ဖရပ်ဇ်နမာဇ်ဖတ်ပြီးတိုင်း စူရဟ် ကုရိုက်(ရှ်) سورة قريش ကို (၇)ကြိမ် ဖတ်ပေးပါက အင်န်ရှာအလ္လာဟ် ဟလာလ်ရိုဇီရရှိပြီး စီးပွားရေးမှာ၊ ရိုဇီမှာ၊ စျေးအရောင်းအဝယ်မှာ ဗရ်ကသ်ရရှိသွားပါလိမ့်မည်။
သားစဥ်မြေးဆက် တစ်သက်လုံး အငတ်ဘေးဒုက္ခမှ ကင်းဝေးစေမည့်အမလ်
سورة قريش
Surah Al Quraish စူရဟ် ကုရိုက်(ရှ်)
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ الرَّحْمَٰنُ
لِاِيۡلٰفِ قُرَيۡشٍۙ﴿۱﴾ اٖلٰفِهِمۡ رِحۡلَةَ الشِّتَآءِ وَالصَّيۡفِۚ﴿۲﴾ فَلۡيَعۡبُدُوۡا رَبَّ هٰذَا الۡبَيۡتِۙ﴿۳﴾ الَّذِىۡۤ اَطۡعَمَهُمۡ مِّنۡ جُوۡعٍ ۙ وَّاٰمَنَهُمۡ مِّنۡ خَوۡفٍ﴿۴﴾
အင်န်ရှာအလ္လာဟ် အကြင်သူဟာ ဖရပ်ဇ်နမာဇ်အပါအဝင် စွန္နသ်၊ နဖိလ်နမာဇ်များအားလုံးဖတ်ပြီးချိန် စူရဟ် ကုရိုက်(ရှ်) လိအီးလားဖိ ကုရိုင်းရှီန် ကို (၇)ကြိမ် အမြဲ ရွတ်ဖတ်မယ်ဆိုရင် ထိုသူအပါအဝင် ထိုသူရဲ့သားစဥ်မြေးဆက် ဘယ်တော့မှ အငတ်ဘေးဒုက္ခနဲ့ ကြုံကြိုက်မှာ မဟုတ်တော့ဘူး။
အင်န်ရှာအလ္လာဟ် ယကီးန်ယုံကြည်ချက်အပြည့်ထားပြီး မိမိကိုယ်တိုင် အမလ်လုပ်ဖြစ်အောင် လုပ်ပါ။ အီမာန်ရှင်များကိုလည်း အမလ်လုပ်ဖြစ်အောင် ပြန်လည်ပြောပြပေးပါ။
ဆရာ အလ်ဟာဂျ် မော်လာနာ မုဖ်သီ အီစမာအိလ် ဆွာဟိဗ် (မိုးကျဗလီရှေ့ဆောင်အိမာမ်) WhatsApp သင်ခန်းစာ ဗယာန်အမလ်
والله اعلم بالصواب
0 تعليقات