လုပ်ရတာအရမ်းလွယ်တယ်
နဖိလ်နမာဇ်ပါ
သည်နမာဇ်ကတခြားဟာဂျသ်နမာဇ်တွေထက်
အများရီးစူးရှတယ်
အိစ်သာကာမသ် (စွဲ"မြဲ " ) တော့လုပ်ရမယ်
ကိုယ်လိုချင်တာမရမချင်း ဖတ်နိုင်သလောက်ဖတ်နေရမယ်
အနည်းဆုံးတရက်တကြိမ်တော့ဖတ်ပါ
ကိုယ့်လိုအပ်တာမှန်သမျှ ဒွန္ဒယာ အာခေရသ် ဘာအရေးပဲဖြစ်ဖြစ်
တောင်းလို့ရတယ်
အခြေနေကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်နေ ဖတ်နေပါ
ထိရောက်မှုအများရီးရှိတယ် ကိုယ်လုပ်မှကိုယ်မြင်ရတာ
ဖတ်တဲ့သူအပေါ်မှာ Allah ရဲ့စောင့်ရှောက်မှုအပြည့်ရှိတယ်
ဘယ်အဖန်ဆင်းခံမှနှောက်ယှက်လိုမရဘူး သူ့ကို
ပီးတော့ နေ့စဉ်နှင့်အမျှကိုယ်လုပ်ခဲ့တဲ့ဂိုနာဟ်တွေအတွက်လဲ
သောင်ဗာရဲ့နီယသ်လုပ်ပါ
နဖိလ်နမာဇ်ဆိုတော့ နီယသ်အများရီးလုပ်လို့ရတယ်
Allah ကိုကျေးဇူးတင်သည့်အတွက်
ကိုယ့်ရဲ့ဂိုနာတွေအတွက်
ရစူလွလ္လာနဲ့ ဆွဟာဗာတွေအတွက်
အိမ်ကမိသားစုအတွက်
ကိုယ့်မိတ်ဆွေအတွက်
တယောက်ယောက်ကျန်းမာရေးအတွက်
ကွယ်လွန်သူတေအတွက် (ဥပမာပြောပြတာ )
ကိုယ်စိတ်ထဲမှလိုနေတာမှန်သမျှအကုန်ထည့်လို့ရတယ်
လိုအက်နေတာတခုထဲမို့ နီယသ်တမျိုးထဲလုပ်လို့လဲရတယ်
ဖတ်တဲ့နည်းက
ကိုယ့်လိုအပ်ချက်ကိုရည်စူးပီးနဖိလ် ၂ရကအသ်နီယသ်လုပ်ပါ
ပထမရကအသ်မှာ အောက်ကပုံမှာဝိုက်ပြထားတဲ့အာယသ်တော်ကို
၂၁ ကြိမ်ဖတ်ရမှာပါ
ဒုတိယရကသ်မှာ စူရာအေခ်လားဆ်ွ (ကွလ်ဟိုဝလ္လာဟို့အဟဒ်)
၂၁ ကြိမ် ပဲ
နောက် .စလာမ်လှည့်ပီးတာနဲ့
စူရာမုဇမ်မိလ် တကြိမ်ဖတ်ပါ၂၉ ပါရာမှာရှိတယ်
အလွတ်မရရင် အကြည့်ဖတ်လို့ရပါတယ်
ပီးရင် ဒုအာလုပ်လို့ရပါပီ
မခက်ပါဘူးနော်
စိတ်ပါလက်ပါနဲ့လုပ်ရင် လုံးဝမခက်ဖူး
သည်အမလ်ကိုအားအပြည့်နဲ့လုပ်ရင်ထိရောက်မှုကပိုမြန်ပါတယ်
ဥပမာ - ရေနွေးအိုးတည်တာမီးများများနဲ့တည်ရင် အပွက်မြန်သလို
မီးနည်းနည်းနဲ့တည်ရင်ကြာသလိုပေါ့
ဘေးလူပြောပြနေတာကအဲလောက်မဟုတ်ဖူး
ကိုယ်တိုင်လုပ်မှအကျိုးကိုလက်တွေ့မြင်ရပါတယ်
Insharallah အမလ်လုပ်နိုင်ပါစေ
စဝါဗ်မျှော်ကိုး၍ ....
Muhammed Hussein King Win
0 Comments