ဒရူးဒ်ရှရီးဖ်ရွတ်ဖတ်ခြင်းကြောင့် ရရှိမယ့် ဖဇီလသ် အကျိုးကျေးဇူး(40)ကို တစ်နေရာမှာ စုစည်းတင်ပြထားတာတွေ့မိလို့ မျှဝေလိုက်ပါတယ်။
ဘာသာပြန် ဖတ်ရှု့ကြည့်ပါအုံး..!
اَلْأُوْلٰى: اِمْتِثَالُ أَمرِ اللهِ سُبْحَانَهُ وَتَعَالٰى.
(1)ဒရူးဒ်ရှရီးဖ် ဖတ်ရွတ်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်သခင်၏ အမိန့်တစ်ခုအပေါ် အမလ်လုပ်ခွင့်ရရှိပါတယ်။
اَلثَّانِيَةُ: مُوَافَقَتُهٗ سُبْحَانَهٗ فِي الصَّلوٰةِ عَلَيْهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ.
(2)ဒရူးဒ်ရှရီးဖ် ဖတ်ရွတ်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်သခင်နှင့် တူညီတိုက်ဆိုင်မှုတစ်ခု ရရှိပါတယ်၊အကြောင်းက အလ္လာဟ်ရှင်ကိုယ်တိုင်လည်း တမန်တော်မြတ်(ﷺ)အပေါ် ဒရူးဒ်မေတ္တာ ချီးမြှင့်တော်မူလို့ပါ။
اَلثَّالِثَةُ: مُوَافَقَةُ مَلَائِكَتِهٖ فِيْهَا.
(3)ဒရူးဒ်ရှရီးဖ် ဖတ်ရွတ်ခြင်းအားဖြင့် မလာအိကဟ်တွေနဲ့လည်း တူညီတိုက်ဆိုင်မှုတစ်ခုရရှိပါတယ်။အကြောင်းက မလာအိကဟ်ကောင်းကင်တမန်တွေလည်း တမန်တော်မြတ်(ﷺ)အပေါ် ဆုတောင်းမေတ္တာပို့သ ကြလို့ပါ။
اَلرَّابِعَةُ: حُصُولُ عَشْرِ صَلَوَاتٍ مِّنَ اللهِ عَلَى الْمُصَلِّيْ عَلَیْہٖ مَرَّةً.
(4)ဒရူးဒ်ရှရီးဖ် တစ်ကြိမ်ဖတ်ရွတ်သူအပေါ် အလ္လာဟ်အရှင်မြတ်သခင်ဘက်တော်မှ ရဟ်မသ်ဂရုဏာ(၁၀)ကြိမ် ချီးမြှင့်တော်မူပါတယ်။
اَلْخَامِسَةُ: أَنَّهٗ يُرْفَعُ لَہٗ عَشْرُ دَرَجَاتٍ.
(5)ရွတ်ဖတ်သူကို အဆင့်အတန်း ဆယ်ခု မြှင့်တင်ပေးတော်မူတယ်။
اَلسَّادِسَةُ: أَنَّهٗ يُكْتَبُ لَهُ عَشْرُ حَسَنَاتٍ.
(6)ကောင်းခြင်း ဆယ်ခု ရေးမှတ်ပေးခြင်းခံရတယ်။
اَلسَّابِعَةُ: أَنَّهٗ يُمْحٰى عَنْهُ عَشْرُ سَيِّئَاتٍ.
(7)ဂုနဟ်အကုသိုလ် ဆယ်ခု ခွင့်လွှတ်ပေးခြင်းခံရတယ်။
اَلثَّامِنَةُ: أَنَّهٗ يُرْجٰى إِجَابَةُ دُعَائِهِ إِذَا قَدَّمَهَا أَمَامَهٗ.
(8)ဒိုအာမတောင်းခင်အလျင် ဒရူးဒ်ရှရီးဖ်ဖတ်ရွတ်ခြင်းအားဖြင့် ဒိုအာကဗူလ်ပြုလက်ခံခြင်း ခံရနိုင်ခြေများသွားတယ်။
اَلتَّاسِعَةُ: أَنَّهَا سَبَبٌ لِّشِفَاعَتِهٖ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِذَا قَرَنَهَا بِسُؤَالِ الْوَسِيْلَة لَهُ أَوْ أَفْرَدَهَا.
(9)အဇာန်ပြီးနောက်ရွတ်ဆိုရသည့် ဒိုအာနှင့်အတူ ဒရူးဒ်ရှရီးဖ် ရွတ်ဖတ်မည် သို့မဟုတ်က အဇာန်၏ဒိုအာရွတ်ဆိုးပြီးနောက် သီးသန့် ဒရူးဒ်ရှရီးဖ်ရွတ်ဖတ်မည်ဆိုပါက ကိယာမသ်နေ့၌ တမန်တော်မြတ်(ﷺ)၏ ရှဖာအသ်ကြားဝင်အသနားခံပေးခြင်းကို ရရှိမည်။
اَلْعَاشِرَةُ: أَنَّهَا سَبَبٌ لِّغُفْرَانِ الذُّنُوْبِ.
(10)ဒရူးဒ်ရှရီးဖ်သည် ဂုနာဟ်များခွင့်လွှတ်ခြင်းခံရသည့် အကြောင်းခံဖြစ်မည်။
اَلْحَادِيَةَ عَشَرَة: أَنَّهَا سَبَبٌ لِّكِفَايَةِ اللهِ الْعَبْدَ مَآ أَهَمَّهٗ.
(11)ဗန်ဒဟ်၏လိုအပ်ချက်များအတွက် အလ္လာဟ်ကိုယ်တိုင် တာဝန်ယူပေးသူဖြစ်သွားမည်။
اَلثَّانِيَةَ عَشَرَةَ: أَنَّهَا سَبَبٌ لِّقُرْبِ الْعَبْدِ مِنْهُ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَوْمَ الْقِيَامَۃِ.
(12)ကိယာမသ် ကမ္ဘာ့တရားခွင်နေ့၌ တမန်တော်မြတ် နှင့် နီးကပ်ခွင့်ရရှိမည့် အကြောင်းခံဖြစ်မည်။
اَلثَّالِثَةَ عَشَرَةَ: أَنَّهَا تَقُوْمُ مَقَامَ الصَّدَقَةِ لِذِي الْعُسْرَةِ.
(13)သူဆင်းရဲများရွတ်ဖတ်မည်ဆိုပါက ဆွဒ်ကဟ်အလှူဒါနပြုသကဲ့သို့ အကျိုးစဝါးဗ်ရရှိစေမည်။
اَلرَّابِعَةَ عَشَرَةَ: أَنَّهَا سَبَبٌ لِّقَضَاءِ الْحَوَائِجِ.
(14)လိုအပ်ချက်များ ပြည့်ဝစေသည့် အကြောင်းခံဖြစ်မည်။
اَلْخَامِسَةَ عَشَرَةَ: أَنَّهَا سَبَبٌ لِّصَلوٰةِ اللهِ عَلَى الْمُصَلِّيْ وَصَلوٰةُ مَلٰئِكَتِهٖ عَلَيْهِ.
(15)ဒရူးဒ်ရှရီးဖ် ရွတ်ဖတ်သူအဖို့ အလ္လာဟ်အရှင်မြတ်သခင်၏ ရဟ်မသ်တော်နှင့်အတူ ဖရိရှ်သဟ်များဘက်မှ အလ္လာဟ်ရှင်မြတ်ထံတော်ပါး ရဟ်မသ်တော်၏ဒိုအာများပြုလုပ်ပေးခြင်းကို ရရှိမည်။
اَلسَّادِسَةَ عَشَرَةَ: أَنَّهَا زَكَاةٌ لِّلْمُصَلِّيْ وَطَهَارَةٌ لَّهُ.
(16)ဖတ်ရွတ်သူ၏ ခန္ဓာကိုယ် အတွင်းအပြင် သန့်စင်မှုရရှိစေသည့် အကြောင်းခံဖြစ်မည်။
اَلسَّابِعَةَ عَشَرَةَ: أَنَّهَا سَبَبٌ لِّتَبْشِيْرِ الْعَبْدِ بِالْجَنَّةِ قَبْلَ مَوْتِهٖ.
(17)မကွယ်လွန်ခင်အလျှင် ဂျန္နသ်၏သတင်းကောင်း ရရှိစေသည့်အကြောင်းခံ ဖြစ်မည်။
اَلثَّامِنَةَ عَشَرَةَ: أَنَّهَا سَبَبٌ لِّلنِّجَاةِ مِنْ أَهْوَالِ يَوْمِ الْقِيَامَةِ.
(18)ကိယာမသ် ကမ္ဘာ့တရားခွင်နေ့၏ အနိဌာရုံ များမှ လုံခြုံမှု ရရှိစေသည့် အကြောင်းခံဖြစ်မည်။
اَلتَّاسِعَةَ عَشَرَةَ: أَنَّهَا سَبَبٌ لِّرَدِّ النَّبِيِّ صَلَّى اللهُ تَعَالیٰ عَلَيْهِ وَسَلَّمَ الصَّلَاةَ وَالسَّلَامَ عَلَى الْمُصَلِّيْ وَالْمُسَلِّمِ عَلَيْهِ.
(19)တမန်တော်မြတ် အပေါ် ဒရူးဒ်ရှရီးဖ်ပို့သသူအား တမန်တော်ဘက်မှလည်း လက်ဆောင်ဒိုအာ ပြန်လည်ချီးမြှင့်တော်မူလေ့ရှိသည်၊ဤသို့ဖြင့် တမန်တော်၏ ဒိုအာလက်ဆောင်ကို ရယူခံစားခွင့်ရသည့် ပုဂ္ဂိုလ်ထူး ဖြစ်မည်။
اَلْعشْرُوْنَ: أَنَّهَا سَبَبٌ لِّتَذَكُّرِ الْعَبْدِ مَا نَسِيَهٗ.
(20)မေ့လျော့နေသောအရာများကို သတိတရ ရှိစေသည့် အကြောင်းခံဖြစ်မည်။
ဆက်ပါဦးမည်....
✍Paing Soe Oo
0 تعليقات