Ad Code

Assalamualikum



  ဂုစွလ် ရေချိုးနည်း   


 ဂုစွလ် ၏ အဓိပ်ပါယျ မှာ ရေလောင်းချိုးခြင်းဖြစ်သည်။
  လူသားသည် ကိုယ်လက်မသန့် ဖြစ်နေသော အခါဝယ်
ခန္ဓာကိုယ် ၌ လေးလံထိုင်းမှိုင်းခြင်း ပျင်းရိခြင်း များ ဖြစ်ပေါ်
တတ်ပေသည်  ၎င်း၏ ဆေးနည်းကို တရားတော် မြတ်က
ရေချိုးခြင်း တွင် သတ်မှတ် ထားပေသည်။

 ကျမ်းမြတ် ကုရ်အာန် တွင် 
  အကယ်၍ အသင်တိုသည် ရေချိုးရန် တာဝန်ရှိသူများ
ဖြစ်ကြလျင် တစ်ကိုယ်လုံး ရေများ သုံးသပ်၍ သန့်ရှင်းအောင်
ပြုလုပ်ကြလေ ကုန် ။

 ဟဇရသ် အဗူဇရ် (ရသွေ့) မိန့်ဆိုသည်မှာ ကြှနျုပျ တို့သည်
ကိုယ်လက်နှီးနှောပြီး  ပြုအပ်သောရေချိုးခြင်း၏ တာဝန်ကို 
ပြီးမြောက်သည် နှင့် မိမိအပေါ်မှ အလေးဝန်ထုပ်ကို ချလိုက်သည်
တမျှ ဖြစ်ခဲ့ရကြောင်း 
   သမားတော်ကြီးများက လည်း ထိုသို့ အကြင်လင်မယား
 နှစ်ဦး ပေါ်င်းသင်းပြီး ရေချိုးခြင်းသည် ကုန်ခမ်းသွားသော
အားများ ပြန်လည်ပြည့်ဖြိုးလာကြောင်း  ခန္ဓာကိုယ် နှင့်စိတ်ကို
အလွန်အမင်း အကျိုးရှိစေကြောင်း ရေးဆိုကြပေသည်။

 အကြင်အိမ်တွင် သက်ရှိရုပ်ပုံများ ခွေး တိရစ္ဆာန် များ 
သံဝါသ ပြုမှု ဖြင့် ကိုယ်မသန့် သူများရှိနေပါမူ
 ၎င်းအိမ်သို့ ရဟ်မသ် တော်ကို ယူဆောင်လာသော မလာအိကာ
များ မဝင် ရောက်ချေ  
                               [ အဗူဒါဝူးဒ် ]  ကျမ်း 

 ရေချိုးရာတွင် ခန္ဓာကိုယ် ၏ မည်သည့် အစိတ်ပိုင်းမှ ရေမစို
ဘဲ နေရာလပ် မကျန်အောင်  သတိချပ်ရန် လိုအပ်ပေသည်။

  ဟဒီးစ် သြဝါဒ. တစ်ပါးတွင် လာရှိသည်မှာ
 အကြင်သူသည် သံဝါသ ပြုမှု၏ ဂုလ်စွလ် တွင် ဆံချည်
တစ်မျင်မျှ  မဆေးကြောဘဲ ချန်လိုက်သော ထိုသူအား
အပါယ် ငရဲဘုံ သို့. ဤရွေ့ ဤမျှ သော အပြစ်ဒဏ် ချမှတ်ခြင်း
  ခံရပေမည်။   
                     [ အဗူဒါဝူးဒ် ] ကျမ်း
   ရေချိုးခြင်း အမျိုးအစား (၃) မျိုး
  ၎င်းသို့မှာ  (၁) ဖာရ်ဇ် 
  (၂) စွန္နသ်  (၃) မွတ်စ်သဟဗ်  တို့ဖြစ်သည် [ ရှာမီ ]  ကျမ်း 
 
 အသေးစိတ် ဖွင့်ဆိုချက်မှာ  ဖရ်ဇ် ထိုက်သောရေချိုးခြင်း
  အကြင်လင်မယား ကိုယ်လက်နှီးနှောပြီး မသန့်မှုမှ သန့်ပြန့်ရန်
ရေချိုး ခြင်း  
  (၂) ဓမ္မတာ ရာသီသွေး ကုန်ဆုံး ပြီး ရေချိုးခြင်း
  (၃)  မီးတွင်း သွေး များ ရပ်ဆိုင်းပြီး ရေချိုးခြင်း  တို့ဖြစ်သည်
                                  [ ရှာမီ ]  ကျမ်း 
 ဖရ်ဇ် ရေချိုးနည်း ..
   ဦးစွာ လက်နှစ်ဘက်ကို လက်ကောက် ဝတ်အထိ ဆေးပါ
ထို့နောက် အရှက် အင်္ဂါ  ကို ဆေးကြောပါ  ထို့နောက်
ပေနေသော အစိတ်အပိုင်း များကို ဆေးပါ  ထို့နောက် ဝူဇူ
ပြုပါ ရေချိုးခန်း တွင် အညစ်အကြေး များမရှိလျင် ခြေထောက်
ကိုပါ တပါတည်းဆေးလိုက်ပါ။
   ထိုသို့ ဝူဇူ ပြုပြီး နောက် မိမိခေါင်းပေါ်မှ တစ်ကိုယ်လုံး
နေရာလပ် မကျန်အောင်  သုံးကြိမ် သုံးခါ ရေလောင်းချိုးပါ။

 ရေချိုးခြင်း သည် ဖရ်ဇ် သုံးပါးရှိသည် 
 ပါးစပ်တစ်ခုလုံး ရေအနှံ့ ရောက်စေရန် ပလုပ်ကျင်းခြင်း 
 ( အာလုပ်ကျင်း ခြင်း ) နှစ်ခေါင်း အတွင်း ရှိ နှာနုတိုင်
 ရေသွင်းဆေးခြင်း တကိုယ်လုံး ပေါ် တကြိမ်ရေလောင်းချိုး
   ခြင်း တို့ဖြစ်သည်      [ ရှာမီ ]  ကျမ်း 

 ရေချိုးရာ၌ စွန္နသ် ငါးပါးရှိသည်။
 ( ၁ )  ရေချိုး ခြင်း၏ နိယသ်ခေါ် အဓိဋ္ဌာန် ပြုခြင်း
 (၂)  အရှက် အင်္ဂါ  နှင့် အညစ်အကြေး ပေသောနေရာ များ
 ဆေးကြောခြင်း
(၃)  လက်နှစ်ဘက်ကို လက်ကောက် ဝတ်ထိ ဆေးကြောခြင်း
(၄)  ရေချိုးမည့် အလျင်  ဦးစွာ ဝူဇူ ပြုခြင်း
(၅) ခန္ဓာကိုယ် တစ်ကိုယ်လုံး အပေါ် သုံးကြိမ်သုံးခါ.ရေ
လောင်းချိုးခြင်း တို့ဖြစ်သည်  
                                                [ ရှာမီ  ] ကျမ်း 
 ရေချိုးရာတွင် မက္ကရူဟ် ဖြစ်သော အရာများ
  ရေချိုးခြင်း ၌ အတိုင်းထက်အလွန် ရေသုံးခြင်း
 အရေးမကြီးဘဲ စကားစမြည် ပြောခြင်း
 ကစ်ဗ်လာ ဘက်သို့ မျက်နှာမှု၍ ရေချိုးခြင်း တို့ဖြစ်သည် ။

  ရေချိုးခြင်း ၏ မတ်စ်အလဟ် များ
========================
   ရာဂစိတ် သက်ကြွ၍ ရေချိုးခြင်း
 ဓမ္မတာ သွေး ရပ်ဆိုင်းခြင်း  မီးဖွားသွေး ကုန်ဆုံခြင်း
 ဟိုက်ဇ် ဆိုသည်မှာ လစဉ် လာသော သွေးကို ခေါ်ဆိုသည်
 ထိုသွေးများ ရပ်ဆိုင်းပြီး ရေချိုး ရန် ဝါဂျစ်ဗ် ဖြစ်သည်။

 ( နိဖွာစ်)  ဆိုသည်မှာ သားဖွားပြီး ဆင်းသောသွေးကို 
ခေါ်ဆိုသည်။ ၎င်းမှ ရပ်ဆိုင်းသွားလျင် ရေချိုး ရန် ဝါဂျစ်ဗ် ဖြစ်သည်

 ( အိသ်သေလမ် )ဆိုသည်မှာ  ညစ်ညမ်းသော အိပ်မက်များ
မြင်မက်လျင် သုပ်ထွက်သည် ဖြစ်စေ မထွက်သည် ဖြစ်စေ
 ရေချိုးရန် ဝါဂျစ်ဗ် ဖြစ်သည်။
  အကယ်၍ အိပ်ရာမှ နိုး၍ မိမိ အဝတ်အပေါ် တွင်လည်းကောင်း
 ခန္ဓာကိုယ် ပေါ်တွင်လည်းကောင်း  မနီ သုက်ရည် များ တွေ့သည်
ဖြစ်စေ မတွေ့သည်ဖြစ်စေ ရေချိုး ရန် ဝါဂျစ်ဗ် ဖြစ်သည်

   မတ်စ်အလဟ် (၄)  အကယ်၍  တစ်ကိုယ်လုံး ၌ ဆံချည်
တပင်မျှ ခန့် ပင် တစ်နေရာ ခြောက်သွေ့ ကြွင်းကျန်နေခဲ့လျင်
  ရေချိုးခြင်း အထ မမြောက်ပေ။  
 ဤ နည်းအတိုင်းပင် ရေချိုး ရာတွင် နှုတ်ကျင်း ရန်မေ့သွားလျင်
 နှစ်ခေါင်း အတွင်း ရေထည့် ဆေးရန် မေ့သွားလျင်  လည်းကောင်း
သိရလျင် ချက်ချင်း ပင် ရေယူ၍ ဆေးပြစ်ရမည်။
                            [ မုနိယသွလ်မုဆွလ္လည် ] ကျမ်း
  ( မတ်စ်အလဟ်) ၅
   ရောဂါ တစ်စုံတစ်ရာ ကြောင့် ခေါင်းပေါ် ရေလောင်းချိုးလျင်
ရောဂါ တိုးမည် ဖြစ်လျင် ခေါင်းကို လွတ်၍  တစ်ကိုယ်လုံး
ကိုဆေးကြောခြင်း ဖြစ့်  ရေချိုးခြင်း အထ မြောက်သွားပေမည်။

  ( မတ်စ်အလဟ် ၆) 
   လက်စွပ်များ နားကွင်းများ ဝတ်ဆင် ထားပါက လည့်ပေးခြင်း
ဖြင့် အောက်သို့ ရေရောက်အောင် ပြုပေးရမည်။ 
အကယ်၍ အောက်သို့ ရေမရောက်လျင် ရေချိုး ခြင်းအထမြောက်
  မည် မဟုတ်။       [ ရှာမီ ]  ကျမ်း
 
   မတ်စ်အလဟ် (၇) နားတွင်း နှင့် နခေါင်း တွင်းသို့ လည်း
 နှာနုတိုင် သတိထား၍ ရေရောက်စေရမည်။  ရေမရောက်လျင်
 ရေချိုးခြင်း အထမြောက်မည် မဟုတ်။   [ မုနိယာ ] ကျမ်း

 မတ်စ်အလဟ် (၈)  ကျင်ငယ် စွန့်သော အရေပါးလေး သို့ ရေ
ရောက်ရန် ဖရ်ဇ် ဖြစ်သည်  ရေမရောက်လျင် ရေချိုးခြင်း
   အထမမြောက်ပေ ။

  မတ်စ်အလဟ် (၉)  အကယ်၍ အကြင် မိန်းမသည်
 ဆံပင် ကျစ်ထားခြင်း မရှိသော်  ဆံပင်အားလုံး ရေရောက်စေ
ရန်  ဖရ်ဇ် ဖြစ်သည်။  ခြောက်သွေ့ သော  ဆံ တစ်ပင် ခန့် မျှ 
ကျန်ရစ်လျင် ရေချိုးခြင်း အထမမြောက်ပေ ။ 

  မတ်စ်အလဟ် (၁ဝ)  လက်သည်းတွင် ဂျုံ မှုန့် ကပ်၍ 
 ခြောက်သွေ့ နေ၏ ထို့ပြင် ၎င်းအောက်သို့ ရေမရောက်လျင်
 ရေချိုးခြင်း အထမမြောက်ပေ ။  ထိုအရာကို ခွာပြစ်
ဆေးကြောရမည်။  မဆေးကြောဘဲ ဂျုံ မှုန့် ကပ်လျက် နမားဇ်
ဖတ်ခဲ့သည်ရှိသော ပြည်လည်ဖတ်ရမည်။ 
                                 [ ဗဟဲရျှသီးဇဝေရျ ]  ကျမ်း
 မတ်စ်အလဟ် (၁၁)
  အကယ်၍ ရေချိုးနေစဉ် နှုတ်မကျင်းမိသော လည်း 
ရေကို ပါးစပ် အပြည့် ငုံ၍ သောက်လိုက်ပါ  ရေချိုးခြင်း
 အထမြောက်သွားပေမည်။ အဘယ်ကြောင့် ဆိုသော
၎င်း၏ လိုရင်းမှာ ပါးစပ် အတွင်း နှံ့စေအောင် ရေရောက်စေရန်
ဖြစ်သည်။           [ ဗဟဲရျှသီးဇဝေရျ ]  ကျမ်း

  မတ်စ်အလဟ် (၁၂)
  လူတစ်ဦး မျက်စိနာနေသည်  မျက်စိနာခြင်းကြောင့် 
မျက်ချေးများ ထွက်၍ ခြောက်ကပ်နေသည်   ထိုအရာကို
တိုက်ချွတ် ဆေးကြောရန် ဝါဂျစ်ဗ် ဖြစ်သည်   ထိုသို့မဟုတ်မှု 
ဝူဇူ နှင့် ရေချိုးခြင်း အထ မမြောက်ပေ။

  မတ်စ်အလဟ် (၁၃)   လူတစ်ဦး သည် ရောဂါဝေဒနာ
 ကြောင့် လည်းကောင်း အခြားအကြောင်း တစ်ခုခု 
ကြောင့် လည်းကောင်း ရာဂစိတ် တက်ကြွခြင်း မရှိဘဲ
 အလိုအလျောက် မနီ သုက်ရည် များ ထွက်ပေါ်လာလျင်
 ရေချိုးခြင်း သည် ဝါဂျစ်ဗ် မဟုတ်ချေ ။
 ဝူဇူ သ ပျက်သွားပေမည် ။     [ ဗဟဲရျှသီးဇဝေရျ ]  ကျမ်း

   မတ်စ်အလဟ် (၁၄) 
အကယ်၍ လူတစ်ဦး သည် ရေချိုးရာတွင်  သွားတုများ
တပ်ဆင်ထားသော ရေချိုးရာ၌ ချွတ်ထားခြင်းက ပို၍ သင့်၏
     [ ဖတ်ဝါဒါရွလ်အိုလွမ် ၁၄ အတွဲ (၁)

 ရေချိုးရာတွင် ကစ်ဗ်လာ ဘက်သို့ မျက်နှာမူ၍ ရေမချိုးရ
 ဤသည်ကား ကစ်ဗ်လာ ၏ ရိုသေမှု တစ်ရပ်ပင် ဖြစ်ပေ၏
                          [ မုနိယာ ] ကျမ်း
    မတ်စ်အလဟ်
  ဇနီးမောင်နှံ  ဆက်ဆံ ပြီး ဝူဇူ ရေ သန့်စင်ပြီး အိပ်ခွင့် ရှိ၏
 သို့သော်လည်း ရေချိုး ပြီးမှ အိပ်ခြင်းသည် ပို၍ မြတ်သည်။
      ဇနီးမောင်နှံ မဆက်ဆံ မည် အလ္လာဟ် အမည် ထည့်၍ 
 ကွင်းထားသော  လက်စွပ် များ ချွတ်ထားရန် အရေးကြီးသည်။
                [ ဇာဒွလ် မအာဒ် ၊ စ ၁၅ဝ အတွဲ ၃ ]

  [ မုသွာလေဗွလ် မုအ်မေနီးန် ] ကျမ်း၌ သာဝကကြီး 
အလီ (ရသွေ့)  ၏ ဆင့်ပြန်ချက် တရပ်လာရှိသည်မှာ ရေချိုး
ရန် တာဝန်ထိုက်သူသည် ပလုပ်မကျင်း ဘဲ မည်သည့် အစား
 အစာကိုမျှ မစားသုံးလေနှင့် သို့မဟုတ် ပါက 
  ဆင်းရဲ မွဲသေမည် ကို စိုးရိမ်ရသည်ဟု ဖော်ပြထားပေသည်။
        ရေချိုးခြင်းမပိုင်ရင် နမားဇ် နှင့် တခြား အေဗာရသ် တွေ
လဲ ပိုင်မှာ မဟုတ်ပါ .......))))))

 အောက်ပုံမာ နီယသ်

 ဂျနဗသ်  အိမ်ထောင်ရှင် ယောက်ကျား မိန်းမ များရေချိုးရန်

 ဟိုင်ဇ် အမျိုးသမီး များ ရာသီလာပြီး ရေချိုးရန်

 နိဖားစ်  ကလေးမီးဖွားပြီး ရက်(ရက်၄၀)  ပြည့်လျင်ရေချိုးရန်

အေသိလမ်...မကောင်းတဲ့အိပ်မက်
မြင်မက်ပြီး..သုတ်ထွက်သည်ဖြစ်စေမထွက်သည်
ဖြစ်စေ..ရေချိုးရန်..ဝါဂျစ်ဗ် ဖြစ်သည်

နိယသ်...နဝိုင်းသု.အန်အဂ်သစိလု ဂွစ်လလ်
အေသိလမ်သေရ် လိရဗ်ဗိလ် ဟသားစိ
ဝါအိစ်သေဗား ဟသိဆ်ဆွလားသ်

 Hr jy Dh 
1/4/2018
ပိုစ့်အဟောင်း


 

إرسال تعليق

0 تعليقات

Close Menu