Ad Code

Assalamualikum

ဂျန္နသ်မှာရှိတဲ့ ဟူရ်ကညာပျိုတွေက ဘယ် လောက်လှပကြသလဲဆိုတာ အသင်တို့ သိပါသလား။


ဂျန္နသ်မှာရှိတဲ့ ဟူရ်ကညာပျိုတွေက ဘယ် လောက်လှပကြသလဲဆိုတာ အသင်တို့ သိပါသလား။

လက်မကနေ လက်မောင်းအထိ
( ဇအ်ဖရားန် ) အမွေးရည်တစ်မျိုး

ဒူးခေါင်းကနေ ရင်ဘတ်အထိ(ကတိုးနံသာ)  

ရင်ဘတ်ကနေ လည်ပင်းအထိ 
( ငါးကြီးအန်ဖက် ) အမွေးရည်တစ်မျိုး

လည်ပင်းကနေ ဦးခေါင်းအထိ ( ကာဖူးရ် )
 အမွေးရည်အစရှိတဲ့ အမွေးနံသာ ( 4 ) မျိုးနဲ့ ဖန်ဆင်းထားတယ်။

ပြီးတော့ ဟူရ်ကညာပျိုတွေရဲ့အရပ်မောင်း ကပေပေါင်း ( 130 ) ရှိတယ်။

ဆံပင်မွေးတွေကာ ဦးခေါင်းကနေ ခြေမျက် စိအထိရေတံခွန်ကဲ့သို့ စီးဆင်းနေလိမ့်မယ်။

ပြီးတော့ အဲ့ဒီဆံပင်ထဲမှာ ပုလဲလုံးတွေ စိန်တွေကို ပန်ဆင်ထားကြတယ် ။

ပြီးတော့ အဲ့ဒီဆံပင်ကို မယူဖို့ အစေခံတွေ သီးသန့်ရှိနေလိမ့်မယ်။

ဦးခေါင်းကို တစ်ချက်ခါရမ်းလိုက်ရင် ဆံနွ ယ်တွေကာ လည်ပတ်ပြီး ဂျန္နသ်တစ်ခုလုံး လျှပ်စီးလက်သလိုမျိုးလင်းကနဲ လင်းကနဲဖြစ်သွားလိမ့်မယ်။

တစ်ချက်ပြုံးလိုက်ရင် သွားတွေကနေ ဂျန္နသ်တစ်ခုလုံး လင်းဝင်းသွားစေမဲ့ အလင်း ရောင်တွေထွက်ပေါ်လာလိမ့်မယ်။

မိမိခင်ပွန်းသည်တွေအတွက်ခြေလှမ်းတိုင်း ခြေလှန်းတိုင်းမှာ အမျိုးစားပေါင်းတစ်သိ န်းစီ လှပမူကို ပြသနေလိမ့်မယ်။

ဂျန္နသ်သီတွေကို ဟူရ်ကညာပျိုများနဲ့ ရင်ခြင်းအပ်လိုက်မယ်။

ပြီးနောက် တမန်တော်မြတ်ﷺ က အသင်တို့ကို ဘယ်လိုလက်တွေနဲ့ လည်ပင်းကိုသိုင်းဖက်ခြင်းခံရမလဲသိကြလားဟု ဆွဟာဗဟ်တွေကို မေးတယ်။

အသင်တို့သဘောပေါက်နားလည်ကြပါသလား။အသင်တို့ကို မည်သည့်လက်တွေဖြင့် သိုင်းဖက်နေကြသလဲဆိုတာ....

အကယ်၍သာ ထိုလက်များအနက်မှ လက် ချောင်းတစ်ချောင်းကို  ပြည့်ဝစွာလင်းဝင်းတောက်ပနေတဲ့ နေမင်းရဲ့အရှေ့မှာ ထားလိုက်မယ်ဆိုရင်  နေမင်းကြီးရဲ့ အလင်း ရောင်ဟာ ငုပ်လျိှုးကွယ်ပျောက်သွားမှာဖြစ်တယ်။

အကယ်၍ ဂျန္နသ်ရှိ အမျိုးသမီးတွေက ပင် လယ်ပြင်ကြီး ခုနှစ်စင်းမှာတံတွေးတစ်စက်ချလိုက်လျှင် ပင်လယ်ရေတွေက ပျားရည်ထက် ပိုပြီးချိုသွားမှာ ဖြစ်တယ်။

ဆိုတော့ အီမာန့်ရှင်အမျိုးသမီးတွေကာ ဘယ်အဆင့်ကို ရောက်သွားကြပြီးလဲ😊😊

စိတ်ဓာတ်မကျလိုက်ပါနဲ့။

ဟဒီးဆ်တော်တစ်ပုဒ်မှာ လာရှိတယ်။
 အီမာန်ရှင်အမျိုးသမီးတွေကာ ဟူရ်ကညာပျိုတွေထက်ကို အဆပေါင်းခုနှစ်သောင်းလောက် လှပနေလိမ့်မယ်တ့ဲ။

ဂျန္နသ်မှာ ဟူရ်ကညာပျိုတွေနဲ့ အီမာန့်ရှင်အမျိုးသမီးတွေနဲ့ စကားနိုင်လုကြမယ်။

ဟူရ်ကညာပျိုတွေက ပြောမယ်....
( 1 ) ကျွန်မတို့သည် ဘယ်တော့မှ သေခြင်းတရားမရှိပဲ အမြဲထာဝရ နေကြမဲ့သူတွေဖြစ်တယ်။

( 2 )  ကျွန်မတို့သည် ဘယ်တော့မှ အိုမင်းရင့်ရော်မူ့မရှိပဲ အမြဲတန်းနုပျိုလျက်ရှိနေကြမှာဖြစ်တယ်။

( 3 )  ကျွန်မတို့သည် ဘယ်တော့မှ ပြတ်သနာစကားများရန်မဖြစ်ကြပဲ အမြဲတန်း ပျော်ရွှင်စွာနဲ့ နေကြရမှာဖြစ်တယ်။

( 4 )  ကျွန်မတို့သည် ဘယ်တော့မှ ခွဲခွာမူမရှိပဲ  အမြဲတမ်း အတူတစ်ကွ နေထိုင်ကြရမှာဖြစ်တယ်။

ဒီအချက်လေးချက်ကာ  အီမာန့်ရှင် အမျိုး သမီးတွေမှာ မရှိဘူး။

ထိုအခါ အီမာန့်ရှင်အမျိုးသမီးတွေလည်း
  အားကျမခံပြန်လည်ချေပကြမယ်။

( 1 ) ကျွန်မတို့သည် စဂျ်ဒဟ်လုပ်ခွင့်ရကြတယ်။အသင်မတို့ကစဂျ်ဒဟ်လုပ်ရခြင်းက နေ လက်မဲ့ဖြစ်ခဲ့ကြတယ်။

( 2 )  ကျွန်မတို့သည် ရိုဇဟ်ထားခွင့်ကိုရကြတယ်။ အသင်မတို့သည်ရိုဇဟ်ထားခြင်းက နေ လက်မဲ့ဖြစ်ခဲ့ရတယ်။

( 3 )  ကျွန်မတို့သည် အလှူလုပ်ခွင့်ရရှိကြတယ်။ အသင်မတို့ ထိုအရာမှ လက်မဲ့ဖြစ်ခဲ့ကြတယ်။

( 4.) ကျွန်မတို့သည် ဝူဇူလုပ်ခွင့်ကိုရရှိခဲ့ကြ တယ်။ အသင်မတို့သည် ထိုအရာမှ လက်မဲ့ ဖြစ်ခဲ့ကြတယ်။

ဟဇ်ရသ်အာအေရှာဟ်သခင်မက အမိန့်ရှိတယ်။
ထိုအချက် လေးချက်ကြောင့် အီမာန့်ရှင်အမျိုးသမီးတွေကာ ဟူရ်ကညာပျိုတွေကို အနိုင်ရရှိသွားမယ်တ့ဲ။

မူရင်းပို့စ်ရှင်ကို #crd
မျှဝေသူ #subahfiza


 

إرسال تعليق

0 تعليقات

Close Menu