Ad Code

Assalamualikum

စူရဟ် ကုရိုက်(ရှ်)


ဖရပ်ဇ်နမာဇ်ဖတ်ပြီးတိုင်း စူရဟ် ကုရိုက်(ရှ်) سورة قريش ကို (၇)ကြိမ် ဖတ်ပေးပါက အင်န်ရှာအလ္လာဟ် ဟလာလ်ရိုဇီရရှိပြီး စီးပွားရေးမှာ၊ ရိုဇီမှာ၊ စျေးအရောင်းအဝယ်မှာ ဗရ်ကသ်ရရှိသွားပါလိမ့်မည်။

သားစဥ်မြေးဆက် တစ်သက်လုံး အငတ်ဘေးဒုက္ခမှ ကင်းဝေး​စေမည့်အမလ်
سورة قريش
Surah Al Quraish စူရဟ် ကုရိုက်(‏ရှ်)
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ الرَّحْمَٰنُ
لِاِيۡلٰفِ قُرَيۡشٍۙ‏﴿۱﴾ اٖلٰفِهِمۡ رِحۡلَةَ الشِّتَآءِ وَالصَّيۡفِ‌ۚ‏﴿۲﴾ فَلۡيَعۡبُدُوۡا رَبَّ هٰذَا الۡبَيۡتِۙ‏﴿۳﴾ الَّذِىۡۤ اَطۡعَمَهُمۡ مِّنۡ جُوۡعٍ ۙ وَّاٰمَنَهُمۡ مِّنۡ خَوۡفٍ﴿۴﴾

အင်န်ရှာအလ္လာဟ် အကြင်သူဟာ ဖရပ်ဇ်နမာဇ်အပါအဝင် စွန္နသ်၊ နဖိလ်နမာဇ်များအားလုံးဖတ်ပြီးချိန် စူရဟ် ကုရိုက်(‏ရှ်) လိအီးလားဖိ ကုရိုင်းရှီန် ကို (၇)ကြိမ် အမြဲ ရွတ်ဖတ်မယ်ဆိုရင် ထိုသူအပါအဝင် ထိုသူရဲ့သားစဥ်မြေးဆက် ဘယ်တော့မှ အငတ်ဘေးဒုက္ခနဲ့ ကြုံကြိုက်မှာ မဟုတ်​​တော့ဘူး။

အင်န်ရှာအလ္လာဟ် ယကီးန်ယုံကြည်ချက်အပြည့်ထားပြီး မိမိကိုယ်တိုင် အမလ်လုပ်ဖြစ်အောင် လုပ်ပါ။ အီမာန်ရှင်များကိုလည်း အမလ်လုပ်ဖြစ်အောင် ပြန်လည်ပြောပြပေးပါ။
ဆရာ အလ်ဟာဂျ် မော်လာနာ မုဖ်သီ အီစမာအိလ် ဆွာဟိဗ် (မိုးကျဗလီရှေ့ဆောင်အိမာမ်) WhatsApp သင်ခန်းစာ ဗယာန်အမလ်
والله اعلم بالصواب

Post a Comment

0 Comments

Close Menu