်တရာ ပူပြီးတော့ ကွဲသွားတယ်။

ငါတို့ လိုချင်တာ ဟဂ်ျရေအဆ်ဝဒ်
(ကျောက်နက်) အစစ်လိုချင်တာ ၊

ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်) အစစ် ကိုယူလာတယ်။
ရေထဲ ထည့်လိုက်တော့ မြုပ်မသွားဘဲ
ပန်းသဖွယ် ရေပေါ်မှာ ပေါ်နေတယ်။
တဖန် မီးထဲ ထည့်တော့အေးနေတယ်။

မုဟဒီးဆ် ရှိုင်းခ် အဗ္ဗဒွလ္လာဟ် ကပြောတယ်။
ဒါမှ ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်) အစစ် ၊
ဒါပဲ ကအ်ဘဟ် ကျောင်းတော်ကြီးရဲ့ ကျက်သရေဆောင်၊
ဒါပဲ ဂျန္နသ် ရဲ့ကျောက်နက်။

အဗူသွာဟိရ် ဆိုလိုင်မားန် က အံ့သြပြီးမေးတယ်။
ဒီအကြောင်းအရာတွေကို အသင်ဘယ်ကနေသိတာလဲ?

မုဟဒီးဆ် ရှိုင်းခ် အဗ္ဗဒွလ္လာဟ် ကပြောတယ်။ 
ဒီအကြောင်းအရာတွေကို ကျတော်
တမန်တော်မြတ်ကြီံး (ﷺ) ထံပါးကနေ သိရတယ်။

" ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်) ဟာ
   ရေထဲမှာ မြုပ်မှာဘူး။ မီးထဲမှာ ပူမှာမဟုတ်ဘူး"

အဗူသွာဟိရ် ဆိုလိုင်မားန် က ပြောတယ်။
ဒီသာသနာဟာ အလွန်တရာမှ ပြည့်စုံပေတယ်။

ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်) ကို မွတ်စလ်မာန်တွေဟာ အားအင်ချိနဲ့နေတဲ့ ကုလားအုတ် တကောင်ပေါ်တင်ပြီး ယူဆောင်လာတယ်။ ထိုကုလားအုတ်ဟာ
အလွန်လျင်မြန်စွာနဲ့ ကအ်ဗဟ်ကျောင်းတော်ကြီးထံ
အရောက်သယ်ဆောင်လာတယ်။

ထိုအားအင်ချိနဲ့နေတဲ့ ကုလားအုတ်ဟာ
အလွန်တရာမှ အားအင်တွေ ပြည့်ဝလာတယ်။
ဘာလို့လဲဆိုတော့ ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်) ဟာ
မိမိရဲ့ ဌာနေအမှန် ဗိုင်သွလ္လာဟ်ကို သွားနေလို့ပါပဲ၊

ဒါပေမယ့် ဟဂ်ျရေအဆ်ဝဒ် (ကျောက်နက်) ကို
ကအ်ဘဟ်ကျောင်းတော်ကြီးကနေ ဘဟ်ရိုင်း
(ဘာရိန်း) နိုင်ငံ  သယ်ဆောင် သွားစဉ်အချိန်က
ကုလားအုတ် တကောင်ပြီး တကောင် သယ်ဆောင်ရင်း သေဆုံးသွားကြတယ်။ ဘဟ်ရိုင်း (ဘာရိန်း) နိုင်ငံ အထိ ကုလားအုတ် အကောင် (40) ဟဂ်ျရေအဆ်ဝဒ်
(ကျောက်နက်) ဝန်ကြောင့် သေဆုံး ခဲ့တယ်။

                                  (تاریخ مکہ للطبری)

မူရင်းပို့စ်ရှင်အား တလေးတစား ခရက်ဒစ် ပေးပါသည်။ Siddiq Hj

إرسال تعليق

0 تعليقات

Close Menu