မလိုအပ်သည့် File များအားဖျက်ခြင်း၊
Software မလို စက်ပေါ့သွားအောင်ပြုလုပ်နည်းအားမျှဝေပေးလိုက်ပါတယ်။
-----------------------------------------------------------
Windows Key + R ကို တွဲနှိပ်ပါ။
ပေါ်လာတဲ့ Run Box ထဲမှာ (recent) ကိုနှိပ်ပါ။
ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပီး Shift + Delete တွဲနှိပ်ကာ အားလုံးကို ဖျက်ပစ်ပါ။
Windows Key + R ကို တွဲနှိပ်ပါ။
ပေါ်လာတဲ့ Run Box ထဲမှာ (temp) နှိပ်ပါ။
ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပီး Shift + Delete တွဲနှိပ်ကာ အားလုံးကို ဖျက်ပစ်ပါ။
Windows Key + R ကို တွဲနှိပ်ပါ။
ပေါ်လာတဲ့ Run Box ထဲမှာ (prefetch) နှိပ်ပါ။
ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပီး Shift + Delete တွဲနှိပ်ကာ ဖျက်ပစ်ပါ။
Windows Key + R ကို တွဲပြီးနှိပ်ပါ။ ပေါ်လာတဲ့ Run Box ထဲမှာ (%temp%)ကို နှိပ်ပါ။
ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ဖျက်ပစ်လိုက်ပါ။
ဒါလေးတွေ ဖျက်ပေးခြင်းအားဖြင့် ကွန်ပျူတာ ဖွင့်တိုင်းပြုလုပ်မယ် ဆိုရင် စက်လေးတာအထိုက်အလျောက်တော့ သက်သာပါလိမ့်မယ်။
ပုံမှာ ပြထားတဲ့ နည်းလမ်းလေးကတော့ Event Viewer ကို Clear လုပ်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။
Clear ဆိုတာ သန့်ရှင်းတာကိုဆိုလိုပါတယ်။
ကွန်ပျူတာမှာရှိတဲ့ Errorတွေမိမိမသိလိုက်တဲ့ အချိန်တိုင်းမှာ ဖြစ်ပျက်နေပါတယ်။
OS error မျိုး Software Error Microsoft Error မျိုး စက်ဟမ်းနေတဲ့အချိန် ခေတ္တစောင့်ဆိုင်းနေရတဲ့ အချိန်တိုင်း နှင့် မိမိမသိရှိနိုင်တဲ့ အချိန်တွေမှာ ဖြစ်ပေါ်လာတတ်ပါတယ်။
အမှန်တကယ်က ကွန်ပျူတာမှာရှိတဲ့ Processor မှတ်ဉာဏ်က သူ့ဘာသာသူ Error များကိုတွက်ချက်ဆောင်ရွက်ပါတယ်။
ဖြေရှင်းပြီးတဲ့ Error များ ၊ စက်ဟမ်းနေစဉ် မှာတွက်ချက်ထားတဲ့ အသုံးမ၀င်တဲ့ Error များကို Event Viewer မှာ ၀ငျရောကျကွည့ျရှု့နိုငျပါတယျ။
တစ်ချို့Errorများကို ကွန်ပျူတာက ဖြေရှင်းပြီးသားဖြစ်နေလို့ Recent File တွေ cache file တွေအဖြစ် ပြန်လည်ကြည့်ရှု့လို့ရပါတယ်။
ဒါပေမဲ့ အဲ့အသုံးမ၀င်တဲ့ Errorများကို ဖြေရှင်းဖို့ မှတ်ဉာဏ်တွေ သန့်ရှင်းရေးလုပ်ဖို့လိုအပ်ပါတယ်။
သန့်ရှင်းရေးလုပ်ဖို့အတွက် စလိုက်ရအောင်
Windows Key + R ကို တွဲနှိပ်ပါ။
ပေါ်လာတဲ့ Run Box ထဲမှာ (eventvwr) လို့ရိုက်ထည့်ပါ။
Window log ကိုနှိပ်ပါ။ တြိဂံ ဘေးစောင်းလေးကိုတွေ့ရပါမယ်။ အဲ့ဒါက ဆက်ရန်ရှိပါသေးတယ်ဆိုတာ ရည်ညွှန်းတာပါ။
Window logထဲမှ Applicationကိုနှိပ်ပါ။Clear log လုပ်ပါ။ clear နှိပ်ပါ။
Window logထဲမှ Security ကိုနှိပ်ပါ။ Clear log လုပ်ပါ။ clear နှိပ်ပါ။
Window logထဲမှ Set up ကိုနှိပ်ပါ။ Clear log လုပ်ပါ။ clear နှိပ်ပါ။
Window logထဲမှ System ကိုနှိပ်ပါ။ Clear log လုပ်ပါ။ clear နှိပ်ပါ။
Window log အောက်မှ
Application and Service log
Microsoft
စသဖြင့် တဆင့်ပြီး ဖွင့်ကြည့်ပြီး Clear Log အားနှိပ်ပါ။
တစ်ချို့ Clear Log လုပ်တဲ့အခါမှာ File တွေ ပြန်ပေါ်တာမျိုးရှိတတ်ပါတယ်။ အဲ့အတိုင်းထားလိုက်ပါ။
#crd
0 تعليقات